A child soldier wearing a Burmese army uniform (Photo: Yuzo/The Irrawaddy) RFA 2010-01-26မကွေးတိုင်း တောင်တွင်းကြီးမြို့ အောင်ဇေယျာကွက်သစ်မှာ နေထိုင်တဲ့ အသက် ၁၄ နှစ် အရွယ် မောင်ကျော်မင်းထွန်းနဲ့ ကိုဖြိုး ဆိုသူ ဆယ်တန်းကျောင်းသားနှစ်ဦးကို တပ်မ (၈၃) က စစ်သားတဦးက ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ခေါ်ဆောင်သွားပြီး စစ်သားသစ်အဖြစ် စုဆောင်းခဲ့တယ်လို့
RFA က စုံစမ်း သိရှိရပါတယ်။
စစ်ထဲကို သွင်းခဲ့တဲ့ တပ်သား နိုင်ဝင်းဟာ တရပ်ကွက်တည်း အတူနေဖြစ်ပြီး အိမ်နီးနားချင်းဖြစ်တဲ့ က လေးနှစ်ယောက်ကို မိဘတွေကွယ်ရာမှာ နှစ်ကြိမ်ထက်မနည်း စစ်တပ်ထဲဝင်ဖို့ စည်းရုံး ခဲ့တယ်လို့လည်း မိသားစုက ပြောပါတယ်။ နောက်ဆုံးအကြိမ်မှာတော့ မိခင် ဈေးရောင်းသွားနေတုန်း သားဖြစ်သူ မောင် ကျော်မင်းထွန်းနဲ့ ကိုဖြိုးတို့ကို အရက်တိုက်ပြီး ခေါ်သွားတာ ဖြစ်တယ်လို့ မောင်ကျော်မင်းထွန်းရဲ့ မိခင် ဒေါ်စန္ဒာဝင်းက ပြောပါတယ်။
တောင်တွင်းကြီးမြို့နဲ့ ၃၆ မိုင် အကွာမှာ ရှိတဲ့ မိချောင်းရဲတပ်ကိုသွားပြီး စုံစမ်းခဲ့ပေမဲ့ တွေ့ခွင့်မရခဲ့ဘူး လို့ သိရပါတယ်။ ဒါပေမဲ့ သားဖြစ်သူ မောင်ကျော်မင်းထွန်းနဲ့အတူ ခေါ်သွားတဲ့ ကိုဖြိုး ကတော့ ကျပ်ငွေ လေးသောင်းပေးပြီး ပြန်ေ႟ရွးခဲ့တဲ့တွက် ဇန်နဝါရီလ ၂၅ ရက်နေ့ မနက်ပိုင်းမှာ ပြန်လွတ်လာတဲ့ အ ကြောင်း ဒေါ်စန္ဒာဝင်းက ပြောပြပါတယ်။
ဒေါ်စန္ဒာဝင်း။ ။ “ကျမ တမြန်မနေ့က သိတဲ့အခါကျတော့ တပ်မ (၈၃) ထဲမှာ ဆိုတော့ ကျမ လိုက် တယ်။ လိုက်တဲ့အခါကျတော့ ဂိတ်စောင့် စစ်သားတွေနဲ့ တွေ့ပါတယ်ရှင့်။ ကျမကို ငေါက်ငမ်းပြီး ပြန် လွှတ်ပါတယ်ရှင့်။ တွေ့ခွင့်မပေးပါဘူး။ နှစ်ယောက်ဖမ်းသွားတဲ့ ဥစ္စာကို အခု ပြန်လွှတ်လိုက်တယ်။ ပြန် လွှတ်လိုက်တဲ့ ကလေးကကျတော့ သူ့နာမယ်က ကိုဖြိုးတဲ့ ကျမတို့ ဒီ မိကျောင်းရဲ စစ်တပ်က ရွေးလာ တာပါတဲ့ရှင့်။ အခုလေးတင် ပြောသွားတာပါရှင့်။ လေးသောင်းနဲ့ ထုတ်လာတာတဲ့။ ရပ်ကွက်ထောက်ခံ စာရယ်၊ ဆေးရုံစာရွက်ရယ် ယူပြီးတော့ ထုတ်လာတာပါလို့ ပြောပါတယ်။”
ဒေါ်စန္ဒာဝင်းဟာ အမေတခုသားတခုနဲ့ ဘဝရပ်တည်နေရတဲ့ မုဆိုးမတဦးဖြစ်ပြီး သားဖြစ်သူ ပြန်လည် လွတ်မြောက်ရေးအတွက် ငိုယိုတောင်းပန်ပေမဲ့လည်း မရရှိခဲ့ဘူးလို့ ဆိုပါတယ်။ အခုအခါမှာ သားဖြစ်သူ ပြန်လွတ်ရေးအတွက် အကူအညီပေးဖို့ကြဖို့ အာဏာပိုင်တွေနဲ့ လူ့အခွင့်အရေး ဆောင်ရွက်ပေးနေ သူ တွေကို အကူအညီ တောင်းထားတယ်လို့ သိရပါတယ်။ ...
0 comments:
Post a Comment