ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်ထဲရှိ ရှေ့တန်း စစ်စခန်းတခုတွင် နအဖ တပ်ဖွဲ့မှ စစ်သားများကို တွေ့ရပုံ ဖြစ်ပါသည်။ မြန်မနိုင်ငံတွင် စစ်အစိုးရတပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များတွင် ကလေးစစ်သား ၇၀,၀၀၀ခန့် ရှိနိုင် ကြောင်းနိုင်ငံတကာ အဖွဲ့အစည်းများက ခန့်မှန်းထားသည်။
RFA 2010-01-26
ကလေးစစ်သားအဖြစ် စုဆောင်းခံရတဲ့ ပဲခူးမြို့ အထက်တန်းကျောင်းအမှတ် (၃) က ၁၀ တန်းကျောင်း သား မောင်ဝေဦးချိုဟာ မိခင်နေအိမ်ကို ဇန်နဝါရီလ ၂၅ ရက်နေ့ မနေ့က ပြန်လည် ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၁၄ ရက်နေ့က မောင်ဝေဦးချို ကျောင်းကိုအသွား ကလေးစစ်သားအဖြစ် စုဆောင်းခံ လိုက်ရတဲ့ သတင်းကို ပြည်ပသတင်းဌာနတွေက ထုတ်လွှင့်ပေးခဲ့တဲ့ အကျိုးရလဒ်ကြောင့် အခုလိုရက် ပိုင်းအတွင်း ပြန်လည်ရောက်ရှိခဲ့တာ ဖြစ်တယ်လို့ ပဲခူးမြို့က လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ လမ်းပြ ကြယ် အဖွဲ့ခေါင်းဆောင် ဦးအေးမြင့်က RFA ကို ပြောပါတယ်။
ဦးအေးမြင့်။ ။“မီဒီယာတွေရဲ့ လူကြီးနား ပေါက်အောင် လုပ်ပေးတဲ့အတွက် မိဘရင်ခွင် ပြန်ရောက်ပြီ၊ ပဲခူးမှာရှိတဲ့ တာဝန်ခံတွေဖြစ်တဲ့ ဌာနဆိုင်ရာတွေရော၊ စရဖ ဖြစ်တဲ့ စစ်ဖက်ဆိုင်ရာ လုံခြုံရေး၊ သတင်း တပ်ဖွဲ့၊ ရဲကအစ NLD လူငယ်တွေကအစ ပူးပေါင်း ကူညီတဲ့အတွက် ခလေးက အချိန်မီ ၁၀ တန်းစာ မေးပွဲ ဖြေဖို့အတွက် အိမ်ပြန်ရောက်ခဲ့ပြီ။”
အသက် ၁၆နှစ်အရွယ် မောင်ဝေဦးချိုကို ပဲခူးမြို့နယ် အင်းတကော် စံပြကျေးရွာမှာ အခြေစိုက်တဲ့ ခြေ မြန်တပ်ရင်း အမှတ် ၂၁၂ က စစ်သားတယောက်က ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။ စစ်တပ် အောက်ခြေ ရဲဘော်တွေအနေနဲ့ အရွယ်မရောက်သေးတဲ့သူတွေကို စစ်သားအဖြစ်စုဆောင်းရာမှာ ဝတ် ထားတဲ့ ယူနီဖောင်းဝတ်စုံကို ပြပြီး ခြိမ်းခြောက် ခေါ်ဆောင်ကြတယ်လို့ ဦးအေးမြင့်က ပြောပါတယ်။
မောင်ဝေဦးချို ကိစ္စမှာတော့ ပဲခူးမြို့မှာရှိတဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီ အဖွဲ့အ စည်းတွေသာမက အာဏာပိုင်အဖွဲ့အစည်းတွေပါ ဝိုင်းဝန်းပူးပေါင်းပြီး ကူညီဆောင်ရွက်ခဲ့ကြတယ်လို့ ပဲခူးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင် ကိုနေဝင်းက ပြောပါတယ်။
ကိုနေဝင်း။ ။ “ကျနော်တို့ ဒီမှာ ပဲခူးမြို့မှာရှိတဲ့ အဖွဲ့အစည်းတော်တော်များများက အားလုံး ပူးပေါင်း ဆောင်႟ရွက်ပြီး လုပ်နေတဲ့ နေရာမျိုး ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့မှာလည်း ပူးပေါင်း ဆွေးနွေးပြီးတော့ တွေ့ဆုံဆွေးနွေးရေးနဲ့ အဖြေရှာရေးဆိုတဲ့ မူရှိတာကိုး။ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တချို့ရော လမ်းပြကြယ် အဖွဲ့ခေါင်းဆောင်ရော၊ ကျနော်တို့ NLD မှာ ရှိတဲ့ ပုဂ္ဂိုလ်တချို့ရော ဆွေးနွေးတဲ့ အခါကျ တော့ အဆင်ပြေသွားတယ်ပေါ့ဗျာ။”
ပဲခူးတိုင်းမှာ ကလေးစစ်သားစုဆောင်းတဲ့ အခြေအနေဟာ ဆက်လက်ဆိုးရွားနေဆဲပဲလို့ စုံစမ်းသိရှိရ ပါတယ်။ စစ်တပ်အထက်အာဏာပိုင်တွေက ညွှန်ကြားချက်တွေ ထုတ်ထားပေမယ့် အောက်ခြေ စစ် ဗိုလ်၊ စစ်သားတွေကြားထဲ ကလေးစစ်သား စုဆောင်းမှုအပေါ် လာဘ်ပေးလာဘ်ယူမှုတွေ ရှိနေတာ ကြောင့် ပပျောက်အောင် လုပ်နိုင်ဖို့ အလှမ်းဝေးနေသေးတယ်လို့ လမ်းပြကြယ် အဖွဲ့ခေါင်းဆောင် ဦးအေးမြင့် က ပြောသွားပါတယ်။
မြန်မနိုင်ငံမှာ ကလေးစစ်သား ပပျောက်ရေးအတွက် စစ်အစိုးရအနေနဲ့ ဘာတွေ လုပ်ဆောင်သင့်သလဲ ဆိုတာကို ကလေးစစ်သားအရေး ဦးဆောင်လှုပ်ရှားနေတဲ့ ပဲခူးမြို့က လမ်းပြကြယ် အဖွဲ့ခေါင်းဆောင် ဦးအေးမြင့်ကို RFA မှ မအင်ကြင်းနိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။
..ဆက်သွယ်မေးမြန်းချက်
အလွမ်း
4 years ago
0 comments:
Post a Comment