Wednesday 24 February 2010

မြန်မာအလုပ်သမားတဦး သေနတ်ဖြင့် ပစ်သတ်ခံရ

၁၈၊ ဖေဖေါ်ဝါရီ ၂၀၁၀
ယမန်နေ့ ညပိုင်းက မြန်မာအလုပ်သမားတဦးကို အမည်မသိ သေနတ်သမားတဦးက အနီးကပ်ပစ်
ခတ်သတ်ဖြတ်သွားကြောင်း သိရပါတယ်။ သေဆုံးသွားသူ ကုလားဟာ စိုက်ပျိုးရေးအလုပ်သမားတဦး ဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်၊ ဖုတ်ဖရာ့မြို့နယ် (၄၈) ကီလိုမီိတာ တိုက်နယ်၊ (၂) လမ်းမှာ နေထိုင်သူ ဖြစ်ပါတယ်။ ကရင်လူမျိုးတဦးဖြစ်ပြီး ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာက လာရောက် လုပ်ကိုင် စားသောက်နေသူ ဖြစ်ပါတယ်။ ကုလားကို ဘယ်သူသတ်သွားတယ်ဆိုတာ ရှင်းလင်းစွာ မသိ ရပေမယ့် ထိုင်းလူမျိုးတဦးလို့ ထင်မြင်ကြောင်း ကုလားဟာ အနီးကပ်ပစ်ခတ်ခံရတာမို့ ဦးခေါင်းနောက် ဆက်ပွင့်သွားကြောင်း၊ ကိုးလုံးကျည်ဟု ယူဆကြောင်း မျက်မြင်တဦးက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ကုန်ပိုင်းက ဖုတ်ဖရာ့မြို့နယ် တောလမ်းတလျောက်မှာ မြန်မာ အလုပ်သမား (၉) ဦးကို သတ်ဖြတ်ခဲ့တဲ့အမှုမှာ ပါဝင်ပတ်သက်တဲ့ ထိုင်းလူမျိုး ရဲအရာခံဗိုလ် ဆုံချိုင်း ဟာ ၄၈ ကီလိုမီတာ ကျေးရွာအနီး ရဲဂိတ်မှာ တာဝန်ကျခဲ့သူ ဖြစ်ပါတယ်။ အဲဒီ ရဲအရာခံဗိုလ် ဆုံချိုင်း ဟာလည်း ပြီးခဲ့တဲ့ ဇန်န၀ါရီလထဲက မိမိကိုယ်ကို လုပ်ကြံသတ်ဖြတ်ပြီး သေခဲ့တယ်လို့ ထိုင်းသတင်း တွေက ဖော်ပြခဲ့ပါတယ်။

အဲဒီလို မိမိကိုယ်ကိုသတ်သေတဲ့ ထိုင်းရဲအရာရှိက မြန်မာအလုပ်သမား ၉ ဦးအပြင် ဖုတ်ဖရာ့မြို့နယ်က နေ ကန်ဖယ်ဖစ်မြို့နယ် (ဘန်ကောက်တက်လမ်း) တောလမ်းခရီး လျှိုမြောင်တွေထဲမှာ အရိုးစုတွေ ဆက်တိုက် တွေ့ရှိနေတာတွေဟာ သွေးရိုးသားရိုးမှ ဟုတ်ရဲ့လားဆိုတာ။ ကျနော်တို့ ဆက်လက်စုံစမ်း နေဆဲပါ ခင်ဗျား။
သတင်း…မြန်မာပြည်သား..။
...

0 comments: