Friday 26 February 2010

ထိုင်းလုံခြုံရေး ပစ်ခတ်မှု မြန်မာ သုံးဦးသေဆုံး

ဘီဘီစီ ၂၅ ဖေဖော်ဝါရီလ ၂၀၁၀
ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ ကားတစင်းကို ရနောင်းခရိုင် ဘန့်ဆာလာအရပ်မှာ ထိုင်း နယ်မြေခံလုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့တဲ့အတွက် ကလေးနှစ်ဦးအပါအဝင် လူသုံးဦးသေဆုံးပြီး နောက်ထပ် ၅ ဦး ဒဏ်ရာရသွားပါတယ်။

စစ်ဆေးရေးဂိတ်မှာ ရပ်ခိုင်းပေမယ့် ရပ်မပေးတာကြောင့် ပစ်ခတ်တာဖြစ်တယ်လို့ ထိုင်းလုံခြုံရေးတပ်နဲ့ နီးစပ်သူက ဘီဘီစီကို ပြောပါတယ်။

သေဆုံးသူ ကလေးနှစ်ဦးဟာ လေးနှစ်အောက် အရွယ်တွေဖြစ်ပြီး နောက်တဦးကလည်း လူငယ်တဦး ဖြစ်ပါတယ်။

ထိုင်းကားမောင်သူတဦးက တရားမဝင် နိုင်ငံဖြတ်ကူးဖို့ကြိုးစားတဲ့ မြန်မာ ၁၅ ဦးကို တင်ဆောင်ပြီး စစ် ဆေးရေးဂိတ်ကို ဖြတ်ကျော်ဖို့ ကြိုးစားခဲ့တာလို့ ဆိုပါတယ်။

ဒဏ်ရာရသူ ငါးဦးကို ရနောင်းဆေးရုံမှာ တင်ထားရပြီး၊ ကျန် ၇ ဦးကတော့ ထိခိုက်မှု မရှိဘဲ ရနောင်းမြို့ ရဲအချုပ်ခန်းမှာ ဖမ်းဆီးထားပါတယ်။

သူတို့ကို တရားမဝင် နိုင်ငံဖြတ်ကျော်မှုနဲ့ အရေးယူမှာဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်
...

0 comments: