မန်ဇူး(ဘာသာပြန်သည်)
ဟနွိုင်း၊ နိုဝင်ဘာလ ၆ ရက်…
ဒေသတွင်း တရားမ၀င် အခြေချနေထိုင်သူဦးရေ မြင့်တက်လာခြင်းကြောင့် မဲခေါင်မြစ်ဝှမ်းဒေသတွင်း ခြောက်နိုင်ငံမှာ တရားမ၀င်လူကုန်ကူးမှု အနေအ ထားတိုးပွားလာနိုင် ခြေရှိတယ်လို့ မျှော်လင့်ရကြောင်း တရားမ၀င်လူကုန်ကူးမှု တိုက်ဖျက်ရေးကော်မတီရဲ့ အတွင်းရေးမှူးချုပ်ဖြစ်သူ ကီအန်ခမ်အင်ဖန်သာ ဗောင် ရဲ့ ပြောဆိုချက်အပေါ်ကိုးကားပြီး လာအို ဗီအင်တီအန် တိုင်းမ်စ်သတင်း စာမှ သတင်းထုတ်ပြန် ကြေငြာခဲ့တယ်။ ယနေ့လို ခေတ်ကာလကြီးမှာ တရား မ၀င်တဲ့ လူကုန်ကူးသန်းရောင်းဝယ်မှု အမြစ်တွယ် ကျန်ရစ်နေတာဟာ အတော့် ကိုဆိုးဝါးပြီး ကြောက်စရာကောင်းသလို ဒီပြဿနာတွေရဲ့ ရင်းမြစ်ကိုက သဏ္ဌာန်မတူတဲ့အတွက်ကြောင့် စောင့်ကြပ်ကြည့်ရှုပြီး ထိန်းချုပ်ကိုင်တွယ်ဖြေရှင်းရာမှာ အလွန်တရာ မှကို ခက်ခဲရှုပ်ထွေးကြောင်း ဗီအင်တီအန်မြို့မှာ ဗုဒ္ဓဟူးနေ့ကကျင်းပတဲ့ မဲခေါင်မြစ်ဝှမ်းဒေသ လူ ကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ၀န်ကြီးများညီလာခံရဲ့ ဆဋ္ဌမအကြိမ်မြောက် ၀န်ကြီးများအစည်း အဝေးမှာ ကီအန်ခမ် အင်ဖန် သာဗောင် ကပြောကြားသွားခဲ့တယ်။
တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူတွေကို စောင့်ကြည့်လေ့လာနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းကြီးရဲ့ အဆိုအရတော့ နှစ်စဉ်နှစ်တိုင်းလိုလို ဒေသတွင်းရှိ လူဦးရေ ၂၀၀,၀၀၀ မှ ၄၅၀,၀၀၀ ၀န်းကျင်ခန့်ဟာ တရားမ၀င် လူကုန်ကူးခြင်းဒဏ်ကို ခံနေကြရရှာတယ်။ မဲခေါင်ဒေသတွင်း ခြောက်နိုင်ငံဖြစ်တဲ့ လာအို၊ ဗီယက်နမ်၊ ထိုင်း၊ တရုတ်၊ မြန်မာနှင့် ကမ္ဘောဒီးယားတို့မှ သက်ဆိုင်ရာ အာဏာပိုင်တွေဟာ ဒေသတခု ချင်းစီအလိုက် ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ဝေမျှရင်း ကြီးထွားလာတဲ့ တရားမ၀င် လူကုန်ကူးမှုအ ရေးကို သင့်လျော်တဲ့အစီအစဉ်တွေနဲ့ ပြန်လည်တုန့်ပြန်နိုင်ဖို့ရာအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်။
တရားမ၀င် လူကုန်ကူးရာမှာ လိင်ပိုင်းဆိုင်ရာအရ နိုင့်ထက်စီးနင်း ပြုမူဆက်ဆံရုံတင်မက စက်ရုံ၊ အ လုပ်ရုံတွေမှာ လုပ်အားကိုခေါင်းပုံဖြတ်ခြင်း၊ လုပ်အားနဲ့ မညီမျှတဲ့ အဖိုးအခ အနည်းအကျဉ်းသာ လက် ခံရရှိခြင်း၊ အိမ်တွင်းအလုပ်များကို ခိုင်းစေခြင်း၊ အတင်းအကျပ် တောင်းရမ်းခိုင်းစားစေခြင်းနဲ့ သားငါး စက်ရုံတွေမှာပါ ခိုင်းစေခြင်းခံကြရတဲ့ အတွက် ပြဿနာရင်းမြစ်ဟာပိုမို ကျယ်ပြန့်မှုရှိတယ်လို့ ထင်မြင်မိ ကြောင်း ထပ်လောင်းပြောဆိုသွားတယ်။
လာအို-ထိုင်းနှစ်နိုင်ငံ တရားမ၀င် လူကုန်ကူးမှု တိုက်ဖျက်ရေး သဘောတူညီချက်အရ ၂၀၀၁ မှ ၂၀၀၈ ခုနှစ်အတွင်း လူကုန်ကူးခြင်းခံရသူဦးရေ ၁,၂၂၉ ယောက်ဟာ ထိုင်းနိုင်ငံမှ မိခင်တိုင်းပြည် လာအိုနိုင်ငံ သို့ ပြန်ရောက်လာသူတွေထဲမှာ များသောအားဖြင့် အမျိုးသမီးတွေနဲ့ မိန်းကလေးအများစု ဖြစ်ကြတယ် လို့ လာအို အလုပ်သမားနဲ့ လူမှုဖူလုံ ရေးဝန်ကြီးဌာနကတော့ ထုတ်ပြန်ပြောဆိုထားတာပဲ။ လာအိုနိုင်ငံ တွင်း တိုးပွားလာတဲ့ တရားမ၀င်လူကုန်ကူးမှုအန္တရာယ် ကင်းလွတ်ပပျောက်အောင် ကာကွယ်နိုင်ဖို့ရာအ တွက် နည်းလမ်းမှန်ကန်စွာ ချဉ်းကပ်လုပ်ဆောင်ဖို့ရာ လမ်းကြောင်းအပြင် အထောက်ပံ့ အကူအညီပါ လိုအပ်ကြောင်း ကီအန်ခမ် ကပြောဆိုသွားပါတယ်။
Reference: The Human Trafficking Project
Human trafficking on the rise in Mekong countries
်Saturday, November 08, 2008
From Xinhua:
နာဂစ် ဆိုင်ကလုန်း မုန်တိုင်းရဲ့ နောက်ဆက်တွဲကြောင့် ထွက်ပေါ်လာတဲ့ လူကုန်ကူးမှု အန္တရာယ်
ရန်ကုန်, မြန်မာ (AP)- သိပ်မကြာသေးခင်ကမှ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ဒဏ်ခံလိုက်ရတဲ့ ဆိုးကျိုး ရဲ့နောက်ဆက်တွဲပြဿနာကို အခွင့်ကောင်းယူပြီး အိမ်နီးချင်းနိုင်ငံသို့ တရားမ၀င်လူမှောင်ခို ကုန်ကူးသူ တွေရဲ့ လက်တွင်းမှ အမျိုးသမီးနဲ့ ကလေးအပါအ၀င် လူဦးရေ ၈၀ ကျော်ခန့်ကို ကယ်တင်နိုင်ခဲ့တယ်လို့ ကြာသပတေးနေ့က သတင်းမီဒီယာများမှာ ဖော်ပြပါရှိပါတယ်။ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံလိုက် ရတဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ကနေ နယ်ခြားဒေသကို ဇွန်လ ၁၁ မှ ၁၄ ရက်ထိတိုင်အောင် ဆွဲဆောင် သိမ်း သွင်းလာတဲ့ လူမှောင်ခိုကူးသမားတွေကို နယ်ခြားစောင့်ရဲတွေက ဖမ်းဆီးလိုက်နိုင်တယ်လို့ နှစ် ပတ် တကြိမ်ထုတ် Eleven ဂျာနယ်မှာထည့်သွင်းဖော်ပြထားတယ်။
လူကုန်ကူးမှု တိုက်ဖျက်ရေးဌာနမှ ရဲမှူးကြီးရက်ဖ်လီရန်က ရန်ကုန်မြို့အခြေစိုက် ဂျာနယ်တစောင်ကို ပြောဆိုရာမှာတော့ လူမှောင်ခိုကုန်ကူးသူတွေရဲ့ တိုင်းတပါးရပ်ခြားမှာ အလုပ်အကိုင်ရှာဖွေပေးမယ်ဆို တဲ့ လီဆယ်ပြောဆို သိမ်းသွင်းမှုကြောင့် ယခုလို ဘ၀မျိုးနဲ့ ကြုံတွေ့ရခြင်းဖြစ်ကြောင်း သုံးသပ်ပြောဆို သွားတယ်။ တရားမ၀င် လူကုန်ကူးမှု ပြဿနာဟာ ချက်ချင်းလက်ငင်းဆိုသလို ပပျောက်သွားမှာတော့ မဟုတ်ကြောင်း ရဲအရာရှိတွေနဲ့ တခြားအာဏာပိုင်အဖွဲ့အစည်းမှ တာဝန်ရှိသူတွေက မှတ်ချက်ပေး သွားကြတယ်။
မကြာမှီနှစ်အတွင်း ကမ္ဘာ့အဆင်းရဲဆုံးလို့ ခေါ်ဆိုသမုတ်ရမယ့် နိုင်ငံတွေဆီက လူအများအပြားဟာ အ လုပ်အကိုင်အခွင့်အလမ်းဆိုတဲ့ မျှော်လင့်ချက်ကြောင့် ဖြားယောင်းသိမ်းသွင်းခံရခြင်း ဒါမှမဟုတ် အ တင်းအကျပ် ခိုင်းစေခံရခြင်းတွေကြောင့် ပြည့်တန်ဆာ ဘ၀ရောက်သွားကြရသလို တချို့လည်း လုပ် အားနဲ့ မညီမျှတဲ့ အဖိုးအခအနည်းအကျဉ်းကိုသာ လက်ခံရရှိတဲ့ ဘ၀တွေကို ရင်ဆိုင်ဖြတ်သန်းရင်းနဲ့ အ သက်ဆက်ရှင်သန်နေရရှာ တယ် အထူးသဖြင့်တော့ ထိုင်းနိုင်ငံမှာပေါ့ဗျာ။
အာဏာသိမ်း စစ်အစိုးရကတော့ လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး မည်သည့်အထောက်အထားမှ မရှိ ကြောင်းငြင်းချက် ထုတ်ပြန်ထားလေရဲ့။ စက်တင်ဘာလ ၂၀၀၅ ခုနှစ်မှာ တရားမ၀င် လူကုန်ကူးမှုကို တိုက်ဖျက်ဖို့ရာအတွက် စစ်အစိုးရ ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေမှာတော့ အမြင့်ဆုံးက သေဒဏ်ပဲ။ မေလ ၂ ရက် မှ ၃ ရက်အတွင်း မြန်မာပြည်ကို ၀င်ရောက်မွှေနှောက်သွားတဲ့ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဟာ လူပေါင်း ၈၄,၅၀၀ရဲ့ အသက်ဝိညာဉ်ကို နှုတ်ငင်ယူဆောင်သွားသလို ပျောက်ဆုံးနေသူ အရေအတွက် ဟာ ၅၄,၀၀၀ ၀န်းကျင်နီးပါးရှိတဲ့အတွက် ဒီရဲ့နောက်ဆက်တွဲဆိုးကျိုးတွေအဖြစ် ပေါ်ထွက်လာနိုင်မယ့် လူကုန်ကူးမှု ပြဿနာတွေအပေါ်မှာ ပြည်တွင်းနဲ့ နိုင်ငံရပ်ခြားမှ အကူအညီပေးနေတဲ့ သက်ဆိုင်ရာ အာ ဏာပိုင်တွေက ထိတ်လန့်ကြောက်ရွှံ့နေကြတယ်လို့ အစိုးရသတင်းတွေအရ ဆိုထားပါတယ်။
ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့်ထိခိုက် ပျက်စီးဆုံး ရှုံးမှုတွေကြုံတွေ့နေရသူ ခန့်မှန်းချေဦးရေ ၁၁၀, ၀၀၀ ကို လူမှောင်ခို ကုန်ကူးသူတွေရဲ့ ဘေးအန္တရာယ်မှ လွတ်မြောက်အောင် ဆောင်ကျဉ်းလုပ်ဆောင် ပေးဖို့ လိုအပ်တယ်။ တရားမ၀င် လူမှောင်ခိုကုန်ကူးမှုကို မြန်မာပြည်မှာ ဥပဒေတင်းကျပ်စွာ ထုတ်ပြန် ထားပေမယ့်လို့ အမေရိကန် TIP အစီအရင်ခံစာအရ စစ်အုပ်စိုးမှုလက်အောက် ကျရောက်နေတဲ့ မြန်မာပြည်ဟာ လွဲမှားတဲ့ စီမံခန့်ခွဲရေးစနစ်၊ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်ခံရမှုနဲ့ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေခံရမှု ဆိုတဲ့အဓိက ပြဿနာသုံးရပ်အောက်ကနေ ရုန်းထွက်လွတ်မြောက်နိုင်ခြင်း မရှိသေးတဲ့အတွက်ကြောင့် လူမှောင်ခိုကုန်ကူးမှုလို အရေးကိစ္စတွေဟာ ပင်မပြဿနာတရပ် အနေနဲ့ တော့ ဆက်လက်အမြစ်တွယ် ခိုင်မာနေမှာပဲဖြစ်တယ်။
Reference: Trafficking occurs in the wake of Cyclone Nargis
Thursday, July 03, 2008
From the Associated Press
ခြောက်အိပ်မက်တွေကို အမှတ်မရခြင်တော့ဘူး
ထိတ်လန့်ချောက်ချားပြီး ကြေကွဲစရာဖြစ်ရပ်ဆိုးတွေကနေ ဘယ်ပုံနည်းနဲ့ ကလေးတွေဟာ ရုန်းထွက်ခဲ့ ကြသလဲဆိုတဲ့ ဖြစ်ရပ်မှန်တစ်စိတ်တစ်ဒေသ…
ိုစတည်းချနားခိုရာနေရာလေး တစစီလွင့်ပျောက်သွားရလောက်အောင် မုန်တိုင်းဝင် ရောက်မွှေနှောက် သွားတာ မဟုတ်သလို အဖေနှင့် အမေကိုလည်း ဒီမုန်တိုင်းကပဲ ဘ၀တပါးကို ခေါ်ဆောင်သွားခဲ့တယ် ဆိုတာလည်း မဟုတ်ဘူးလို့ နွေး ကတော့ ဒီလို ရင်နင့် ဖွယ်ဖြစ်ရပ်ဆိုးတွေနဲ့ မကြုံတွေ့ခဲ့ရဖူးသယောင် ဟန်ဆောင်ပြီး အပူရုပ်ကို ဖုံးကွယ်ထားလေရဲ့။
နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဟာ အရာအားလုံးကို ချေမွဖျက်ဆီးပစ်လိုက်တဲ့အတွက် ဒီ့မတိုင်မီက အ ကြောင်းအရာတွေကို မြန်မာပြည်မှ အသက် ၇ နှစ်အရွယ်မိန်းကလေးကို စတင် မေးမြန်းတယ်ဆိုရုံ လေးနဲ့တင် ဒီမိန်းကလေးဟာ ဆက်ပြီးနားမထောင်တော့ဘူး။ မုန်တိုင်းတိုက်ခိုက်မှုအပြီး တလအကြာ ယိုယွင်းပျက်စီးနေတဲ့ ကျေးရွာလေးအနီးမှာ နွေး ဆိုသည့်မိန်းကလေးကို ခရစ်ယာန် လူသားချင်းစာနာ ထောက်ထားတဲ့အဖွဲ့ World Vision International မှ ကူညီကယ်ဆယ်ရေး လုပ်သားတွေက ရှာဖွေ တွေ့ရှိခဲ့ကြတယ်။
နွေး ကိုတွေ့ဆုံခဲ့တဲ့ World Vision မှ ကယ်ဆယ်ရေးလုပ်သားဖြစ်သူ အက်ရှ်လေက လီးမန်း ရဲ့ ပြော ဆိုချက်အရတော့ မုန်တိုင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ မေးလိုက်တိုင်း အဝေးကိုရှောင်ထွက်သွား တတ် သလို ဒီအကြောင်းအရာနဲ့ပတ်သက်လို့ ဘာမှကိုမမှတ်မိဘူးလို့ ပြောတာပဲ။ နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့တွေက မြန်မာပြည်ရဲ့ အကြီးအကျယ် ယိုယွင်းပျက်စီးနေတဲ့ တချို့ဒေသတွေကို ဘယ်လိုပြန်လည် တည်ဆောက်ရမယ် ဆိုတာသိပေမယ့်လို့ နွေး လိုကလေးမျိုးကြတော့ ဘယ်ပုံနည်းနဲ့ ကိုင်တွယ်ဖြေရှင်း ရမလဲဆိုတာ ပြောမပြတတ်ကြတော့ဘူး။
သဘာဝဘေးအန္တရာယ်ကပ်ဆိုးအပြင် လူသားရဲ့ဥာဉ်ဆိုးနှင့် စနစ်ဆိုး ကြောင့်ဖြစ်ပေါ်လာတဲ့ ကပ်ဆိုက် မှုတွေကြားမှ သက်ရှင်ကျန်နေရစ်တဲ့ ကလေးတွေကို ကယ်တင်စောင့်ရှောက်ဖို့ရာအတွက် အစိုးရမ ဟုတ်တဲ့ အဖွဲ့အစည်းတွေ ရင်ဆိုင်ကြုံတွေ့ရမယ့် စိန်ခေါ်မှု တရပ်ဖြစ်တယ်။
ဒါဖာ၊ ဆူဒန်လိုအရပ်ဒေသမျိုးမှာ မျက်စိရှေ့မှောက်တင် သူတို့ရဲ့မိခင်တွေကို လိင်ပိုင်းဆိုင်ရာအရ အဓ မ္မပြုကျင့်တာကို ကြုံတွေ့ခဲ့ကြသလို တရုတ်ပြည်မှ ကလေးသူငယ်တွေ ကြပြန်တော့လည်း အုတ်ပုံအ ကျိုးအပဲ့ တွေကြားမှာ မိဘတွေ စုံးစုံးမြုပ်သွားကြတာ ကိုယ်တွေ့ မြင်ခဲ့ကြပြီး လူဝီဆီယားနား ပြည်နယ် က ကလေးတချို့ကြပြန်တော့ ဟာရီကိန်း ကတ်ထရီနားမုန်တိုင်းကြောင့် အိုးအိမ်ပျက်စီးဆုံးရှုံးရတာကို မျက်မြင်ခံစားခဲ့ရတဲ့ အတွက်ကြောင့် ဒီကလေးတွေရဲ့ ပြောဆိုချက်ကို ကြည့်လိုက်တယ်ဆိုရင်ပဲ ရင် ဆိုင်ကြုံ တွေ့ခဲ့ရတဲ့ ခြောက်အိပ်မက်ဆိုးကနေ ရုန်းမထွက်နိုင်ဘူးဆိုတာ သိသာထင်ရှားနေတယ်လို့ ကူ ညီလုပ်ကိုင်ဆောင်ရွက်ပေးနေတဲ့ ကယ်ဆယ်ရေး လုပ်သားတွေက မှတ်ချက်ချ ပြောဆိုကြတယ်။
ဘယ်အရပ် ဒေသရောက်ရောက် ကယ်ဆယ်ရေး လုပ်သားတိုင်းလိုလို အမြဲရင်ဆိုင်ကြုံ တွေ့ရတဲ့ တခု တည်းသောမေးခွန်းက အလွမ်းဇာတ်တွေ ရင်ဝယ်ပိုက်ပြီးကျန်ရစ်ခဲ့တဲ့ ကလေးတွေကို ဘယ်ပုံနည်းနဲ့ ပြုမူဆောင်ရွက်ကြမှာလဲ။ အာဖရိကနှင့် လက်တင်အမေရိကမှ World Vision ရဲ့ သဘာဝ ကပ်ဘေး ဆိုင်ရာကူညီဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူ ရို့စ်ကီမူးရဲ့ ပြောပြချက်အရတော့ ကလေးအ များစုဟာ ဘယ်လိုလဲဆိုတာ မသိရလောက်အောင်ကို ဆွံ့အတိတ်ဆိတ်သွားပြီး ရယ်မောပြုံးရွှင်ခြင်း တွေ ဆိတ်သုဉ်းသွား ကြရရှာတယ်။ အလွန်တရာမှကို ကြေကွဲဖွယ်ကောင်းတဲ့ ဖြစ်ရပ်တွေဟာ သူတို့ရဲ့ မျက် ၀န်းအိမ်မှာ စိုးမိုးနေတဲ့အတွက် ကျနော့်ရဲ့နှလုံးသားဟာလည်း ကွဲအက်လုမတတ် နာကျင်တာ ထက်ကို ပိုပြီးနာကျင်သလို ခံစားမိပါတယ်။
နွေး ကရောသူမရဲ့အနာဂတ်အတွက် ဘာတွေမျှော်မှန်းသလဲ။ တချို့သောအကြောင်း အရာတွေ ပြန် လည်အမှတ်ရစေဖို့ရာအတွက် ဖြစ်ပျက်ခဲ့သည့် ရပ်ဝန်းတ၀ိုက်ကို ကယ်ဆယ်ရေး လုပ်သားတွေ ခေါ် ဆောင်သွားခဲ့ပေမယ့်လို့ ဒါဟာ ဒဏ်ရာဟောင်းကို ပြန်တူးဆွသလိုဖြစ်တဲ့ အတွက်ကြောင့် သူတို့အ တွက် ပိုပြီးနာကျင်ခံစားရမှုကို ဖြစ်ပေါ်စေတယ်။ ဒီဒုက္ခပင်လယ်ဝေနေတဲ့ အရပ်ဒေသမှ ကလေးတွေနဲ့ လက်ဟန်ခြေဟန်ပြ စကားပြောပြီး အကျွမ်းတ၀င် တွေ့ဆုံခဲ့ရာမှပြန်ရောက်လာတဲ့ World Vision International ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဒီးန်ဟာ့ရှ် အဆိုအရ ကလေးအတော်များများဟာ တယောက်လက် ကို တယောက် မြဲမြံစွာဆုပ်ကိုင်ထားကြတယ်၊ ဒီနေရာမှာ သူတို့ရဲ့ မိခင်ဖြစ်သူသာရှိနေခဲ့မယ် ဆိုရင် မိခင်ဖြစ်သူရဲ့လက်ကို မလွတ်တမ်းဆုပ်ကိုင်ထားမှာဖြစ်ပြီး ဒါမှမဟုတ် ဒီနေရာမှာ မိခင်ဖြစ်သူမဟုတ်ပဲ ကယ်ဆယ်ရေးလုပ်သားတွေ ဖြစ်နေမယ်ဆိုရင်လည်း သူတို့ရဲ့လက်တွေကို မဖြုတ်တန်းဆုပ်ကိုင်ထား မှာကတော့ အသေအချာပဲ။
ကလေးအများစုဟာ အချိန်ရှိသရွှေ့ဆိုသလို သူတို့နေထိုင်ကြီးပြင်းခဲ့ရာ အိမ်ဝန်းကျင် တ၀ိုက်ကိုသာ မက ကစားစရာ အရုပ်ကလေးတွေနဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ ပုံတွေကို အမြဲလိုလိုဆွဲနေတော့ တာပဲ။
ဟာ့ရှ် ကတော့ ဘ၀မှာသူတို့ပိုင်ဆိုင်ခဲ့တာတွေကို အမှတ်ရလာအောင် ကြိုးစားလုပ်ဆောင်သွားဖို့နဲ့ မိဘ နှစ်ပါးစလုံး ဆုံးရှုံးသွားရတဲ့ ကလေးတွေရင်ဆိုင်ရမယ့် အန္တရာယ်ဟာမသေးလှကြောင်း၊ အစာရေစာ လုံလောက်စွာစားသုံးရခြင်းမရှိလျင် ခန္ဓာကိုယ်ကြီး ထွားမှုပိုင်းဆိုင်ရာအတွက် အနှောက်အယှက် တစုံ တရာ ကြုံတွေ့လာနိုင်သလို စိတ်ပိုင်းဆိုင်ရာကိုလည်း အတော်လေးထိခိုက်ရမှုကြုံနိုင်ကြောင်း ပြောသွား လေရဲ့။
ဖခင်ဆုံးရှုံးသူတွေအတွက် တအိမ်ထောင်လုံးရဲ့ စားဝတ်နေရေးကို လည်ပတ်နေတဲ့ ၀င်ငွေအရင်းအ မြစ်ပြတ်တောက်သွားသလို မိခင်ဆုံးရှုံးသူတွေအတွက်ကြပြန်တော့လည်း စားရေးအတွက် ခက်ခဲပူပင်ရ သလို အနီးကပ်အုပ်ထိန်းစောက်ရှောက်မယ့် မေတ္တာအ၀န်းအ၀ိုင်းနဲ့လည်း ကင်းဝေးသွားရတော့တာ ပေါ့။
လူမှောင်ခို ကုန်ကူးသူတွေဟာ ကလေးတွေကို အဓိကပစ်မှတ်အဖြစ်ဦးတည်ပြီး လုပ်ဆောင်လာနိုင်တဲ့ အန္တရာယ်အပြင် ယောက်ကျားရင့်မကြီးတွေရဲ့လိင်ပိုင်းဆိုင်ရာအရ အဓမ္မပြုကျင့်ခံရမှုကိုပါ အထူးသဖြင့် တချို့သော မိန်းကလေးတွေ ခံရနိုင်ဖွယ်ရှိတယ်။ ကပ်ဘေးဆိုင်ရာ ကူညီဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူ ကီမူး ပြောပြတာက ဒါဖာမှာ World Vision ကနေ ဦးစီးပြီး ကလေးတွေနှင့် ရင်းနှီးအ ကျွမ်းတ၀င်ရှိအောင် လုပ်ဆောင်စဉ်ကာလတုန်းက မိန်းကလေးတယောက်မှ လာရောက်လည်ပတ်ခြင်း မရှိတဲ့အတွက် သူမရဲ့ဝန်ထမ်းတွေဆီကနေ ထူးဆန်းတယ်ဆိုတဲ့ မှတ်ချက်တစုံတရာကို တော့ကြားမိ လိုက်ပါရဲ့။
နောက်ပိုင်းကြမှသိရတာက အတော်များများဟာ အတင်းအဓမ္မပြုကျင့်မှုကို ခံထားရသူတွေ ဒါမှမဟုတ် မျက်စိရှေ့မှောက်မှာတင် သူတို့ရဲ့မိခင် မုဒိန်းကျင့်ခံရပုံကို မျက်မြင် ကိုယ်တွေ့ကြုံဆုံခဲ့ရသူတွေဖြစ်နေ ကြခြင်းပဲ။ World Vision ရဲ့ ကလေးတွေနဲ့ အကျွမ်းတ၀င် နေထိုင်ပြုမူဆက်ဆံရမယ့် အစီအစဉ်မှာ တာဝန်ထမ်းဆောင်နေသူတွေ အားလုံးကလည်း အမျိုးသားတွေဖြစ်နေတာက ခက်တယ်။ အရိုးရှင်းဆုံး ပြောရရင်တော့ သူတို့ရဲ့ မြင်ကွင်းနဲ့ အနီးတ၀ိုက်မှာ အမျိုးသားတွေကို မတွေ့မမြင်ချင်ကြတော့ဘူး။
ကလေးတယောက်နဲ့ တယောက်ကို ကုသတဲ့နည်းလမ်းတွေဟာ တူညီမှုမရှိကြောင်း ဒါဖာမှာ အဓမ္မပြု ကျင့်ခံရတဲ့ မိန်းကလေးတယောက်ဟာ ခုနေအခါမှာ တခြားကလေးတွေနဲ့ ပျော်ရွှင်စွာကစားနေတာကို တွေ့မြင်ရလိမ့်မယ်။ ဥရုဂွေးမှာ ကြုံတွေ့ရတဲ့ ဖြစ်ရပ်ကတော့ ကလေးစစ်သားတွေကို တခြားကလေးတွေ နဲ့ ရင်းနှီးကျွမ်းဝင်မှုရှိအောင် ပြုလုပ်ခဲ့ပေမယ့်လို့ ဘယ်လိုနည်းနဲ့မှ သူတို့လေးတွေကို ကလေးဘ၀ ပြန် ရောက်အောင် စွမ်းဆောင်နိုင်စွမ်းကို မရှိတော့ဘူး။ ကီမူးရဲ့ပြောကြားချက်အရတော့ ကလေးစစ်သား တွေဟာ အတော့်ကိုထိန်းသိမ်းရခက်ပြီး တစ်ချို့ကလေးစစ်သားတွေ တယောက်တလေ တောင်မကတဲ့ အတော်များများဟာ သုတ်သင်ခြင်းခံခဲ့ကြရတယ်။
ဒီနေ့မှာတော့ နွေး ရဲ့ကျန်းမာရေးအခြေအနေကို ကြည့်ရတာ ပြန်လည်ကောင်းမွန်တဲ့ အနေအထား တရပ်ကိုရောက်နေပြီလို့တောင် ပြောရမလိုဖြစ်နေပြီ။ အဒေါ်ဖြစ်သူရဲ့ ကျေးရွာမှာ အတူနေထိုင်နေပြီ ဖြစ်သလို အပေါင်းအဖော် သူငယ်ချင်းမိတ်ဆွေတွေနဲ့လည်း ဆော့ကစားနေပြီး သူမရဲ့မောင်ဝမ်းကွဲ လေးကိုပါ ထိန်းကျောင်းနေတာတွေ့ရတယ်။ ခုနေချိန်ခါမှာတော့ နွေး ဟာလူကြီးသူမတွေနှင့်အတူ ကျေးရွာ ဟောင်းလေးကို သွားရောက်ပြီး ယိုယွင်းပျက်စီးနေတဲ့ ကျောင်းအိုပျက်ကြီးရဲ့ အနီးတ၀ိုက်မှာ အလှူဒါနပြုသူတွေကြောင့် လက်ဆောင်အဖြစ်ရရှိခဲ့တဲ့ အ၀ါရောင် ဘလောက်စ် အင်္ကျီလေးဆင်မြန်း ပြီး လမ်းပေါ်ထွက်နေလေရဲ့။
နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဟာ ဆန်ရေစပါး၊ အိုးခွက် ပန်းကန်ခွက်ယောက်၊ လယ်လုပ် ငန်းခွင်ဝင်ရာ မှာ အသုံးပြုတဲ့ ကိရိယာတန်ဆာပလာတို့တင်မက ကျေးရွာအတွင်းက ကျွဲ၊ နွားတိရစ္ဆာန် အများအပြား ကိုပါ ၀င်ရောက်မွှေနှောက် ဖျက်ဆီးပစ်လိုက်တဲ့အတွက်ကြောင့် အစောပိုင်းကာလတွေမှာ နွေး နဲ့ ရွာ သူရွာသားအတော်များများဟာ အခက်အခဲဒုက္ခတွေ တသီတသန်းကြီးကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ကြ ရရှာ တယ်။
World Vision ရဲ့ ၀န်ထမ်းတဦးဖြစ်သူ ကလီးမန်း သွားရောက်လည်ပတ်စဉ် ကာလတုန်းက နွေး နဲ့ တွေ့ဆုံချိန် အရွယ်ရောက်လူလားမြောက်တဲ့အခါ သမီးဖြစ်ချင်တဲ့ ဆန္ဒ တွေပြောပြပါလားဆိုတော့ နွေး ဟာ ခါးသီးတဲ့ အတွေ့အကြုံတွေကို တခွန်းတပါဒမှ ဖွင့် ဟပြောဆိုခြင်းမရှိပေမယ့်လို့ သူမရဲ့အနာဂတ်နဲ့ ပတ်သက်လို့တော့ ပြောဆိုသွားလေရဲ့။
အဲဒီအချိန်တုန်းက သူမရဲ့ ဖြေကြားပုံကိုကြည့်ရတာတော့ အတိတ်ရဲ့ စိတ်ဒဏ်ရာဒဏ်ချက်တွေ စွဲကပ် နေသေးသလို တခြားသူတွေထက်စာရင် ပိုပြီးတော့ ခံစားမှုပိုင်းမှာ ထိလွယ်ရှလွယ်ပုံလို့ဆိုရမှာ ဖြစ်သ လို ပြန်ဖြေရာမှာလည်း ချီတုံချတုံနဲ့ …
သမီး…ဆရာဝန်…ဖြစ်ချင်တယ်။
ဲ့Reference: Why one girl refuse to remember
Tuesday, July 01, 2008
From CNN:
ကပ်ဆိုက်ကျရောက်ရာ အရပ်ဒေသတွေမှာ လူမှောင်ခိုကုန်ကူးမှုအန္တရာယ်ပိုမို များပြားကြောင်း ကျွမ်း ကျင်သူ ပညာရှင်တွေ သတိပေးပြောကြား
သဘာဝ ဘေးအန္တရာယ်တွေ အထူးသဖြင့် မြန်မာပြည်မှာ ကျရောက်ခဲ့တဲ့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကြောင့် ကလေးတွေဟာ လူမှောင်ခို ကုန်ကူးသူတွေရဲ့ သားကောင် အဖြစ် အလွဲသုံးစားပြုမူလုပ်ဆောင်ခံရဖွယ် ရှိနိုင်တယ်လို့ တနလာင်္နေ့က ကျွမ်းကျင်သူပညာရှင်တွေက သုံးသပ်ပြောဆိုသွားတယ်။ ဥရောပလုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ အီဗာဘီရာအူဒေး ရဲ့ သ ဘောထားအမြင်အရ ဆိုရင်တော့ မြန်မာကလေးငယ်တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ အပြည့်အစုံ မသိရသေးပေမယ့်လို့ ကပ်ဘေးတွေကျရောက်တိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိပြီး အမြဲလိုကြုံရ နိုင်တာက မြေနိမ့်ရာလှံစိုက်တတ်တဲ့ လူ့သဘာဝအရ ဒုက္ခရောက်နေသူ အများစုဟာ လူ့ကျင့်ဝတ်မ စောင့်ထိန်းသူတွေရဲ့ သားကောင်ဘ၀ကို ကျရောက်လေ့ရှိ တတ်ကြတယ်။
ဒီလို သဘာဝကပ်ဘေးကျရောက်နေချိန် တိုင်းပြည်ကလည်း ချွတ်ခြုံကျနေ၊ အုပ်ချူပ်ရေးစနစ်ကလည်း ယိုယွင်းပျက်စီးဆိုမှတော့ ကလေး (မိဘမဲ့ကလေး၊ မိစုံဖစုံရှိတဲ့ က လေး၊ အမိ ဒါမှမဟုတ် အဖ သာရှိတဲ့ ကလေး) တွေဟာ လူမှောင်ခို ကုန်ကူးသူတွေအတွက် အဓိကဈေးကွက်တခုလို ဖြစ်နေတဲ့အတွက် အ လွန်အန္တရာယ်များလှတယ်လို့ တနင်္လာနေ့က ကျင်းပပြုလုပ်တဲ့ ဥရောပလုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက် ရေးအဖွဲ့ရဲ့ လူကုန်ကူးမှုဆိုင်ရာ ကွန်ဖရင့်မှာ ဘီရာအူဒေး က သတင်းထောက်တွေကို ဥပဒေဘောင်အ တွင်းကနေ ပြောကြားသွားတယ်။
ချွတ်ခြုံကျပြီး ယိုယွင်းပျက်စီးနေတဲ့ တိုင်းပြည်မျိုးဟာ လူမှောင်ခိုကုန်ကူးသူတွေအတွက် လက်မလွှတ် နိုင်တဲ့ ဈေးကွက်ဖြစ်နေသလို ပဋ္ဋိပက္ခဇုံအတွင်းမှာရှိနေတဲ့ ကလေးတွေဟာ တရားလက်လွတ်စပယ် ပြု မူလုပ်ဆောင်သူတွေရဲ့ သားကောင်အဖြစ်ကျရောက်ဖို့ အလားအလာအများဆုံးဖြစ်ကြောင်း ဘီရာအူ ဒေး က သတိပေးတဲ့အနေနဲ့ ထပ်လောင်းပြောကြားသွားတယ်။
ဆိုင်ကလုန်းမုန်တိုင်း တိုက်ခိုက်မှုနှုန်းဟာ ၆၀၀ ထက်ကို ပိုတိုးလာနိုင်ဖွယ်ရှိတဲ့ အတွက် သေချာထိန်း သိမ်းစောင့်ရှောက်မှုမရှိရင် မြန်မာကလေးငယ် အများအပြားဟာ သေကျေဆုံးရှုံးသွားနိုင်ဖွယ် အလားအ လာရှိတယ်လို့ ယုံကြည်ကြောင်း ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း UNICEF ကထုတ်ပြန်ကြေငြာချက် ထုတ်သွားတယ်။
Reference: Human Trafficking Expert Warns of Risks to Children in Disaster Zones
Saturday, June 07, 2008
From the International Tribune
လူမှောင်ခို ကုန်ကူးမှု ကင်းဝေးသည့် အရပ်ဒေသ
လူမှောင်ခို ကုန်ကူးတာ မဟုတ်ဘူးဆိုရင်တော့ ထိုင်းနိုင်ငံတွင်းကို ခက်ခဲကြီးစွာနဲ့ မြန်မာပြည်မှ တရား မ၀င် ရွှေ့ပြောင်းခိုးဝင်လာတာလို့ပဲ ယူဆရမှာပေါ့။ လူမှောင်ခိုကုန်ကူးမှုဆိုင်ရာ တိုက်ဖျက်ရေးမှ သက် ဆိုင်ရာ ထိုင်းအာဏာပိုင်တွေရဲ့ ထုတ်ဖော်ပြောဆိုချက်တွေကို ကြည့်လိုက်တယ်ဆိုရင်ပဲ သင့်လျော် ကောင်းမွန်တဲ့ အလုပ်အကိုင် ဖန်တီးလုပ်ဆောင်ပေးမယ်ဆိုတဲ့ ဆွယ်တရားဟောချက်ကြောင့် သား ကောင်ဘ၀ကို ရောက်ခဲ့ကြတာလို့ ဆိုထားပါတယ်။
အလုပ်အကိုင်အခွင့်အလမ်းဆိုတဲ့ မျှော်လင့်ချက်ကြောင့်ပဲ တရားမ၀င်ရွှေ့ပြောင်းဝင်လာတဲ့ မြန်မာပြည် သား ၁၂၀ စီးနင်းလိုက်ပါလာတဲ့ ထရပ်ကားမှာ အသက်ရှူမွန်းကြပ် ပြီးသေဆုံးခဲ့ရတဲ့ ၅၄ ယောက် သောသူတွေရဲ့ တကယ့်ကို ကြေကွဲဝမ်းနည်းစရာဖြစ်ပျက်ခဲ့မှု အကြောင်းအရာကို ပြန်ဆန်းစစ်ကြည့် လိုက်ရင် လူမှောင်ခိုကုန်ကူးတာမဟုတ်ပဲ တရားမ၀င်ခိုးဝင်လာတဲ့ ပြဿနာတွေသာဖြစ်တယ်။
လူဝင်မှုကြီးကြပ်ရေး ဗျူရိုဌာနမှ အမှုဆောင်ရဲချုပ် ချပ်ချာဝေါလ် စတ်ခ်ဆိုဂျစ် ကတော့ အစောပိုင်းကာ လ စုံစမ်းစစ်ဆေးချက်ကြောင့်ရရှိတဲ့ သက်သေအထောက်အထားတွေအရ ဒီမှုခင်းအခြေအနေကို သုံး သပ်ရမယ်ဆိုရင် ဒါဟာ တရားမ၀င် လူမှောင်ခိုကုန်ကူးတာ မဟုတ်ဘူးလို့ တနေ့ကအတည်ပြုပြောကြား သွားတာပဲ။ အရင်ကာလတုန်းက ဖြစ်ပျက်ခဲ့သမျှကို လိုက်လံစုံစမ်းကြည့်လိုက်တော့မှ လူမှောင်ခိုကုန် ကူးမှုပြဿနာလို့ ခေါင်းစီးတပ်ပြီး အစီရင်ခံစာတင်ထားတာတွေဟာ ယေဘုယျဆန်ဆန်နဲ့ ဆုံးဖြတ်ချက် ချလိုတဲ့ ပြုမူလုပ်ဆောင်လိုက်တဲ့ ဆုံးဖြတ်ချက်တွေပဲဖြစ်တယ် တကယ်တမ်းပြောရရင်တော့ ဒါကို တ ရားဥပဒေရှုထောင့်ကနေပဲ စဉ်းစားဆုံးဖြတ်ကြရမှာပါ။ တရားမ၀င်လူမှောင်ခို ကုန်ကူးတာနဲ့ တရားမ၀င်ခိုးဝင်လာမှုတွေဟာ တူညီမှုမရှိကြောင်း သူကထပ်လောင်းပြီး ပြောကြားသွားလေရဲ့။ ပြစ်မှုကျူးလွန်သူ တွေအတွက် တရားမျှတမှုရှိအောင်တော့ အခုချိန်ထိ လုပ်ဆောင်နေတာပဲ။
ထိုင်းနိုင်ငံရဲ့ ဥပဒေမှာ လူမှောင်ခိုကုန်ကူးခြင်းနဲ့ ပတ်သက်ပြီးပြဋ္ဌာန်းထုတ်ပြန်ထားပေမယ့် လစ်ဟာ ချက်ကတော့ လျော်ကန်သင့်မြတ်တဲ့ အလုပ်အကိုင်ရှာဖွေဖို့ ခိုးဝင်လာသူတွေအတွက်တော့ ဥပဒေ ထုတ်ပြန်ထားခြင်းမရှိတာပဲ။ တရားမ၀င်ခိုးဝင်လာသူတွေအတွက် ရည်ရွယ်ပြီး ကျွန်သပေါက်သဖွယ် လုပ်ကိုင်ရသော လုပ်ငန်းခွင်အနေအထားမျိုးနဲ့ အလုပ်အကိုင်ပေးမယ်လို့ဆိုပြီး ပမာဆိုရသော် အတင်း ကျပ်ခိုင်းစေခြင်းမျိုးဖြင့် ပြည့်တန်ဆာ လုပ်ငန်းခွင်အတွင်းသို့ သွတ်သွင်းခြင်းတွေဟာ တရားမ၀င် လူ မှောင်ခိုကုန်ကူးခြင်းဆိုတဲ့ ဥပဒေအတွင်း အကျုံးးဝင်နေတယ်လို့ဆိုရမယ်။ တရားမ၀င်လမ်းကြောင်းမှ ခိုးဝင်လာသူတွေ ကျူးလွန်တဲ့ပြစ်မှုဟာ အတိုင်းအတာပမာဏအားဖြင့် သေးငယ်ပေမယ့်လို့ ပြစ်ဒဏ်စီ ရင်ချက်ချခံရတာတွေကတော့ တူညီမှု မရှိကြပါဘူး။
လူ့အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ် ဆူနီးချိုင်ယာရို့စ် က ပြဋ္ဌာန်းထုတ်ပြန်ထားတဲ့ ဥပဒေတွေဟာ ခိုင်မာမှုမရှိသလို ကျိုးကြောင်းခိုင်လုံမှုပိုင်းဆိုင်ရာ အားနည်းချို့ယွင်းတဲ့အတွက် ဒီသုံးသပ်ချက်အပေါ်မှာ သဘောတူညီခြင်းမရှိကြောင်း ဝေဖန်ကောက်ချက်ချသွားပါတယ်။ တရားမ၀င်ခိုးဝင်လာသူတွေနဲ့ သက် ဆိုင်တဲ့ ပြစ်မှုတွေအပေါ်မှာ အာဏာပိုင်တွေ ဖြေရှင်းတဲ့နည်းလမ်းက တိုင်းပြည်တွင်းမှ နှင်ထုတ်ခြင်းပဲ ဖြစ်တယ်။ သက်ရှင်ကျန်ရစ်သူတွေအပေါ်မှာ နေထိုင်ခွင့်နှင့် သင့်တင့်လျောက်ပတ်တဲ့ လျော်ကြေးငွေ ပေး ဆောင်ဖို့တော့လိုလိမ့်မယ်။ တရားဥပဒေကြောင်းဆိုင်ရာအရ ဖွဲ့စည်းထားတဲ့ ဥပဒေအ ကျိုး ဆောင်တွေဟာ အကျဉ်းထောင်အတွင်းမှ ရနောင်း လူဝင်မှုကြီးကြပ်ရေးရုံးသို့ ခေါ်ဆောင်သွားခြင်းခံရ သော သက်ရှင်ကျန်နေရစ်သူတွေရဲ့ဖြစ်ရပ် ထုတ်ဖော်ပြောဆိုချက်တွေကို စစ်ချက်သွားယူခဲ့ကြတယ်။
World Vision ရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ ကလေးအခွင့်အရေး ကာကွယ်စောင့် ရှောက်ရေးဌာနမှ တာဝန်ခံ အိုရက်ထိုင်း ဂျန်ဆ၀ါနရတ်ခ် က အာဏာပိုင်တွေအနေနဲ့ အရေးပေါ်ထောက်ပံ့မှုအကူအညီ တွေပေးသင့်ကြောင်း အထူးသဖြင့် သက်ရှင်ကျန်နေ ရစ်သူတွေဟာ ကလေးတွေဖြစ်နေတဲ့ အတွက် ကြောင့် ကောင်းမွန်တဲ့ ၀န်ဆောင် ထောက်ပံ့မှု မရရှိပါက စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဆုံးရှုံးမှုအန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေရနိုင်ကြောင်း အကြံပြုပြောဆိုသွားလေရဲ့။ သက်ရှင်ကျန်ရစ်သူတွေ သူတို့ရဲ့ မူရင်းဌာ နေကို ပြန်ရောက်တာနဲ့ နေရာထိုင်ခင်းအပြင် စိတ်ပိုင်းဆိုင်ရာ အကြံပေးကုသမှုတွေကို မြန်မာ ပြည် တွင်းမှာရှိတဲ့ World Vision မှ ၀န်ထမ်းတွေ ကူညီလုပ်ဆောင်သွားကြလိမ့်မယ်လို့ အိုရက်ထိုင်း က တော့ပြောတာပဲ။
(ညွှန်း- အပြည့်အစုံအသေးစိတ်သိချင်ရင်) Bangkok Post October 3, 2009
Reference: Bangkok Post
Wednesday, April 23, 2008
No Human Trafficking Here
Anchalee Kongrut and Wimol Nukaew
တရားမ၀င် မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၄ ဦးသေဆုံးကြောင်း ထိုင်းနိုင်ငံမှ ထုတ်ဖော်ပြောကြား
ထိုင်းနိုင်ငံကို ထရပ်ကားအတွင်း လက်လွတ်စပယ်ပြွတ်သိပ်ပြီး စီးနင်းလိုက်ပါလာတဲ့ တရားမ၀င် ရွှေ့ ပြောင်းလာသူမြန်မာလူမျိုး ၅၄ ဦးဟာ မွန်းကြပ်ပိတ်ဆို့တဲ့ဒဏ်ကြောင့် သေဆုံးခဲ့ရခြင်းအပေါ် ထိုင်းနိုင် ငံသားခြောက်ဦးကို ရုံးတင်စစ်ဆေးမှုပြုလုပ်နေကြောင်း တနင်္လာနေ့က သက်ဆိုင်ရာ အာဏာပိုင်တွေက ပြောကြားသွားတယ်။ အလုပ်အကိုင် အခွင့်အလမ်းဆိုသည့် မျှော်လင့်ချက်နဲ့ပဲ မြန်မာလူမျိုးအယောက် ၁၂၀ ဟာ ထရပ် ကားအတွင်း ပြွတ်သိပ်စွာ စီးနင်းလိုက်ပါလာပြီး ၅၄ ဦးသေဆုံးခဲ့ရကြောင်း ဒုက္ခရောက် နေတဲ့ ခရီးသည်တွေကို ချန်ထားရစ်ပြီး ထွက်ပြေးလာတဲ့ ယာဉ်မောင်းက ဧပြီလ ၁၀ ရက်နေ့က ထုတ် ဖော်ပြောကြားသွားတယ်။
သားငါးတင်ဆောင်တဲ့ ယာဉ်အတွင်း လိုက်ပါစီးနင်းလာတဲ့အတွက် လေအေးစက် ချို့ယွင်းမှုဖြစ်ချိန်မှာ အသက်ရှုမွန်းကြပ်ပြီး ခုလိုအခြေအနေမျိုး ဆိုက်ရောက်ရတာဖြစ်ကြောင်း၊ တရားမ၀င်ခိုးဝင်လာသူတွေ ဟာ ဖူးခက်ကမ်းခြေမှာ အလုပ်အကိုင် အခွင့်အလမ်း အဆင်ပြေမယ်ဆိုတဲ့ မျှော်လင့်ချက်ကြောင့် မုတ္တမ ပင်လယ်မှ ထိုင်းနိုင်ငံ ရနောင်းကမ်းခြေအထိကို မိခင်တိုင်းပြည်က လှေနဲ့ အရဲစွန့်ထွက်လာသူတွေဖြစ် ကြတယ်။
လူဝင်မှုကြီးကြပ်ရေးဌာနမှ ရဲချုပ် ချပ်ချာဝေါလ် ဆတ်ခ်ဆိုဂျစ် ကဒီလက်လွတ်စပယ် ပြုမူလုပ်ဆောင် ချက်ကြောင့် သေဆုံးသွားရတဲ့ပြစ်မှုရဲ့ အမြင့်ဆုံး ပြစ်ဒဏ်က တဦးချင်းစီအတွက် ထောင်ဒဏ် ၁၀ နှစ်စီ ကျခံရမှာ ဖြစ်တယ်လို့ဆိုတယ်။
(ညွှန်း- အပြည့်အစုံအသေးစိတ်သိချင်ရင်)
http://news.yahoo.com/s/ap/20080421/ap_on_re_as/thailand_truck_d...
ဇွန်လ ၆ ရက်နေ့ကို လူမှောင်ခိုကုန်ကူးမှု တိုက်ဖျက်ရေးနေ့ဆိုပြီး ထိုင်းနိုင်ငံက စတင် အကောင်ထည် ဖော်ဆောင်ရွက်နေ
တောင်ပိုင်းဒေသ ရနောင်းမှာ အလုပ်အကိုင်အခွင့်အလမ်းဆိုတဲ့ မျှော်လင့်ချက်နဲ့ တရားမ၀င်ခိုးဝင်လာ တဲ့ မြန်မာလူမျိုး ၅၄ ယောက်ဟာ ထရပ်ကားအတွင်း မွန်းကြပ်ပိတ်ဆို့မှု ဒဏ်ကြောင့် သေဆုံးခဲ့ရတဲ့ ရင် နာစရာဖြစ်ရပ်ရဲ့ နောက်ဆက်တွဲတွေကြောင့် ဇွန်လ ၆ ရက်နေ့မှာစတင်ပြီး တရားမ၀င်လူကုန်ကူးမှုကို စတင်တိုက်ဖျက်ဖို့ရာအတွက် အမိန့် ထုတ်ပြန်ကြေငြာခဲ့တယ်လို့ အကြီးတန်းအာဏာပိုင်တယောက်က တနင်္လာနေ့က ထုတ်ဖော်ပြောဆိုသွားပါတယ်။
အစိုးရအဖွဲ့အစည်းမှ ကိုယ်စားလှယ် ၆ ယောက် အပါအ၀င် ပုဂ္ဂလိက အဖွဲ့အစည်းမှ တာဝန်ခံကိုယ်စား လှယ်တွေ တနင်္လာနေ့မတိုင်မီကတည်းက တွေ့ဆုံဆွေးနွးခဲ့ကြပြီး ဒီဆုံးဖြတ်ချက်ကို ချခဲ့ကြတာဖြစ် တယ်။ ထိုင်းဘုရင့်နိုင်ငံတော်မှာ အမျိုးသမီးနဲ့ ကလေး တွေအပေါ် ကူးသန်းရောင်းဝယ်မှုနဲ့ သက်ဆိုင်တဲ့ ဥပဒေတရပ် သီခြားမရှိပေမယ့်လို့ အခုနေအခါမှာ ဒီပြစ်မှုဆိုင်ရာ ကျူးလွန်မှုဖောက်ဖျက်မှုကို တားမြစ် ပိတ်ပင်နိုင်ဖို့ရာအတွက် ပြဋ္ဌာန်းချက်အသစ်တရပ် ထုတ်ပြန်ကြေငြာပြီး စတင်အကောင်အထည်ဖော် လုပ်ဆောင် နေပြီလို့ဆိုထားပါတယ်။
ဆွေးနွေးပွဲမှာပါဝင်တဲ့ သက်ဆိုင်ရာဌာနက ကိုယ်စားလှယ်တွေဟာ ဧပြီလ ၁၀ ရက်နေ့ က တရားမ၀င် လမ်းကြောင်းမှ ၀င်ရောက်လာပြီး ရင်နင့်ဖွယ်ဖြစ်ရပ်ဆိုးနဲ့ ကြုံတွေ့ရသူတွေထဲမှ သက်ရှင်ကျန်ရစ်သူ မြန်မာလူမျိုး ၆၆ ယောက်ကို ထောင်တွင်းခေတ္တထိန်းချုပ်ထားခြင်းနဲ့ တယောက်ချင်းစီက တရားရုံးတော် ကို ဒဏ်ငွေ ဘတ် ၂,၀၀၀ ပေးဆောင်ရမယ့် ကိစ္စနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတရပ်ကို ကျင်းပ ပြုလုပ်ခဲ့တယ်။
့ဒဏ်ငွေပေးဆောင်နိုင်ခြင်းမရှိတဲ့ အလုပ်သမားတွေအနေနဲ့ကတော့ ထောင်ဒဏ် ၁၀ ရက် အစားထိုးကျ ခံရမှာဖြစ်သလို လက်လွတ်စပယ်ပြုမူလုပ်ဆောင်မှုကြောင့် အသက်ဆုံးရှုံးသွားရသူတွေရဲ့ အမှုအသွား အလာကို သိရှိနိုင်ဖို့ရာအတွက် သက်ရှင်ကျန်နေရစ်သူတွေကို လိုအပ်တဲ့စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီး အရေးယူဆောင်ရွက်မှာဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဌာနမှ ရဲချူပ် ချပ်ချာဝေါလ် က ပြောဆိုသွား လေရဲ့။ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦးပါဝင်တဲ့ ထိုင်းနိုင်ငံသားခြောက်ယောက် ကိုဖမ်းဆီးရမိ ထားပေမယ့်လို့ သူတို့ရဲ့နောက်ကွယ်မှ တရားဥပဒေကို ချိုးဖောက်လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ အပြင် တခြားသောသူတွေ အများအပြား ရှိနေသေးတယ်ဆိုတာကိုတော့ ငြင်းပယ်ထားလို့မရပါဘူး။
ဧပြီလ ၁၀ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ မှုခင်းဖြစ်ရပ်ကြောင့် ပြည်တွင်း သာမက နိုင်ငံတကာအသိုင်းအ၀ိုင်း ကပါ အသက်ရှင်ရပ်တည်နိုင်ရေးဆိုတဲ့ အလုပ်အကိုင်အခွင့်အလမ်း မျှော်လင့်ချက်ကြောင့် မိခင်တိုင်း ပြည်ကနေ တိုင်းတပါးနိုင်ငံရပ်ခြားသို့ ခဲယဉ်းစွာနဲ့ တရားမ၀င်ရွှေ့ပြောင်းခိုးဝင်လာသူတွေအပေါ်မှာ ပိုမို အာရုံစူးစိုက် လာကြတယ်လို့ဆိုရမယ်။ ပစ္စည်းမှောင်ခိုနှင့် လူမှောင်ခို ကုန်ကူးသန်းရောင်းဝယ်မှုတွေဟာ မတူညီပဲကွဲပြားခြားနား မှုတွေရှိကြပေမယ့် တရားမ၀င်ရွှေ့ပြောင်းလာသူတွေဟာ လူမှောင်ခိုကုန်ကူးသ မားတွေရဲ့ သားကောင်ဘ၀ကို ကျရောက်ပြီး ပြည့်တန်ဆာဘ၀ဖြင့် ဖြတ်သန်းနေရသူတွေအပေါ်မှာ ထောင်သွင်းအကျဉ်းချဖမ်းဆီးခြင်းနှင့် ဒဏ်ငွေပေးဆောင်ခိုင်းစေခြင်းများ ပြုလုပ်မယ့်အစား အစိုးရတ ရပ်အနေဖြင့် လိုအပ်သော နေရာထိုင်ခင်း၊ အစားအစာအပြင် တိုင်ပင်နှီးနှောအကြံပြုပြောဆိုခြင်းတွေ ပြုလုပ်ရမှာဖြစ်တယ်။
လူမှောင်ခို ကုန်ကူးခြင်းနဲ့ပတ်သက်တဲ့ တရားခံတွေအပေါ် စ်ီရင်ချက်ချမှတ်နိုင်ဖို့ရာ ခိုင်လုံတဲ့ သက်သေ အထောက်အထား မရှိသေးပေမယ့်လို့ လာမည့်ရက်သတ္တပတ်အတွင်း ပြည့်စုံလုံလောက်သော အ ထောက်အထားတွေရလာတဲ့အချိန်မှာတော့ အမှုကျူးလွန်သူ တရားခံတွေအနေနဲ့ အစိုးရရဲ့ သတ်မှတ် ပြဋ္ဌာန်းထားတဲ့ လူမှောင်ခိုကုန်ကူးမှုဆိုင်ရာ တရားဥပဒေကြောင်းအရ အရေးယူဆောင်ရွက်သွားမှာ ဖြစ် တယ်။
၃ လအတွင်း ဒီစုံစမ်းစစ်ဆေးမှုတွေကို အပြီးသတ်လုပ်ဆောင်သွားမှာဖြစ်ပြီး တရားခံတွေဟာ တရားမ ၀င်လူကုန်ကူးကြောင်း ပြစ်မှုထင်ရှားပါက တရားမ၀င်ရွှေ့ပြောင်းခိုးဝင် လာသူတွေအပေါ်မှာ မှားယွင်းချ မှတ်ထားတဲ့ ထောင်ဒဏ်နဲ့ဒဏ်ငွေပေးဆောင်ရမှုကို နောက်ဆုံးမှာ ပြန်ရုတ်သိမ်းမှာလား။ အစိုးရအနေနဲ့ ကရော ဒီမှုခင်းအသွားအလာအပေါ် ဘယ်လိုပြုမူလုပ်ဆောင်မှာလဲ။
Reference: From Yahoo News
54 Dead: Thailand Addresses Illegal Migrants from Myanmar
Tuesday, April 22, 2008
တရားမ၀င် လူမှောင်ခိုကုန်ကူးသူ နှစ်ဦးအား မြန်မာအာဏာပိုင်တွေဖမ်းဆီး
စစ်အာဏာပိုင်တွေ အုပ်စိုးနေတဲ့ မြန်မာပြည်ဟာ ကမ္ဘာတ၀ှမ်းမှာ လူမှောင်ခိုကုန်ကူးခံရမှု အများဆုံး တိုင်းပြည်ဖြစ်ကြောင်း ၀ါရှင်တန်က ထုတ်ဖော်ပြောဆိုခဲ့သလို မြန်မာသတင်းဌာနက ကြာသပတေးနေ့ မှာ တရုတ်နိုင်ငံအတွင်းသို့ အမျိုးသမီး ၄ ဦးကို လူမှောင်ခိုကုန် ကူးဖို့ကြိုးစားနေသူ နှစ်ယောက်အား ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
မှုခင်းရဲအာဏာပိုင်တွေရဲ့ ပြောဆိုချက်ကိုကိုးကားပြီး ကြေးမုံသတင်းစာမှာ ထည့်သွင်း ဖော်ပြထားတာ က လူမှောင်ခို ကုန်ကူးသူ နှစ်ယောက်ဟာ အမျိုးသမီး ၄ ဦးကို တရုတ်နိုင်ငံအတွင်း အခိုင်းအစေ လုပ် ငန်းလုပ်ဆောင်ဖို့ရာအတွက် ရန်ကုန်မြို့ကနေ တရုတ်နိုင်ငံ နယ်စပ်မြို့ဖြစ်သော Muse သို့ ရထားနဲ့ ခေါ်ဆောင်သွားဖို့ ကြိုးစားခြင်းဖြစ်တယ်လို့ ရေးသားဖော်ပြထားတယ်။
မြန်မာအမျိုးသမီးတွေကို တရုတ်ပြည်မှာ ကောင်းမွန်တဲ့ အလုပ်အကိုင်ရမယ်လို့ ကတိပေးကာ ဆွဲ ဆောင် သိမ်းသွင်းပြီး အတင်းအကျပ် သက်ကြီးရွယ်အိုတွေနဲ့ ပေးစားတယ် ဆိုတာကိုတော့ မြန်မာအာ ဏာပိုင်တွေဘက်က ၀န်ခံပြောဆိုသွားတယ်။ ၂၀၀၅ ခုနှစ် စက်တင်ဘာလမှာ တရားမ၀င် လူမှောင်ခို ကုန်ကူးမှုနဲ့ ပတ်သက်ပြီး မြန်မာပြည်မှာ လုပ်ဆောင်ခဲ့တယ်လို့ဆိုပေမယ့် ပြီးခဲ့တဲ့နှစ်ကထုတ်ပြန်တဲ့ အ မေရိကန်အစိုးရရဲ့နှစ်စဉ် အစီအရင်ခံစာမှာတော့ မြန်မာစစ်အာဏာပိုင်တွေဟာ လူမှောင်ခိုကုန်ကူးသူ တွေနဲ့ ပူးပေါင်းပြီး ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ မလေးရှားနှင့် ထိုင်းနိုင်ငံတွေကို ပို့ဆောင်ပြီး ပြည့်တန်ဆာ လုပ်ငန်းနဲ့ သက်ရှင်ရပ်တည်ခိုင်းခြင်း၊ ပြည်တွင်းဝန်ဆောင်မှု လုပ်ငန်းများနဲ့ အတင်းအကျပ် လုပ်အား ခိုင်းစေခြင်း များရှိခဲ့တယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။
ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလအတွင်း တရားမ၀င် လူမှောင်ခိုကုန်ကူးသူတွေကို ထောင်ဒဏ် ၃၃ နှစ် ပြစ် ဒဏ်ချမှတ်ခဲ့သလို ၂၀၀၆ ခုနှစ်အတွင်း တရုတ်နဲ့ မြန်မာ ရဲအာဏာပိုင်တွေဟာ လူမှောင်ခို ကုန်ကူးသူ ၆၄ ယောက်ကို ဖမ်းဆီးအရေးယူနိုင်ခဲ့တယ်လို့တော့ ဆိုတာပဲ။
Reference: Myanmar Arrests Two Over Human Trafficking
Saturday, January 12, 2008
From AFP
.....
အလွမ်း
4 years ago
0 comments:
Post a Comment