Friday, 30 April 2010

အလုပ်ရမယ်လို့ခေါ်သွားပြီး ကလေးစစ်သားအဖြစ် တပ်ထဲသွင်း

RFA ၂၀၁၀-၀၄-၂၉
ရန်ကုန်တိုင်း တွံတေးမြို့နယ် အလယ်စုကျေးရွာမှ နေထိုင်တဲ့ ဦးစောသိန်း ဒေါ်ပေစီလာတို့ရဲ့ သားဖြစ်သူ အသက် ၁၇ နှစ်အရွယ် မောင်မျိုးဝေလျံအောင်ဟာ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့က ရန်ကုန်မြို့ လမင်း ရေသန့်စက်ရုံမှာ အလုပ်လုပ်ကိုင်နေရင်း ကလေးစစ်သားအဖြစ် စုဆောင်း သိမ်းသွင်းသွားတာ ခံခဲ့ရတယ်လို့ သိရပါတယ်။

အခု ပုသိမ်မြို့က လေ့ကျင်းရေးကျောင်းမှာ ရောက်နေပြီး ဆွေမျိုးအိမ်တအိမ်ကို ဖုန်းခိုးဆက်ပြီး အကြောင်းကြားလို့သိရတဲ့အကြောင်း မိခင်ဖြစ်သူက RFA ကို အခုလို ပြောပါတယ်။

လမင်း ရေသန့်စက်ရုံကနေပြီတော့ အလုပ်လုပ်နေရင်းနဲ့ အဲ့ဒီ သံချေင်း ဆိုတဲ့လူက အလုပ်ကောင်းမယ်၊ အလုပ်ပေးမယ်ဆိုပြီးတော့ ခေါ်သွားတာတဲ့၊ ပြီးတော့ ဒညင်းကုန်း ပို့လိုက်တယ်တဲ့။ ဒည်ငးကုန်းကနေပြီးတော့ ပုသိမ်၊ ပုသိမ်ကနေပြီးတော့မှ သုံးလမကုန်ခင် လေးက ဦးလေးဆီ ဖုန်းဆက်ပြီးတော့ အမိုးကိုပြောပေးပါ။ သာကို လာခေါ်ခိုင်းပါ ဆိုပြီးတော့ သူ ဖုန်းခိုးဆက်တာတဲ့။

ပုသိမ်အမှတ် ၆ လေ့ကျင့်ရေးတပ်ကို ရောက်နေတဲ့ သားဖြစ်သူကို ဧပြီလ ၉ ရက်နေ့က သွားတွေ့ခဲ့ရာမှာတော့ မောင်မျိုးဝေလျံအောင် ဟာ စစ်သင်တန်းတက်နေရပြီ သူ့ အသက် ၂၀ ပြည့်ပြီ ဖြစ်ပါတယ်ဆိုပြီး လက်မှတ်ထိုးခိုင်ထားတယ်လို့ မိခင်ဖြစ်သူက ဆက်ပြောပါ တယ်။

လောလောဆယ်မှာတော့ မောင်းမျိုးဝေလျံောအင် ပြန်လည် လွတ်မြောက်လာဖို့အတွက် အိုင်အယ်လ်အိုကို တိုင်ကြားဖို့ တွံတေးမြို့မှာ ရှိတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ကိစ္စတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့ချုပ်ကို အကူအညီ တောင်းခံထားတယ်လို့ သိရပါ တယ်။
...

0 comments: