Thursday, 1 October 2009

လုပ်သား အပေါ် အဓမ္မခိုင်းစေခြင်းမရှိကြောင်း ထိုင်း နိုင်ငံရဲ့တုန့်ပြန်ပြောဆိုချက်

အထည်ချုပ်စက်ရုံ၊ ကြံစိုက်ခင်းနဲ့ ပုဇွန်မွေးမြူရေးလုပ်ငန်းခွင် တွေမှာ ကလေးအလုပ်သမားတွေနဲ့ အဓမ္မ လုပ်အားပေးခိုင်းစေ မှုများရှိနေတယ်လို့ အမေရိကန်ရဲ့ စွပ်စွဲပြောဆိုချက်ကို ထိုင်း နိုင်ငံက ၁၀ ပတ်ကျော်ကြာ မဟုတ်မှန်ကြောင်း ခုခံကာကွယ် ပြောဆိုခဲ့တယ်။


အမေရိကန်အလုပ်သမားရေးဝန် ကြီးဌာနက ဒီဇင်ဘာလ နောက်ဆုံးထားပြီး ထိုင်းအလုပ်သမားများနဲ့ ရွှေ့ပြောင်းအလုပ်သမားများရဲ့ လုပ်ငန်းခွင်ဆိုင်ရာ အခြေအနေနှင့်ပတ်သက်ပြီး အသေးစိတ်ရှင်းလင်း ပြသဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနကို တိုက်တွန်းထားပါတယ်။ ဒီအလုပ်ရုံ သုံးခုမှ ကုန်စည်တွေဟာ တိုင်းပြည်ရဲ့ အဓိကပို့ကုန်တွေ ဖြစ်နေသလို လုပ်ငန်းခွင်အတွင်း ကလေးအ လုပ်သမားတွေ အတင်းအဓမ္မ ခိုင်းစေမှုတွေ ရှိနေတယ်လို့ ဒီလရဲ့ နောက်ဆုံးအစီအရင်ခံစာမှာ ဖော် ပြထားတယ်။

အမေရိကန်အစိုးရကတော့ ရောင်းဝယ်ဖောက်ကားတဲ့ ကုန်စည်လုပ်ငန်း ထုတ်လုပ်ရာ လုပ်ငန်းခွင်မှာ ကလေးတွေနဲ့ အဓမ္မလုပ်အားပေးခိုင်းစေခြင်း မပြုလုပ်ဖို့ နိုင်ငံပေါင်း ၁၄၁ နိုင်ငံကိုတားမြစ်ပိတ်ပင်ထား တယ်။ အမေရိကန် အလုပ်သမားဝန်ကြီးဌာနရဲ့ ပြုမူလုပ်ဆောင်ချက်အပေါ်မှာ ကျနော်တို့အနေနဲ့ မေး ခွန်းထုတ်စရာတွေရှိတယ်လို့ ထိုင်းပုဇွန်လုပ်ငန်းနဲ့ပင်လယ်ထွက် ငါး၊ ပုဇွန်စက်ရုံတွေကို ကိုယ်စားပြုတဲ့ ထိုင်း စားသောက်ကုန်လုပ်ငန်းအဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌဖြစ်သူ ပန်နီဆူအန် ဂျမ်နမ်ဗက်ရှ် ကပြောဆိုထားတယ်။

ဒီစွပ်စွဲချက်ကြောင့် အမေရိကန်ဈေးကွက်ကို တင်ပို့ရောင်းချနေတဲ့ ထိုင်း ပုဇွန်လုပ်ငန်းတခုလုံးကို မထိ ခိုက်သေးသော်လည်း ထိုင်းအလုပ်စက်ရုံတွေကတော့ ထိခိုက်ဆုံးရှုံးမှုတွေ ကြုံတွေ့နေရပြီလို့ ထပ် လောင်းပြောဆိုထားပြန်တယ်။ ဒေါက်တာ ပန်နီ့ဆူအန် ရဲ့ အပြောအရတော့ ပင်လယ်ထွက် ငါး၊ ပုဇွန် စည်သွပ်ဘူး ထုတ်လုပ်တဲ့ စက်ရုံတွေမှာ နိုင်ငံခြားအလုပ်သမားပေါင်း ၇၀,၀၀၀ ကျော်နဲ့ ၂၀၀,၀၀၀ ကျော် အထက်ဝန်းကျင်ဟာ ထိုင်းအစိုးရ ကြီးကြပ်ပြီးပြဋ္ဌာန်းထားတဲ့ ထိုင်းအလုပ်သမား ဥပဒေအရ အ နိမ့်ဆုံး အသက် ၁၈ ပြည့်မှသာလျင် လုပ်ငန်းခွင်အတွင်းသို့ ၀င်ရောက်လုပ်ကိုင်ခွင့်ပြုထားတယ်လို့ ဆိုပါ တယ်။

ကုန်ထုတ်လုပ်မှုပိုင်းဆိုင်ရာမှာ လွယ်ကူအဆင်ပြေဖို့ရာအတွက် ခုတ်၊ လှီး၊ ဖြတ်တောက်တဲ့ စက်ကရိယာတွေကို တပ်ဆင် ဆောင်ရွက်ထားတယ်ဆိုတာကိုလည်း ဗန်ကောက်မြို့မှာ အ ခြေစိုက်ရုံးခန်းဖွင့်ထားတဲ့ အမေရိကန် လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာနက သက်ဆိုင်ရာကိုယ်စားလှယ်တွေလည်း ပုံမှန်ဆိုသလို လာရောက်စစ်ဆေးနေတာပဲလေ။ မကြာသေးခင် အချိန်တုန်းကတော့ အကောက်ခွန်ဌာနမှ သက်ဆိုင်ရာ ကိုယ် စားလှယ်တွေဟာ အသိပေးခြင်းမရှိပဲ ရုတ်တရက်ဆိုသလို စည်သွပ်ဘူးထုတ်လုပ်တဲ့ အလုပ်ရုံ တွေ ကို ဥပဒေဘောင်အတွင်းကကျော်လွန်ခြင်း ဒါမှမဟုတ် ကိုယ်ကျင့်သိက္ခာမဲ့စွာနဲ့ ၀င်ရောက်ရှာဖွေ စစ်ဆေး ခဲ့တယ်လို့ ထိုင်းစားသောက်ကုန် လုပ်ငန်းအဖွဲ့ကြီးရဲ့ အထွေထွေအတွင်းရေးမှူး အာတွန်ပီဘွန်း သန်နာပတ်တနား ကပြောဆိုသွားတယ်။

အမေရိကန်ဈေးကွက်အတွင်းကို ထိုင်းပုဇွန် တင်ပို့ရောင်းချမှုလုပ်ငန်းဟာ အခိုင်အမာထိုးဖောက်ဝင် ရောက်ထားနိုင်တဲ့အတွက် လက်လီရောင်းဝယ်ဖောက်ကားသူတွေအပေါ်မှာ မဟုတ်တမ်းတရမ်း လုပ် ဆောင်ထားသလားဆိုတာ သွားရောက်ကြည့်ရှုစစ်ဆေးခြင်းတွေဟာ ဒီစွပ်စွဲချက်ထွက်ပေါ်မလာခင် အ ရင်နှစ်တွေကတည်းက ရှိခဲ့တယ်လို့ အာသန် ကတော့ ဆိုထားတာပဲ။

အမေရိကန် လူဝီဆီယားနား ပြည်နယ်မှ ပုဇွန်စည်သွပ်ဘူးထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေဟာ အလုပ် သမား ၀န်ကြီးဌာနအပေါ်မှာ အတော့်ကိုလွှမ်းမိုးမှုရှိသလို ဒီစွပ်စွဲချက်ဟာ ထိုင်းပုဇွန်လုပ်ငန်း အပေါ်မှာ အခွန်တံတိုင်း ကာရံလိုက်တာဖြစ်တယ်လို့ ယုံကြည်ကြောင်း ဒေါက်တာ ပန်နီ့ဆူအန် က သူ့ရဲ့အမြင်ကို ထုတ်ဖော်ပြောကြားသွားတယ်။
မန်ဇူး(ဘာသာပြန်သည်)
Reference: Bangkok Post
Thailand denies forced labor charge
30/09/2009 at 08:20 PM

........

0 comments: