Tuesday 19 January 2010

မြန်မာသို့ ပြန်ပို့မည့် သတင်းကြောင့် အရွယ်မရောက်သူ ဒုက္ခသည် အမျိုးသမီးငယ်များ လက်ထပ်မှု တိုးမြင့်လာ

1/10/2010 မောင်အေး(နိရဉ္စရာ)
မြန်မာနိုင်ငံသို့ ပြန်ပို့မည့် သတင်းကြောင့် ဘင်္ဂလာဒေ့ခ်ျရှိ မြန်မာ မူဆလင် ဒုက္ခသည် စခန်းများတွင် နေထိုင်သည့် အသက်မပြည့်သူ အမျိုးသမီးငယ်များ၏ လက်ထပ်မှုနှုန်းမှာ အထူးတိုးပွားလာသည်ဟု နာ မည်ကြီး ဘင်္ဂလီသတင်းစာ ပြော်ထင့်အာလောင်က ယနေ့တွင် ရေးသားဖေါ်ပြသည်။

အဆိုပါ သတင်းစာက ကော့ဘဇားခရိုင် ကောတော့ပလောင် ဒုက္ခသည်စခန်း တခုတည်းတွင်းပင် လွန် ခဲ့သောရက်အနည်းငယ် အတွင်း အသက် ၁၂ နှစ်မှ ၁၅ နှစ် အကြားရှိ အသက်ငယ်ရွယ်သူ ရိုဟင်ဂျာ မိန်းခလေး ၂၅ ဦးခန့်သည် ဘင်္ဂလာဒေခ်ျ့ အမျိုးသားများကို လက်ထပ်ခဲ့သည်ဟု ဖေါ်ပြသည်။

“အခုလို ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားတွေနဲ့ အိမ်ထောင်ပြုပေးလိုက်ရင် သူတို့ အနေနဲ့ နေစရာအိမ်ရှိ သွား မယ်။ ပူစရာမလိုတော့ဘူး။ မြန်မာနိုင်ငံကို ပြန်သွားစရာလည်း မလိုတော့ဘူး။ မိဘတွေ ပြန်သွားရရင် တောင် သမီးတွေအတွက် စိတ်အေးရတဲ့သဘောနဲ့ ခုလို အ သက်မပြည့်ပေမယ့် လင်ပေးစားတာ ဖြစ်ပါ တယ်” ဟု စခန်းတွင်းမှ အဘဒူလ် မာဘူလ်ကို ကိုးကားပြီး သတင်းစာက ဖေါ်ပြသည်။
မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံအကြား ဒုက္ခသည် ၉ဝဝဝ ကို ဘင်္ဂလာချေ့်မှ ပြန်ပို့ရန် သဘောတူညီပြီး နောက် အများစု ဒုက္ခသည်များမှာ မြန်မာနိုင်ငံသို့ အတင်းပြန်ပို့ခံရမည်ကို စိုးရိမ်နေကြသည်။

သို့အတွက် ကောတော့ပလောင်စခန်းရှိ မူဆလင် ဒုက္ခသည်များမှာ စခန်းတွင်းမှ ထွက်ပြေးတိမ်းရှောင်မှု များ ပေါ်ပေါက်ခဲ့သည်။

အဆိုပါ ပြော်ထင့်အာလောင် သတင်းစာပါ သတင်းနှင့်ပတ်သက်ပြီး စခန်းတွင်းတွင်နေထိုင်သူ ကျောင်း ဆရာ တဦးကိုမေးကြည့်ရာ သူက ယခုကဲ့သို့ ပြောသည်။

“ဒီကိစ္စတော့ ကျွန်တော် မကြားရသေးပါဘူး။ အယင်တော့ အသက်မပြည့်ပေမဲ့ လက်ထပ်တာတွေရှိခဲ့ တယ်။ အခုတော့ မရှိသလောက် ဖြစ်သွားပါပြီ။ အခု လက်ထပ်မယ်ဆိုရင် စခန်းတွင်းက စခန်းမှူးကို လက်ထပ်ခွင့် တင်ပြရတယ်။ လက်ထပ်ခွင့်ပြုပြီးမှ လက်ထပ်ရတာပါ။ ဒါပေမယ့် အသေးစိတ် လေ့လာ ကြည့်ပါအုံးမယ်”

ယခင်က ဘင်္ဂလာဒေခ်ျ့ အစိုးရမှ ဒုက္ခသည်များကို မြန်မာနိုင်ငံသို့ အတင်းပြန်ပိုခဲ့သော သာဓက ရှိသ ဖြင့် ကော့တော့ပလောင် ဒုက္ခသည်စခန်းမှ ဒုက္ခသည်များ ရာနှင့်ချီပြီး စခန်းအနီးရှိ တောများတွင် ပုန်း အောင်းနေကြသဖြင့် အခြေအနေမှန်ကို မသိရှိရသေးကြောင်း သူက ပြောသည်။
မြန်မာနိုင်ငံမှ မူဆလင်များကို ပြန်ပို့မည့် သတင်းကြောင့် လွန်ခဲ့သည့် တပတ်အတွင်း အိုခီးယားမြို့နယ် ရှိ ကောတော့ပါလောင် ဒုက္ခသည်စခန်း၊ တက်ကနက်မြို့နယ် နာယာပါရာ ဒုက္ခသည်စခန်းနှင့် ဒုက္ခ သည်စခန်း အနီးအနားတဝိုက်တွင် နေထိုင်သူ အရွယ်မရောက်သူ မူဆလင် အမျိုးသမီးငယ် ၅ဝ ကျော် ဘင်္ဂလီများနှင့် လက်ထပ်ခဲ့ကြောင်း သတင်းစာက ဖေါ်ပြသည်။

ထိုသို့ လက်ထပ်ရန်အတွက် သမီးရှင် မိဘများက သတိုးသား ယောင်္ကျားများကို တာကာငွေ ၂ဝဝဝဝ မှ ၅ဝဝဝဝ ထိ လက်ဖွဲ့ငွေ ပေးခဲ့ရသည်ဟု ကောတော့ပလောင် ဒုက္ခသည်စခန်းမှ မြန်မာမူဆလင်တဦးဖြစ် သူ အာလင်ဂီ အပြောကိုကိုးကားပြီး သတင်းစာက ရေးသားဖေါ်ပြသည်။

Photo by: http://www.flickr.com/photos/austcare/2777409580/

....

0 comments: