Wednesday 24 February 2010

ဆိုင်ကယ်စီး မြန်မာနိုင်ငံသားလင်မယားအား ဆယ်ဘီးကားတိုက်

ဖေဖေါ်ဝါရီ၁၈၊ ကိုတီး(ရခိုင့်တံခွန်ဂျာနယ်)
ထိုင်းနိုင်ငံ အနောက်ဖက် ကန်ချနဘူရီမြို့တွင် မော်တော်ဆိုင်ကယ်စီနေသည့် မြန်မာလင်မယား ၂ ယောက်အား ကြံတင်သည့်ဆယ်ဘီးကားကြိတ်မိသဖြင့် လင်ဖြစ်သူ ပွဲချင်းပြီးသေဆုံးသွားပြီး ဇနီးဖြစ်သူ မှာ အရေးပေါ်လူနာအဖြစ်၎င်းမြို့ ဖ၀ုန်ဖုန်းဖယုတေန ဆေးရုံတွင် တင်ထားရသည်။ ဖေဖေါ်ဝါရီ ၁၆ ရက်နေ့ညည့် ၁၁ အချိန်ခန့်က့ ဆိုင်ကယ်စီးလာသော ကိုနိုင်လှနှင့် မနန်းအေးတို့ လင်မယား ၂ ယောက် အား ဆယ်ဘီးကားကတိုက်မိခဲ့ခြင်း ဖြစ်သည်။ သကြားစက်ရုံသို့ ကြံပင်များပို့ဆောင်ရန်လာစဉ် အဝေး ပြေးလမ်းမကြီးပေါ်တွင် အရှိန်ပြင်းစွာမောင်းနှင်လာစဉ် ဘရိတ်အုပ်မရတော့သဖြင့်၊ တိုက်မိကြောင်း ကားမောင်းသူအသက် ၅၉ နှစ်အရွယ် နိုင်ချာအင်နလွန်က၊ ရဲစခန်းတွင် ထွက်ဆိုထားသည်။ အရေးပေါ် အတွင်းလူနာအဖြစ် ဆေးရုံတင်ထားရသူ မနန်းအေးမှာလည်း အခြေအနေမကောင်းကြောင်း ထိုင်းရပ် သတင်းတွင် ဖေါ်ပြထားသည်။ သေဆုံးသူ နိုင်လှ အသက် ၃၂ နှစ်ရှိသူဖြစ်ပြီး မနန်အေးမှာ အသက် ၂၇ နှစ်အရွယ်ရှိသည့် မြန်မာအလုပ်သမားများ ဖြစ်ကြသည်။ မြန်မာနိုင်ငံ မည်သည့်အရပ်ဒေသကဟူ၍ သတင်းစာတွင် ရေးသားထားခြင်းမရှိသည့်အပြင် ဆေးရုံကိုဖုန်းဆက်မေးမြန်းခဲ့သော်လည်း တိကျစွာ မ သိရှိခဲ့ရပါ။ တိုက်မိသောကားနှင့် ကားမောင်းသူတို့အား ရဲစခန်းတွင် ထိမ်းသိမ်းထားကြောင်း သိရှိရ သည်။
ပေးပို့သူ… ဦးကျော်သောင်း(ဘန်ကောက်)
...

0 comments: