Children of conflict BBC World service (Human right issues)
ချေချင်းညာ သတင်းထောက် ရူဆလန် မိုင်ဆီဂါဖ့်
ကျနော် ဆေးရုံရဲ့ အရေးပေါ် ထိခိုက်ဒဏ်ရာရ လူနာဆောင်မှာ မြင် တွေ့ခဲ့ရတာတွေကတော့ဗျာ စင်္ကြန်လမ်းတလျှောက် လဲလျောင်းနေတဲ့ လူနာတွေနဲ့ တချို့ကြတော့လည်း ကွင်းပြင်မှာ၊ များသောအားဖြင့် လူ နာတွေရဲ့ သုံးပုံတပုံကတော့ ကလေးငယ်တွေဖြစ်နေကြပြီး ခြေလက် ထိခိုက်ဒဏ်ရာရတာကတော့ အများဆုံးပေါ့။ ရှာရိုအီကနေ ရောက်လာ တဲ့ ၁၄ နှစ် အရွယ် ကလေးတယောက်ဆိုရင် ခြေထောက် နှစ်ဖက် စလုံးကိုဖြတ်ပစ်လိုက်ရတယ်။ သူ့မိခင်ရဲ့ အဆိုအရ သူတို့အရပ်က ကွင်း လေးထဲမှာ ဘောလုံးကန်နေကြတုန်း ရုရှစစ်တပ်ရဲ့ တင့်ကားတွေ ၀င် ရောက်ပစ်ခတ်မှုကြောင့် ကလေးရှစ်ယောက် သေဆုံးပြီး တခြားကလေးတွေလည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြရတယ်။ သူတို့ကို အနီးအနားက အင်ဂုရှတီးရား ကို တခါတလေ ခေါ်လာဖို့အတွက်ကို အချိန်အတော်ကြာအောင် စောင့်နေရတယ် ဘာလို့လဲဆိုတော့ တချို့သောရက်တွေမှာ စစ်တပ်ရဲ့ စောက်ကြည့်မှုကို ခံရလို့ပဲ။ ဂရော့စ်နီး က ၁၄ နှစ်အရွယ် ကလေးမလေးတယောက်ဆိုရင် မြို့ဈေး ကအပြန် ဒုံးကျည်ထိမှန်လို့ ညာဖက်လက်မောင်းကို ဖြတ်လိုက်ရ ပါလေရော။ အဲဒီမှာက ဆရာဝန်မှ မရှိတာလေ။
ဆားဗီးယား မှ ၁၁ အရွယ် ဗန်ဂျာ
NATO ရဲ့ ကြေငြာချက်အပြီး ဘဂရိတ် ကို ဗုံးကြဲ တိုက်ခိုက်ခြင်း
ကျနော် ကတော့ ဘ၀ကို ရိုးရိုးသားသားနဲ့ အေးချမ်းစွာ ဖြတ်သန်းချင်တယ်ဗျာ။ ၁၁ နှစ် အရွယ်ပဲ ရှိပေမယ့်လို့ ကျနော့် အမြင်ပြောရရင် အတော့်ကိုကြေကွဲစရာနဲ့ ထိပ်လန့်ကြောက်ရွံ့ဖွယ်ကောင်းတယ် ဗျာ။ မြေတိုက်ခန်းရယ်လို့ မရှိပေမယ် ကျနော့် ငယ်ဘ၀ဟာ အတော့်ကိုပျော်ရွင်ဖွယ်ကောင်းပါတယ်။ အယ်ဘေးနီးယား ကလေးတွေကြုံတွေ့ခဲ့ရတာနဲ့ပတ်သက်လို့ အတော့်ကို စိတ်မကောင်းဖြစ်ခဲ့ရသလို ကျနော် ဖခင်ဆီမှာ သေနတ်နဲ့ တူတဲ့အရာဆိုလို့ ဘာမှကိုမရှိခဲ့ဘူးဆိုတာနဲ့ ကိုဆိုဗိုအပြင် တခြား လွတ် လပ်ရေးကိုလည်း မလိုချင်ခဲ့ပါဘူး။ တစုံတရာကို လိုချင်တဲ့သူဆိုလို့ သဘာဝဓာတ်ငွေ့လိုင်းကို မီးရှို့ဖျက် ဆီးပစ်တဲ့ အမေရိကန်တွေပဲ ရှိမှာပါ။ ကောင်းပြီဗျာ အမေရိကန်တွေကို မေးကြည့်ချင်တယ်၊ ကျနော်တို့ ဘယ်လောက်ထိအောင်သေကြေပျက်စီးမှကျေနပ်မှာလဲ ဆိုတာကိုပေါ့ဗျာ။
၁၈ နှစ်အရွယ် နက်ရာ၊ ဘဂရိတ်၊ ယူဂိုဆလပ်ဗီးယား
ကျနော် တို့ကို လျစ်လျူရှု မထားကြဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို တောင်းဆိုချင်တယ်ဗျာ။ NATO က မီလိုချီဗစ်ကို တိုက်ခိုက်တာမဟုတ်ပဲ ကျနော်တို့ ယူဂိုဆလပ် ပြည်သူလူထုကို ဗုံးကြဲနေတာဗျ။ ဒီလို ဗုံး ကြဲတိုက်ခိုက်ပြီး ငြိမ်းချမ်းရေးကို တည်ဆောက်ယူမယ်လို့ ၀ါဒဖြန့်ချိပြောဆိုနေတာကို ဘာလို့ မျက် ကွယ်ပြုထားကြတာလ။ နေ့ရော ညပါ စဉ်ဆက်မပြတ်ဆိုသလို ဗုံးခိုကျင်းထဲ ခိုအောင်းနေရတဲ့ ဘ၀၊ အ ခြေခံအဆောက်အအုံတွေဖြစ်တဲ့ စာသင်ကျောင်းနဲ့ ဆေးရုံတွေ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ အခြေအနေနဲ့ ဒီ့ ထက်မက ကိုဆိုဗိုသာသနာ့မြေမှာတည်ရှိတဲ့ ဂရေချန်နီကာ ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်းပါမကျန် တ ကမ္ဘာလုံး ကျနော်တို့ ကြုံတွေ့နေရတာတွေကို သိမှသိကြရဲ့လား။ ကျနော်တို့ ကလေးတွေအတွက် အ ခွင့်အရေးဆိုတာ ဘယ်မှာလဲဗျာ။ အသက် ၁၈ နှစ် အရွယ် လူငယ်တယောက်ရဲ့ ခံစားချက်ကို ဘယ်လို မြင်သလဲ။ အင်း … အခုပဲ လေကြောင်းကနေ စတင်တိုက်ခိုက်နေပြီ။ ဘာသံမှ မကြားဘူးလား ကမ္ဘာ လောကကြီးရယ်။
ဒူဆန် ယူဂိုဆလားဗီးယား
ဗုံးသီးတွေဝဲနေတဲ့ ကောင်းကင်ထက်မှာ ဒါဟာ ကျနော်တို့ရဲ့ ကမ္ဘာလောကကြီးဆိုတာမှ ဟုတ်ရဲ့လား။ ယူဂိုဆလားဗီးယား ကျောင်းသားတယောက်ဖြစ်တဲ့ ကျနော်ကတော့ ငြိမ်းချမ်းတဲ့သာမာန်လူတယောက် ရဲ့ ဘ၀မျိုးကိုပဲ တောင့်တမိတယ်ဗျာ။ ယဉ်ကျေးမှုပေါင်းစုံနဲ့ လူမျိုးစုံ ရောထွေးနေထိုင်ကြတဲ့ ဗောရှိဗိုဒီ နာမြို့တော် နိုဗီဆဒ် ကနေ စာရေးသား ဆက်သွယ်နေတဲ့ ကျနော်အတွက်ကတော့ ဒါဟာ နောက်ဆုံး အခွင့်အရေး တခုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျေးဇူးပြုပြီး ကျနော်တို့အပေါ် ဗုံးမိုးရွာချနေမှုကို ရပ်လိုက် ပြီး ထပ်မနှောက်ယှက်ပါနဲ့တော့ဗျာ။ ကျနော်တို့ဟာ ဆလိုဘိုဒန် မီလိုရှီဗစ် မဟုတ်သလို ဒါဟာ ကျနော် တို့နဲ့ ဘယ်လိုမှ သက်ဆိုင်ခြင်းမရှိပါဘူး။
ကွာလမ် ရဲ့ ဘဝ
ကျနော့် အမည်ကတော့ ကွာလမ်၊ စစ်စခန်းချထားတဲ့ အနီးနားမှာနေပြီး သူငယ်ချင်းနဲ့ လမ်းလျှောက် ထွက်ရာကနေ မိုင်းတက်နင်းမိပြိး ခြေထောက်တဖက် ဆုံးရှုံးရတော့တာပဲ။ ဒီတုန်းက ကျနော့် အသက် က ၁၅ နှစ်၊ လမ်းလျှောက်ထွက်ရုံလေးနဲ့ မိုင်းကွဲပြီး ခြေထောက်တဖက် ဆုံးရှုံးခဲ့ရတာ။ သူငယ်ချင်းနဲ့ အ တူ လမ်းလျှောက်ထွက်တာ မိသားစုကိုလည်း အသိမပေးမိခဲ့ဘူး။ ကံကြမ္မာကိုသာ အပြစ်ပုံချရတော့ မယ်နဲ့တူတယ်ဗျာ။
ဖာဝါဒ် ပြောပြတဲ့ သူ့ဖြစ်စဉ်
ကျနော့် ညီအငယ်ဆုံးလေးကို မွေးပြီး နှစ်ရက်မြောက်နေ့၊ မိခင်နို့ရည် သောက်သုံးနေချိန်မှာပဲ ကျနော် တို့ရဲ့ အိမ်ပေါ်ကို ဒုံးကျည်ထိမှန်ပြီး ညီငယ်လေး သေဆုံးခဲ့ရသလို အမေလည်း အကြီးအကျယ် ဒဏ်ရာ ရခဲ့တာပေါ့။ အမေ ကလည်းဆေးရုံမှာ ဗုံးမိုးတွေကလည်း အဆက်မပြတ်ရွာသွန်းနေတော့ ညီငယ်လေး ကို သဂြုင်္ိဟ်မည့်အချိန် ဘယ်သူမှမလာရတာနဲ့ အဖေတယောက်တည်း စီစဉ်ဆောင်ရွက်လိုက်ရတယ်။ ညီမငယ်လေးမှာ ဒီဒဏ်တွေကြောင့် ဆုံဆို့နာဖြစ်တော့ ဆေးရုံမှာက အောက်ဆီဂျင်ပေးဖို့ရာ အဆင်မ ပြေတဲ့အတွက် အဖေ့ ခမျာ တခြားဆေးရုံသွားပြီး ၁၈ ထပ်ကနေ အောက်ဆီဂျင်ဗူးကြီးကို ထမ်းသယ် လာရတဲ့အတွက် အတော်လေးကို ဒဏ်ခံလိုက်ရတယ်။ အဲဒီအခိုက်အတန့်မှာပဲ ဆေးရုံပေါ် ဗုံးကြဲခံရတဲ့ အတွက် ဆရာဝန်လည်း ညီမလေးကို အောက်ဆီဂျင်ပေးဖို့ငြင်းဆန်ပါလေရော။ ညီမလေး သေဆုံးမှုနဲ့ အတူ ဆိုးရွားတဲ့ အတွေ့အကြုံတွေကို ခံစားခဲ့ရတဲ့ ကျနော့်အတွက်တော့ ညစဉ်စဉ်လိုလို ဒီမြင်ကွင်း တွေကို ပြန်မြင်ယောင်ပြီး ငိုနေရတော့တာပေါ့။
ကလေး စစ်သား ၃၀၀,၀၀၀
ကမ္ဘာ တ၀ှမ်းလုံးမှာ ကလေးစစ်သား ၃၀၀,၀၀၀ ရှိတယ်ဆိုတာ ခန့်မှန်းချေ အရေအတွက် အရသာ ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်းလိုလို တပ်သားသစ်အဖြစ် စုဆောင်းခံရပြီး တိုက်ပွဲဝင်နေရတဲ့ ကလေးဦးရေဟာ ပိုမိုများပြားလားနေတယ်။ ကလေးစစ်သားဘ၀ ဘယ်လိုကြောင့်ဖြစ်လာရတယ်ဆိုတဲ့ သူတို့ရဲ့ ပြောဆို ချက်တွေကိုကြည့်ပြီး၊ ဒီဖြစ်ရပ်တွေ ရပ်တန့်သွားအောင်နဲ့ သူတို့ရဲ့ ဘ၀သစ်တွေကို ဘယ်လိုတည် ဆောက်ပေးကြမှာလဲ။
ထိပ်လန့်ဖွယ်ဖြစ်ရပ်
ကလေးတွေကိုစစ်ပွဲမှာ အသုံးပြုတဲ့ နိုင်ငံတွေထမှာ ဆီရီယာ လီယွန်၊ လိုက်ဘေးရီးယား၊ ကွန်ဂို၊ ဆူဒန်၊ သီရိလင်္ကာ၊ အာဖဂန်နဲ့စ္စတန်နဲ့ မြန်မာပြည် တို့ဖြစ်ကြတယ်။ ဆီရီယာလီယွန် ပြည်တွင်းစစ်မှာ ကလေး တွေဟာ လက်နက်ကိုင် သူပုန်အဖွဲ့ဖြစ်တဲ့ တော်လှန်ရေး သမဂ္ဂတပ်ဦး (RUF) အပြင် အစိုးရကိုလိုလား ထောက်ခံတဲ့ ကမာဂျာ ဒေသခံ ပြည်သူ့စစ်တွေအတွက်ပါ တိုက်ပွဝင်ခဲ့ကြရတယ်။ ကမာဂျာ အဖွဲ့ဟာ အစိုးရ အတွက်နယ်စပ်မျဉ်းတလျှောက်ကို တိုက်ခိုက်ခဲ့ပေးရသလို အနောက်အာဖရိက (ECOMOG) အ ဖွဲ့ကြီးမှ ငြိမ်းချမ်းရေး အတွက် ဖိအားပေးမှုကိုလည်းခံခဲ့ရတယ်။ တခါတရံမှာ တော်လှန်ရေး သမဂ္ဂတပ် ဦးရွာတွင်း ၀င်ရောက်တိုက်ခိုက်မှုအပြီး သက်ရှင်ကျန်နေရစ်တဲ့ ကလေးတွေကို သိမ်းသွင်းခေါ်ဆောင် သွားလေ့ရှိတယ်။ ကလေးအများအပြားဟာ မျက်စိရှေ့မှောက်မှာတင် မိဘတွေ သတ်ဖြတ်ခံရခြင်းကို ကြုံတွေ့ခဲ့ရသူတွေဖြစ်ကြသလို နောက်ဆုံးတော့လည်း အထူးစခန်းကိုရောက်သွားကြတာပါပဲ။
အဲဒီကနေ လွတ်မြောက်သွားကြတဲ့ ကလေးတချို့ကတော့ နေရာထိုင်ခင်းနဲ့ အစားအသောက်ပေးတဲ့ ကမာဂျာ အဖွဲ့ထဲကို ရောက်သွားကြတယ်။ လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်လောက်ထဲက မြန်မာပြည်မှာ အစိုး ရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ပဋိပက္ခဟာ အမြစ်တွယ်နေတာဖြစ်တယ်။ ၁၅ နှစ် အရွယ် ဇော်ထွန်း ဆိုသူဟာ မြန်မာစစ်တပ် အတွက် တိုက်ခိုက်ပေးနေရတဲ့ ကလေး စစ်သား တဦးပေါ့။
သိမ်းသွင်းခြင်း
ဆီရီယာ လီယွန် တော်လှန်ရေး သမဂ္ဂတပ်ဦးရဲ့ စခန်းတွင်းမှာ စိတ်ဒဏ်ရာရနေတဲ့ ကလေးတွေကို ပုံ မှန်အားဖြင့်တော့ နှစ်လ၊ သုံးလ လောက်သင်တန်းပေးလေ့ရှိတယ်။ ကလေးတွေရဲ့ ပြောဆိုချက်အရ တကယ်လို့ အမိန့်နာခံမှုမရှိရင် ဒါမှမဟုတ် ထွက်ပြေးဖို့ကြိုးစားမယ်ဆိုရင် သတ်ဖြတ်ခြင်းကို ခံကြရလိမ့် မယ်။ လူမဆန်စွာ ညှင်းပန်းနှိပ်စက်ခြင်းနဲ့ သတ်ဖြတ်ခြင်း ဒါမှမဟုတ် ထွက်ပြေးဖို့ကြိုးစားသူတွေကို ပြစ် ဒဏ်ပေးတာကိုတော့ ရံဖန်ရံခါ ကြုံရလေ့ရှိပါတယ်။
စစ်မြေပြင်ဝယ်
ရှစ်နှစ်အရွယ် ကလေးတယောက်အတွက် AK 47 လို သေနတ်မျိုးကို ပေါ့ပေါ့ပါးပါး ထုတ်လုပ်လာနိုင်တဲ့ အတွက် တိုက်ပွဲဝင်ဖို့ရာ အဆင်ပြေလွယ်ကူသွားတာပေါ့။ ထွက်ဆိုချက်တွေအရ ကလေးတွေဟာ စစ် မြေပြင်မှာ ထိပ်လန့်ကြောက်ရွံ့ခြင်းမရှိတဲ့အပြင် လူကြီးစစ်သားထက် တောင်းဆိုမှုနည်းခြင်း၊ ပုံသွင်းရ လွယ်ကူခြင်း၊ အစားသောက်စရိတ်ကုန်ကျမှု သက်သာခြင်းတို့ကြောင့် ကလေးငယ်တွေကို ရန်သူနဲ့ အ နီးကပ်ဆုံးနေရာတွေမှာ ထားလေ့ရှိကြတယ်။ နှစ်ဖက်သော လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အမြင် မှာ ဒီကလေးငယ်တွေဟာ တိုက်ခိုက်မှုစွမ်းရည် မယုံကြည်နိုင်လောက်အောင်ကို ကောင်းနေခြင်းဖြစ် တယ်။ တိုက်ပွဲကြီးတွေမှာ ထိပ်လန့်မှုမရှိအောင် ရံဖန်ရံခါ မူးယစ်ဆေးတိုက်ကျွေးပြီး အသုံးချလေ့ရှိ တယ်။ မြန်မာစစ်အစိုးရလည်း ကလေးငယ်တွေကို တိုက်ပွဲအတွင်းမှာ အသုံးချလေ့ရှိတယ်။ စစ်လက် နက်ပစ္စည်းတွေ ကလေးတွေကို သယ်ခိုင်းခြင်း ဒါမှမဟုတ် အစိုးရဆောက်လုပ်ရေး စီမံကိန်းတွေမှာ က လေးတွေကို ကျေးကျွန်သဖွယ်ခိုင်းစေလေ့ရှိတယ်။
ခြိမ်းခြောက်မှုတွေ
စစ်ပွဲတွေကြောင့် ကလေးတွေဟာ ခြိမ်းခြောက်ခံရခြင်းနဲ့ သိမ်းသွင်းခြင်းကိုခံကြရသလို သူတို့ရဲ့ အ သက်ရှင်ရေးအတွက် ဘယ်သူ့ထိန်းချုပ်မှုအောက်ကနေမဆို တိုက်ခိုက်နေရခြင်းပဲဖြစ်တယ်။ ပြည်တွင်း စစ် ဆက်လက်ဖြစ်ပွားနေသ၍တော့ ဒီကလေးတွေဟာ နှစ်ဖက်သော လက်နက်ကိုင်အဖွဲ့ အစည်းတွေ အတွက် တိုက်ခိုက်ပေးနေရအုံးမှာပဲ။
အိပ်မက်တွေ
ဆီရီယာလီယွန်မှာ ပြည်တွင်းစစ် ဆက်လက်ဖြစ်ပွားနေသလို တချို့ကလေးတွေကလည်း သူတို့ရဲ့ ဘ၀ လွတ်မြောက်မှုအတွက် ကြိုးစားနေကြတယ်။ သို့ပေမယ့် တချို့ကလေးတွေကျတော့လည်း အတင်းအ ဓမ္မ ဖိအားပေးခံရမှုကြောင့် ကျေးရွာတွေအတွင်း သတ်ဖြတ်မှုတွေကြောင့် မူရင်းဌာနေကို မပြန်ရကြ တော့ဘူး။ တော်လှန်ရေး သမဂ္ဂတပ်ဦးအတွင်းသို့ ကလေးတွေ ၀င်ရောက်သွားခဲ့ရတဲ့ အကြောင်းရင်းက် ဆွေမျိုးအသိုင်းဝိုင်းရဲ့ ရှောင်ကြဉ်မှုခံရခြင်းနဲ့ ဒေသခံပြည်သူ့စစ်တွေရဲ့ လိုက်လံဖမ်းဆီးခြင်း တို့ကြောင့် ဖြစ်တယ်။
မျှော်လင့်မှုတွေ
ရက်စက် ကြမ်းကြုပ်မှုတွေနဲ့ သတ်ဖြတ်မှုတွေကြား ကြီးပြင်းလာတဲ့ ကလေးတွေကို ပြန်လည်ထူထောင် ပေးရတာ အတော့်ကိုမလွယ်လှတဲ့ ကိစ္စပဲ။ ဒေသခံလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အင်အားသုံး ဖြေ ရှင်းမှုနဲ့ စားဝတ်နေရေး ပြဿနာ ဖြေရှင်းပေးနိုင်မှုတို့ဟာ ဒီကလေးတွေရဲ့ ဘ၀ရှင်သန်ခြင်းနဲ့ သေဆုံး ခြင်းအပေါ် လွှမ်းမိုးချုပ်ကိုင်ထားသလို ဖြစ်နေတယ်။ မိုဇမ်ဘစ်၊ အင်ဂိုလာနဲ့ ဆိုမာလီယာ တို့လို နိုင်ငံ တွေမှာ တရားဝင် ကလေးစစ်သားတွေကို ကူညီစောက်ရှောက်မယ့် အဖွဲ့အစည်းတွေအတွက် စီမံကိန်း တွေတော့ရှိနေပါတယ်။ ဆိုမာလီယာနိုင်ငံမှာရှိတဲ့ မာကာ စစ်မှုထမ်းဟောင်းများအဖွဲ့ရဲ့ ပြန်လည်ထူ ထောင်ရေး စင်တာမှာ အဘီ ဟာ တံငါသည်လုပ်ငန်း ကိုသင်ကြားလေ့လာနေတယ်။ ရို့စ် ကတော့ လွတ်မြောက်လာတဲ့ ကလေးစစ်သားတွေအတွက် ဖွင့်လှစ်ထားတဲ့ ဆီရီယာလီယွန်က မိဘမဲ့ဂေဟာမှာ အလုပ်လုပ်ကိုင်နေသူဖြစ်တယ်။ ဒါပေမယ့် ဆီရီယာလီယွန်မှာရှိတဲ့ ကလေးစစ်သားတွေကတော့ ပြည် တွင်းစစ် ရှိနေသေးရင် အတင်းကျပ်စေခိုင်းခံရပြီး စစ်မြေပြင်မှာ တိုက်ခိုက်နေရအုံးမှာပဲ။
ကလေး စစ်သားတွေရဲ့ ဖွင့်ဟပြောဆိုချက်တွေကို မျှဝေ ခံစားကြည့်ကြရအောင်။
ဇော်ထွန်း ရဲ့ ဖြစ်စဉ်
ကျနော်ကတော့ စိတ်ဆန္ဒမပါဘဲ အတင်းအကြပ် စစ်မှုထမ်းစေခိုင်းခြင်းခံရသူပါ။ တညနေ ရွာထဲမှာ ဗီဒီယိုပြလို့ ကြည့်နေတုန်း ရွာထဲကို တပ်ကြပ်အဆင့်ရှိ စစ်သားသုံးဦး ရောက်လာကြပြီး ကျနော်တို့ကို မှတ်ပုံတင်ကဒ်ရှိလားဆိုတဲ့ မေးခွန်းအပြင် စစ်ထဲဝင်ချင်သလားဆိုပြီး စတင် စုံစမ်းမေးမြန်းတော့တာပါ ပဲ။ ကျနော်တို့က အသက်ရွယ်မပြည့်သေးလို့ မှတ်ပုံတင်ကဒ် မရသေးကြောင်း ပြောပြနေတုန်း သူငယ် ချင်း တယောက်က စစ်ထဲဝင်ချင်ကြောင်း စပြောပါလေရော။ ကျနော်ကတော့ မ၀င်နိုင်ဘူးလို့ပြောပြီး အဲဒီ ညနေမှာပဲ အိမ်ပြန်လာခဲ့လိုက်တယ်။ ဒါပေမယ့် နောက်တနေ့ မနက်ပိုင်းမှာပဲ တပ်သားစုဆောင်း ရေးအဖွဲ့တွေ ကျနော်တို့ ရွာကိုရောက်လာပြီး တပ်သားသစ် နှစ်ယောက် လိုချင်ကြောင်းပြောပါလေရော၊ စစ်ထဲမ၀င်ချင်ရင် ငွေ ၃၀၀၀ ကျပ် ပေးရမယ်ဆိုတော့ ကျနော့် မိဘတွေက ဘယ်လိုလုပ်ပြီးတော့ ပေး နိုင်မှာလဲ။ ဒီမှာတင် ကျနော်နဲ့ အတူ ၁၉ ယောက်ဟာ တပ်သားသစ် အဖြစ်နဲ့ မင်္ဂလာဒုံ စစ်သင်တန်းကို အပို့ခံလိုက်ရတော့တာပါပဲ။
မျိုးဝင်း ရဲ့ အဖြစ်
ကျနော် တို့ကို အသိစိတ် ကင်းမဲ့အောင် မူးယစ်ဆေး တိုက်ကျွေးရုံတင်မက အမိန့်ပေးပြီး စစ်မြေပြင် မှာ ရှေ့ဆုံးကနေချီတက်ခိုင်းတယ်။ ကျနော် တို့ သောက်လိုက်တာ အရက်လား ဒါမှမဟုတ် မူးယစ်ဆေးဝါ လားဆိုတာကိုတောင် မခွဲခြားနိုင်တာ လာတိုက်တဲ့အချိန်မှာ ကျနော်တို့က အရမ်းပင်ပန်းပြီး ဆာလောင်မွတ်သိပ်နေကြတာကိုး။ နေကျစ်ကျစ်တောက် ပူနေတဲ့အောက်မှာ နှစ်ရက်လုံးလုံး လမ်းလျှောက်ခဲ့ရသလို တောင် (စစ်မြေပြင်) ကလည်း အရိပ်အာဝါသ လုံးဝမရှိ၊ သစ်ပင်တွေအားလုံးက မီးလောင်ပျက်စီး နေသလို ပေါက်ကွဲပြီးသား ဗုံးခွံတွေကလည်း နေရာအနှံ့ မှာပျံ့ကြဲနေတာပဲ။ ကြောက်ကလည်းကြောက်၊ ဆာလောင်လိုက်တာကလည်း လွန်ရော၊ တချို့ဆို မထူနိုင်လောက်အောင် ပင်ပန်းနေကြတာကို အရာရှိဆိုသူက နောက်ကနေ လူမဆန်စွာ ရိုက်နှက်ပြီး ရှေ့ကို အတင်းချီတက် ခိုင်းပါလေရော။ တယောာက်ကတော့ သေသွားလေရဲ့ဗျာ။
အဗ္ဗဒီ ရဲ့ ပန်ကြားလွှာ
ကျနော့်လိုပဲတခြား ကလေးစစ်သားတွေကို ပြောချင်တာက ဆယ်ကျော်သက်လေးတွေဖြစ်တဲ့ သူတို့ရဲ့ အနာဂတ် မျှော်လင့်ချက်တွေဟာ လင်းလက်နေတုန်းပါ။ အရွယ်ရောက်ပြီး ရင့်ကျက်နေတဲ့ တပ်မှူးတွေ ဟာ ကလေးတွေရဲ့ ရိုးသားမှုကို ခေါင်းပုံဖြတ် အနိုင်ကျင့်နေတာကြောင့် ဆယ်ကျော်သက် ဘ၀ရဲ့ လွတ်လပ်မှုနဲ့ ရှေ့အနာဂတ်ကို အဆုံးရှုံးမခံကြနဲ့။
(တွေ့ဆုံမေးမြန်းသူ) ကလေးတွေကို စစ်မြေပြင် မှာ အသုံးချပြီး တိုက်ပွဲ ၀င်ခိုင်းတဲ့ တပ်မှူးတွေကို ဘာ အမှာစကားပြောချင်သလဲ။
(အဗ္ဗဒီ) လူသားတွေအပေါ် အကြင်နာတရားကင်းမဲ့စွာ ဆက်ဆံပြီး ကျူးလွန်နေတဲ့ ရက်စက်မှုတွေကို ရပ်တန်းကရပ်ဖို့နဲ့ ငရဲတွင်းထဲရောက်နေတဲ့ ဆယ်ကျော်သက် ကလေးတွေကို လွတ်လပ်မှုပေးဖို့ကို တောင်း ဆိုချင်တယ်။
(တွေ့ဆုံမေးမြန်းသူ) အခုချိန်ထိ စစ်မြေပြင်မှာ တိုက်ခိုက်နေရတဲ့ သူငယ်ချင်းတွေကိုရော ဘာပြောချင် သေးသလဲ။
(အဗ္ဗဒီ) ဒေသခံ ပြည်သူ့စစ်အဖွဲ့ဝင်တွေထဲမှာ သူငယ်ချင်းအတော်များများ ရှိပေမယ့်လို့ တချို့လောက် သာ ကျနော့် အကြံပြုချက်ကို လက်ခံပြီး ကျောင်းတက်နေကြတာဖြစ်တယ်။ သူတို့ ပညာဆက်လက် သင်ကြားနိုင်ဖို့ သူတို့ရဲ့ ကျောင်းလခကို ကျနော် ကြိုးစားပြီး ထောက်ပံ့ပေးနိုင်မယ်ဆိုရင် တခြားကလေး တွေလည်း နောက်ကနေ လိုက်ပါလာမှာဖြစ်တယ်။
မန်ဇူး(ဘာသာပြန်သည်)
.....
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
1 comments:
နေတိုင်းဖတ်ဖြစ်ပါတယ် ကလေးတွေဘ၀ဟာ ဒီလောက်ကြမ်းတဲ့ စစ်ကို ဘယ်ခံနိုင်ကြမလဲ ကမ္ဘာကြီးစစ်မီးငြိမ်းကြပါစေ
Post a Comment