(ခင်ငြိမ်းသစ်)
ကျမတို့ တိုင်းပြည်ဟာ သယံဇာတပေါကြွယ်ဝပါတယ်။ သဘာဝ ဓါတ်ငွေ့၊ ရေနံ၊ ကျောက်မျက် ရတနာ၊ ကျွန်းသစ်၊ ရွှေ စ သည်တို့က နိုင်ငံခြားငွေ အမြောက်အများရရှိစေသည့် သယံ ဇာတများ၊ ရေပိုင်နက်၊ မြေလွတ်မြေရိုင်းများကြောင့် တကယ် ဆိုရင် မြန်မာပြည်ဟာ ဆင်းရဲစရာ အကြောင်းကိုမရှိပါဘူး။ လက်တွေ့မှာ မြန်မာပြည်ဟာ အမှန်တကယ်ကို ဆင်းရဲမွဲတေ နေပါတယ်။ ဘာကြောင့်လို့ ထင်ပါသလဲ။ အလုပ်လက်မဲ့တွေ များပြားနေခြင်းဟာလည်း တိုင်းသူ ပြည်သားတွေရဲ့ စာရိတ္တမဏ္ဍိုင်ကို အမှန်တကယ် ထိခိုက်စေတယ်ဆိုရင် လက်ခံနိုင်ပါသလား။
ပြည်သူတွေဟာ လုပ်စရာ လုပ်ငန်းကိုင်ငန်းမရှိဘူး၊ ဒီတော့ငွေရဖို့ အတွက်ငွေရှာကြတယ်၊ ဘယ် လောက်ပဲ ခွန်အားစိုက်ထုတ်ပါစေ လိုအပ်တဲ့ငွေကြေးပမာဏ ရဖို့ခက်ခဲတယ်၊ ဒီတော့ ငွေရလွယ်တဲ့ အ လုပ်တွေကို လုပ်လာကြတယ်။ နှစ်လုံးထီထိုးတယ်၊ ဘောလုံးလောင်းတယ်၊ နှစ်လုံးထီရောင်းတယ်၊ မူး ယစ်ဆေးဝါးရောင်းတယ်၊ အရက်ရောင်းတယ်။ ဒီလိုသမာအာဇီဝမကျတဲ့လုပ်ငန်းတွေ လုပ်ကိုင်လာ တယ်။ အမျိုးသမီးငယ်လေးတွေဆိုရင်လဲ ငွေရလွယ်တဲ့ ပြည်တန်ဆာလုပ်ငန်းတွေထဲမှာ ၀င်ရောက်လုပ် ကိုင်လာကြရတယ်။ ကျမ ထောင်ထဲမှာ နေရစဉ်ကတွေ့ခဲ့ရတဲ့ ပြည်တန်ဆာမလေးတွေထဲမှာ အတော် များများဟာ ပြည်တန်ဆာဖြစ်ချင်လို့ ဖြစ်ခဲ့တာ မဟုတ်ဘဲနဲ့ အကြောင်းအမျိုးမျိုးရဲ့ တွန်းပို့ခြင်းကို ခံခဲ့ရ တာပါ။
ဒီလိုမျိုး မိန်းခလေးတွေမှာ အားနည်းချက်တွေရှိနေပါတယ်။ နံပါတ်တစ်က ပညာအရည်အချင်း နိမ့်ကျ နေကြပါတယ်၊ အခြေခံပညာတောင် ကောင်းစွာသင်ကြားခွင့်မရတဲ့ မိန်းခလေးတွေ ဖြစ်နေတတ်ပါ တယ်။ နံပါတ်နှစ်က အသိအမြင်နည်းပါးကြပါတယ်၊ AIDS က စပြီး B ပိုး၊ C ပိုး၊ ကာလသားရောဂါတွေ ရဲ့ အကြောင်းကိုသေချာ မသိကြပါဘူး။ ဘယ်လောက်ထိတောင် ကျန်းမာရေးအသိနည်းလဲဆိုရင် ကာ လသားရောဂါကြောင့်ရတဲ့ အနာကိုဆေးကုရမယ်မှန်း မသိကြဘဲ ပရုတ်လုံးကို အမှုန့်ကြိတ်ပြီး အနာကို သိပ်ကြပါတယ်၊ ဘယ်လောက်တောင် အန္တရာယ်ကြီးလဲဆိုတာ သူတို့တကယ့်ကို နားမလည်ကြပါဘူး။ အဲဒီဘ၀ကနေ လွတ်မြောက်ဖို့ဆိုတာကလဲ သူတို့အတွက် အခက်ခဲဆုံးက နေ့စဉ်ဝင်ငွေပါ။ နောက်ပြီး သူတို့ကိုလုံခြုံအောင် အကာအကွယ်ပေးနိုင်မယ့်၊ သူတို့ကို နားလည်စာနာ စောင့်ရှောက်နိုင်တဲ့ လူမှုအဖွဲ့ အစည်းတွေ မရှိပါဘူး။
ဘွဲ့ရပညာတတ်တွေတောင် အလုပ်မရှိတဲ့တိုင်းပြည်မှာ အခြေခံပညာတောင် ကောင်းစွာမတတ်တဲ့ မိန်း ခလေးတွေ ဘာလုပ်စားရမှာလဲ၊ အဲဒီပြဿနာဟာ တကယ့်ကိုဖြေရှင်းရခက်ခဲတဲ့ ပြဿနာပါ၊ အထည် ချုပ် စက်ရုံတွေရဲ့ တလ၀င်ငွေဟာလဲ အလွန်တရာမှ နည်းလွန်းပါတယ်။ တလလုံး အညောင်းထိုင် ထိုင် ပြီး အသေအလဲချုပ်တာတောင် အချိန်ပိုကြေးပါပေါင်းမှ ကျပ်ငွေ ၄၅၀၀၀၀ ဟာ အမြင့်ဆုံးလစာပါ။ အဲဒီ ၀င်ငွေဟာ တမိသားစုမပြောနဲ့ လူတဦးထဲအတွက် လောက်ဖို့တောင်မှ မနည်းချွေတာသုံးရတဲ့ ငွေပမာ ဏပါ။ ဒါ တောင် အလုပ်မြဲဖို့အတွက် အမြဲကြိုးစားအောက်ကျို့နေရတဲ့ ဘ၀တွေပါ။ မိန်ခလေးငယ်တွေ ပြည့်တန်ဆာဘ၀ရောက်အောင် ဘာတွေက တွန်းပို့ခဲ့သလဲဆိုတာကို စာဖတ်သူတို့ သိဖို့အတွက် ကျမ ကိုယ်တိုင်ကြုံခဲ့ရတဲ့ အမျိုးသမီးလေးအကြောင်း မျှဝေချင်ပါတယ်။
သူမကို ကျမစပြီးသိတဲ့အချိန်မှာ သူမဟာ သင်္ဃန်းကျွန်းမြို့နယ် အဘူဘေကာလမ်းက လင်းထက် အ ထည်ချုပ်စက်ရုံမှာ လုပ်နေတာပါ။ ကျမအမေရဲ့ စာအုပ်ဆိုင်မှာ ကာတွန်းလာလာငှားနေတတ်လို့ ကျမ သူ့ကို မြင်ဘူးနေပါတယ်။ သူ့ကို ကျမစိတ်ဝင်စား နေပါတယ်။ ဘာလို့လဲဆိုတော့ သူမဟာ ညိုညိုညက် ညက်လေးနဲ့ အကြည့်ခံသူလေးမို့ပါ။ သူမဟာရိုးသားပါတယ်။ ပြီးတော့အရှက်အကြောက်လဲ ကြီးပုံရပါ တယ်။ အ၀တ်အစားကို သပ်သပ်ရပ်ရပ် ၀တ်စားတတ်ပြီး နွမ်းပါးပေမယ့် သန့်ရှင်းတဲ့အ၀တ်အစားကို ၀တ်လေ့ရှိပါတယ်။ သူမဟာ မနက် ၆ နာရီဆိုရင် ဆွဲခြင်းလေးဆွဲပြီး စက်ရုံကိုလာလေ့ရှိပါတယ်။ ည ဘက် ၈ နာရီလောက်အပြန်မှာ စာအုပ်ငှားလေ့ ရှိပါတယ်။
တရက် သူတို့စက်ရုံက လခထုတ်ရက်မို့ စောစောဆင်းပေးလိုက်တော့ သူမအချိန်ရတဲ့အတွက် ကျမနဲ့ သူမ စကားပြောဖြစ်ပါတယ်။ သူမရဲ့ဖခင်က သူမလေးတန်း ကျောင်းသူဘ၀မှာ ဆုံးသွားခဲ့ပါတယ်၊ ဒါ့ ကြောင့် သူမကျောင်းဆက်မတက် ဖြစ်တော့ပါဘူး။ သူမအမေကတော့ ကျပန်းဈေးရောင်းပါတယ်။ တ နေ့ကို ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ် အတွင်း အမြတ်ရတတ်ပါတယ်။ သူမရဲ့မောင်လေးနဲ့ ညီမလေးက တော့ ကျောင်းဆက်တက်နေတုန်းပါပဲ။ သူမရဲ့လုပ်ခဟာ အိမ်ငှားခနဲ့ မောင်လေး၊ ညီမလေးတို့ရဲ့ ကျောင်းစရိတ်ပါ။ သူ့ အမေရဲ့ ၀င်ငွေက သူမတို့ မိသားစုစားဝတ်နေရေးကို ဖြေရှင်းပေးနေပါတယ်။ သူ တို့ရဲ့ အိမ်ငှားခက တလကို ၁၅၀၀၀ ပါ။ မိသားစု ချွေချွေတာတာနေရင် အကြွေးမတင်ပါဘူးတဲ့။ သူမ ဟာ မိသားစုဝန်ကို တဖက်တမ်းက ထမ်းရတဲ့သူဖြစ်လို့ ချစ်သူတောင် မထားဘူးတဲ့။ ကျမ ခဏတာ လေးအတွင်းမှာ သူ့ကို ခင်မင်သွားခဲ့ပါတယ်။
သူနဲ့ကျမဟာ မကြာခဏစကားပြောဖြစ်ပါတယ်။ အဲ့ဒီအချိန်က ကျမကိုယ်တိုင်က Beauty မဂ္ဂဇင်းမှာ လုပ်နေချိန်မို့ သူမရဲ့ အားမာန်အကြောင်းကို လူငယ်အင်တာဗျူးအခန်းမှာ ထည့်ပေးလိုက်ပါသေးတယ်။
ဒီလိုနဲ့ ဆောင်းရက်တွေကိုကျော်ပြီး နွေရက်တွေကို ရောက်လာပါတယ်။ နွေရာသီဟာ ပွင့်လင်းရာသီ ဖြစ်လို့ အထည်ချုပ်တွေဟာ အလုပ်များတပ်ပါတယ်။ လင်းထက်စက်ရုံရဲ့ ပိုင်ရှင်ဟာ ယူနန်တရုတ်မ တွေဖြစ်ပြီး၊ ကျမသိထားရသလောက်တော့ ကိုယ်ချင်းစာတရား ခေါင်းပါးပါတယ်။ အဲဒီ လင်းထက်စက် ရုံရဲ့ ရှယ်ယာဝင်တွေဟာ ဗိုလ်ချုပ်ကြီးတွေရဲ့ သားသမီးတွေလို့သိရပါတယ်။ ဒီလင်းထက် စက်ရုံက ပတ်ပတ်လည်ကို သွပ်ပြားတွေနဲ့ ကာရံထားပါတယ်။ အလုပ်သမလေးတွေရဲ့ ပြောပြချက်အရ စက်ရုံထဲ မှာ အရမ်းပူပါတယ်။ နွေရာသီမှာ မီးကလဲမလာတော့ မီးစက်လည်ရတဲ့အတွက် ပိုင်ရှင်က ပန်ကာတွေ ကို ပိတ်ထားလေ့ရှိပါတယ်။
သူတို့ အထဲမှာ နဂိုအခံကျန်းမာရေးမကောင်းတဲ့ ကောင်မလေးတယောက်ရှိပါတယ်။ သိပ်ပူတဲ့ဒဏ်ကို မ ခံနိုင်လို့ ကောင်မလေး မူးမေ့လဲသွားပါတယ်၊ ပိုင်ရှင်တရုတ်မက ဆေးခန်းခေါ်သွားပြီး သတိရရခြင်း ပြန် ခေါ်လာပြီး တခဏအတွင်းမှာ စက်ပြန်ချုပ်ခိုင်းပါတယ်။ ဒါကို ဘ၀တူ အလုပ်သမားတွေက မကျေနပ် ကြပါဘူး၊ ဒီတော့ တရုတ်မကို ၀ိုင်းပြောပါတယ်၊ နေမကောင်းတဲ့ သူ့ကိုအနားပေးဖို့၊ သူ့ရဲ့ အထည်တွေ ကို ကျန်လူတွေက ၀ိုင်းပြီးချုပ်ပေးမယ်လို့ ပြောကြပါတယ်။ ဒါကို တရုတ်မကလက်မခံပါဘူး အော်ဒါ ထည်တွေပြီးဖို့က တရုတ်မအတွက် လူ့အသက်ထက် ပိုပြီးအရေးကြီးနေပါတယ်။ နောက်ဆုံးမခံနိုင်တဲ့ အလုပ်သမား ၈၀ ဟာ ဆန္ဒပြကြပါတယ်။ သူတို့လည်း အလုပ်မဆင်းတော့ဘူး၊ ပြန်ကြမယ်ပေါ့။ တရုတ် မကလဲ အလာကြီးပါ၊ ရှယ်ယာဝင်လူကြီး သားသမီးတွေဆီ ဖုန်းဆက်လိုက်ပါတယ်။ လူကြီးသားသမီး တွေကလည်း သူတို့အဖေ အပိုင်းစားရထားတဲ့ တပ်ကို စက်ရုံဆီကို လွှတ်လိုက်ပါတယ်။
ဗိုလ်မှူးအဆင့် ဦးစီးလာတဲ့တပ်က ဘီလူးဆိုင်းတီးပြီးတော့ ၀င်လာပါတယ်၊ အင်မတန်ချီးကျူးဖို့ကောင်း တဲ့ ပုံစံနဲ့ ပြဿနာကို ဖြေရှင်းခဲ့ပါတယ်။ အဲဒါကတော့ ဆန္ဒပြအလုပ်သမ ၈၀ ဟာတရုတ်မကို တောင်း ပန်ရမယ်တဲ့၊ ဒီတော့အလုပ်သမားတွေက မတောင်းပန်နိုင်ဘူးဆိုတော့ အားလုံးကိုတန်းစီ ထိုင်ခိုင်းပြီး အယုတ်တ အနတ္တတွေဆဲဆို ကြိမ်းမောင်းပါတယ်၊ ပြီးတော့ …
“နင်တို့ကို ဆန္ဒပြမှုနဲ့ ထောင်ချပစ်လို့ ရတယ်နားလည်လား၊ ဗမာပြည်မှာ အလုပ်လုပ်ချင်တဲ့ လူတွေပေါ လွန်းလို့၊ နင်တို့ကို အလုပ်ထုတ်ပစ်လို့ ဘာမှမဖြစ်ဘူး။ ကျန်တဲ့လူတွေလည်းကြည့်ထား ဒီကောင်မတွေ ကို သင်ခန်းစာယူဘို့” ဆိုပြီး ခြိမ်းခြောက်လိုက်ပါတယ်။
အဆုံးသတ်တော့ နေမကောင်းတဲ့ မိန်ခလေးအပါအ၀င်၊ သူမတို့ အယောက် ၈၀ အလုပ်ပြုတ်သွားပါ တယ်။ နဲနဲ ကောက်ကျစ်တဲ့ တရုတ်မကလဲ အခြားစက်ရုံတွေဆီကို အကြောင်းကြားပြီး အဲဒီအုပ်စုကို အ လုပ်မခန့်ဖို့ စာရင်းပေးထားလိုက်ပါတယ်။ သူမတို့အုပ်စု အလုပ်သွားလျောက်တိုင်း လင်းထက်စက်ရုံမှာ လုပ်ဖူးပါတယ်ဆိုရင် စာရင်းထုတ်ကြည့်ပြီး သူမတို့ကို လက်မခံတော့ပါဘူး။ ဒီလိုနဲ့သူမရဲ့ အလုပ်လက် မဲ့ ဘ၀ဟာလနဲ့ချီ ကြာလာပါတယ်။
သူမ မိခင်တဦးတည်းလုပ်စာနဲ့ သူမတို့မိသားစု ရပ်တည်လို့မရပါဘူး။ အိမ်လခ၊ ကျူရှင်ဘိုး၊ ဆန်၊ ဆီ၊ ငရုပ်၊ ဟင်းအမယ်အတွက် ကုန်ကျစရိတ်။ ဒီစရိတ်တွေအတွက် လိုငွေပြလာတော့ သူမတို့မိသားစုဟာ အတိုးနဲ့ငွေချေးရတဲ့ ဘ၀ကို ရောက်လာပါတယ်။ အရင်းမဆပ် နိုင်တော့ အတိုးကတက်ပြီးရင်းတက်ရင်း နဲ့ ဒီဘက်ကချေး ဟိုဘက်ကိုဆပ်။ ဟိုဘက်ကချေး၊ ဒီဘက်ကိုဆပ်နဲ့ အကြွေးသံသရာလည် လာပါ တယ်။
သူမ ယူဇနပလာဇာမှာ အရောင်းစာရေး ၀င်လုပ်ပါသေးတယ်။ တလကိုလခ ၁၂၀၀၀၀ ကျပ်ပဲရတာမို့ အဆင်မပြေပါဘူး။ ဒီကြားထဲ ခရီးစရိတ်ကလဲပါတော့ ရတဲ့လခက သူ့စရိတ်တောင် အနိုင်နိုင်ဖြစ်နေပါ တယ်။ ဒီကြားထဲမှာ သူမနဲ့ကျမတွေ့တော့ သူက ကျမကို ရင်ဖွင့်ပါတယ်။ ဒီတော့ကျမက နောင်တရ လားလို့မေးတော့၊ နောင်တတော့မရပါဘူးတဲ့ စိတ်တော့ညစ်မိပါတယ်တဲ့။ ပြီးတော့ သူကပြော ပါသေး တယ်၊ တရုတ်ဆို ညီမ အရမ်းမုန်းတာဘဲတဲ့။ ကျမကတော့နှစ်သိမ့်လိုက်ပါတယ်။ တရုတ်တိုင်း မ ကောင်းသလို၊ တရုတ်တိုင်းလည်း မဆိုးပါဘူးဆိုတော့ သူက ခပ်သဲသဲရယ်နေပါတယ်။
သူမနဲ့ ကျမ မတွေ့ဖြစ်တာ နဲနဲကြာသွားပါတယ်။ တရက်ကျမှ မြို့ထဲသွားရင်း သူမနဲ့ လမ်းမှာဆုံပါတယ်။ ဒီတခါ တွေ့တော့သူမကို ကြည့်ရတာ ပြောင်ပြောင်ရောင်ရောင် ဖြစ်နေပါတယ်၊ အ၀တ်အစားတွေရဲ့ ဒီ ဇိုင်းက ဆန်းလာပြီး၊ အ၀တ်အစားတွေက သစ်လွင်လာပါတယ်။ အင်္ကျီရဲ့ပုံစံက နဲနဲဟိုက်နေပြီး ရင် ညွန့်လေး ပေါ်နေပါတယ်။ အရင်တုန်းကလို ရိုးရိုးယဉ်ယဉ်လေး မဟုတ်တော့ဘဲ မိတ်ကပ်တွေ၊ နှုတ်ခမ်း နီတွေနဲ့ပါ။ ကျမကမေးလိုက်ပါတယ်။ အခုဘာလုပ်နေလဲဆိုတော့ သူမက ကာရာအိုကေဆိုင်မှာ လုပ် နေတာတဲ့။ ဒါနဲ့ ကျမက ညီမသီချင်းဆိုတတ်လို့လားမေးတော့ သူမက ကျမကို နားမလည်းဘူးလားဆို တဲ့ အကြည့်နဲ့တချက်ကြည့်ပြီး။ ဒီလိုပါဘဲ ရအောင်ဆိုရတာပေါ့တဲ့။ ပိုင်ရှင်က တည ဘယ်လောက်ပေး လဲဆိုတော့ သူက တချက်ဟက်ခနဲ ရယ်လိုက်ပြီး ရာခိုင်နှုန်းနဲ့ ပေးတာတဲ့၊ ကျမရဲ့ နှုတ်ခမ်းက အော်... တလုံးတည်းကိုဘဲ အချိန်ဆွဲပြီး ရေရွတ်မိပါတယ်။
ဒီလိုနဲ့ တရက်မှာ မထင်မှတ်ဘဲ တောင်ဒဂုံမြို့နယ် အ၀င်ဝက စားသောက်ဆိုင်တဆိုင်ရှေ့မှာ အမှတ်မ ထင်ဘဲ သူမကိုတွေ့လိုက်ပါ တယ်၊ သူမရဲ့ ဖောက်သည်ကားပေါ်ကို သူမလှမ်းအတက်မှာပါ။ သူမလဲ ကျမကိုမြင်လိုက် ပုံရပါတယ်။ ခေါင်းကိုငုံ့ထားပြီး ကျမ မတွေ့အောင် ရှောင်ပါတယ်၊ ဒါပေမယ့် ကျမတွေ့ တယ်ဆိုတာကိုတော့ သူလည်းသိပုံရပါတယ်။ အဲဒီ စားသောက်ဆိုင်က နာမည်ကြီးပါတယ်။ ဗိုလ်ချုပ် သန်းရွှေရဲ့ တူမပိုင်တဲ့ဆိုင်လို့လဲ အများကပြောကြပါတယ်။ မြို့ထဲက စစ်အုပ်စုနဲ့ မကင်းနိုင်ကြတဲ့ စီးပွား ရေးသမားတွေဟာ အဲဒီဆိုင်မှာ ညတိုင်း သောက်စားမူးယစ် ပျော်ပါးနေတဲ့နေရာပါ။ တောင်ဒဂုံက လူ တန်းစားတွေ စွေတောင်မကြည့်နိုင်တဲ့ နေရာဖြစ်ပြီး။ ညတိုင်း ကားအကောင်းစားကြီးတွေ အမြောက် အများ ပါကင်ထိုးထားတဲ့ ဆိုင်ကြီးပါ။ ဒါလောက်ဆိုရင်တော့ သူမဘာလဲဆိုတာကို ပရိတ်သတ်ကြီး သိ နေလောက်ပါပြီ။
တကယ်က သူမဟာ မိန်မကောင်းလေးတဦးပါ။ မိသားစုဘ၀အတွက် ချစ်သူတောင်မထားတဲ့ လိမ္မာ ရေးခြားရှိတဲ့ ကောင်မလေးပါ။ သူမဘာကြောင့် ဒီဘ၀ကိုရောက်သွားခဲ့တာလဲ၊ သူမလို မိန်းခလေးမျိုး တွေ မြန်မာပြည်မှာ ဘယ်လောက်များနေပြီလဲ၊ သူမအမေကရော သူ့သမီးအတွက် ဘယ်လောက်များ ရင်နာနေမလဲ... လဲပေါင်းများစွာကိုတွေးရင်း။ ဘာဆိုဘာမှ မတတ်နိုင်တဲ့ ကျမမှာ “အင်း....” ကိုသာသံ ရှည်ဆွဲပြီး သူမ ရောဂါဘယဘေး ကင်းဝေးဖို့ ဆုတောင်းပေးလိုက်ရင်း ......
တေလေဘ၀ရဲ့ ညတွေ ကုန်ဆုံး ကုန်ဆုံးပါစေလို့.....
ခင်ငြိမ်းသစ်
http://naytthit.com ... မှ
....
အလွမ်း
4 years ago
0 comments:
Post a Comment