တရုတ်-မြန်မာနယ်စပ်၊ ကျယ်ဂေါင်-မူဆယ် နယ်စပ်ဂိတ်တံခါးကို တရုတ်မြို့ ကျယ်ဂေါင်ဖက်မှနေ၍ မြင် ရပုံ (Photo: AFP)
RFA .. 2010-01-15
မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို လူပွဲစားတွေကတဆင့် ရောင်းစားခံထားရပြီး ကျန်းဖုန်းဒေသမှာ ဖမ်း ဆီးခံခဲ့ရတဲ့ မြန်မာအမျိုးသမီး ၃၃ ယောက်ကို ဇန်နဝါရီလ ၁၂ ရက်နေ့ အင်္ဂါနေ့က တရုတ်မြန်မာ နယ် စပ်မြို့ဖြစ်တဲ့ လွယ်ကျယ်မြို့ရဲ့နှစ်နိုင်ငံနယ်စပ်ဂိတ်ကနေတဆင့် တရုတ်အာဏာပိုင်တွေက လွှဲပြောင်း ပေးခဲ့တယ်လို့ သိရပါတယ်။
အဲဒီလို လွှဲပြောင်းတဲ့အချိန်မှာ တရုတ်အာဏာပိုင်တွေက လူကုန်ကူးခံရသူ အမျိုးသမီးတွေကို ကိုယ်ထိ လက်ရောက်ရိုက်နှက်တာတွေ လုပ်ခဲ့တာရှိတယ်လို့ တရုတ်မြန်မာနယ်စပ်မှာရှိတဲ့ ဦးအောင်ကျော်ဇော က RFA ကို ပြောပါတယ်။
ဦးအောင်ကျော်ဇော .. “လွယ်ကျယ် ဂိတ်ပေါက်ကနေပြီးတော့ သူက မောင်းထုတ် လိုက်တာ၊ တရားဝင် လဝက အဖွဲ့ကို အပ်တာလည်း မဟုတ်ဘူး သူကရိုက်နှက်ပြီး မောင်းပို့လွှတ်တာ၊ သူတို့ ကယ်တင်ပြီး တော့ ပြန်လွှတ်တာကိုပဲ ကျေးဇူးတင်ရမယ် ဒါပေမဲ့ သူတို့ လုပ်နည်းလုပ်ပုံက နည်းလမ်းတကျပေါ့ဗျာ မူ လရှိတဲ့ လူမှောင်ခို ကုန်ကူးသန်းရောင်းဝယ်မှုရဲ့အခြေခံ အပြန်အလှန်မူတွေပေါ်က လုပ်တာမဟုတ်ပဲနဲ့ ကျနော်တို့ဖက်ကပဲ လွန်လွန်ကျူးကျူးသွားပြီးတော့ ဝင်နေသလိုလို ဘာလိုလိုမျိုးတွေဆောင်တယ်”။
တရုတ် အာဏာပိုင်တွေက တရုတ်နှစ်သစ်ကူးကာလ နီးကပ်လာတိုင်း ဒါမျိုး လုပ်လေ့ရှိတယ်လို့ ဆိုပါ တယ်။ အလားတူ ပြီးခဲ့တဲ့ တပတ်လောက်ကလည်း တခြား မြန်မာအမျိုးသမီး ၁၁ ဦးကို တရားဝင်မ ဟုတ်ပဲ တရုတ်အာဏာပိုင်တွေက ပြန်ပို့ခဲ့သေးတယ်လို့လည်း ဦးအောင်ကျော်ဇော်ကပဲ ဆက်ပြောပါ တယ်။
မြန်မာနိုင်ငံတွင်းကနေ လူပွဲစားတွေကတဆင့် တရုတ်နိုင်ငံကို ရောင်းစားခံနေရတဲ့ အမျိုးသမီးတွေဟာ အခုနှစ်ပိုင်းအတွင်း ပိုမိုများပြားလာသလို ဒါဟာမြန်မာပြည်မှာ စီးပွားရေးကျပ်တည်းမှုတွေကြောင့် ဖြစ် တယ်လို့ ဦးအောင်ကျော်ဇော က သုံးသပ်ပြောဆိုပါတယ်။
ဦးအောင်ကျော်ဇော .. “ကျနော်တို့ သိသလောက်ပေါ့၊ ကွမ်တုံက ခရိုင်တခုထဲမှာကိုး အနီးအနားက မြို့ နယ်တဝိုက်မှာ ဆိုလို့ရှိရင် ကျေးလက်တွေမှာ စုစုပေါင်း မြန်မာပြည်က အမျိုးသမီး ရှစ်ရာကျော်လောက် ရှိတယ်၊ ဒါက ကွမ်တုံ ပြည်နယ် တခုထဲမှာ ခရိုင်တခုထဲမှာတွေ့တာ၊ အထူးသဖြင့် နယ်စပ်ဒေသမှာရှိတဲ့ ကချင်တို့ ရှမ်းတို့ ဝ တို့ကတော့ အများကြီးပဲဗျ။ အဲ့ဒါ ပြောမယ်ဆိုရင် ဟိုတုန်းကထက်စာရင် နည်းနည်း များလာတာပေါ့ဗျား၊ ဟိုတုန်းကတော့ ဒီလောက်မများဘူး၊ အဓိကတော့ ကျနော်တို့ ပြည်တွင်းမှာ လူ တွေ စီးပွားရေး ကျပ်တည်းကြတယ်ဆိုတာ နေထိုင်မှုဘဝ အင်မတန် ဆင်းရဲကြတော့ ပိုပိုပြီး ဆင်းရဲလာ ကြတယ်၊ တရုတ်ပြည်မှာက နေထိုင်မှုဘဝက နည်းနည်း ပိုပိုပြီးမြင့်လာကြတာ အဲ့ဒါလည်းပါတယ်”။
၂ဝဝ၉ ခုနှစ်အတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေး စီမံချက်အရ ပြည်ပနိုင်ငံတွေကနေ မြန်မာနိုင်ငံကို လွှဲ ပြောင်းပေးခဲ့သူပေါင်း ၄၃၁ ဦးအနက် တရုတ်နိုင်ငံက လွှဲပြောင်းပေးခဲ့သူ ၂၉၃ ဦးရှိခဲ့ပြီး ၆၂ ဦးဟာ အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ်တွေ ဖြစ်ကြတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က အဆင့်မြင့်အရာ ရှိတဦးကို ကိုးကားပြီး ပြည်တွင်းထုတ် Weekly Eleven ဂျာနယ်က ဖော်ပြထားပါတယ်။
...
0 comments:
Post a Comment