Sunday, 27 September 2009

AIDS ကာကွယ်ဆေးအတွက် အောင်မြင်မှု ပထမ ခြေလှမ်း

photos by REUTERS

အစိုးရထိပ်တန်း ခေါင်းဆောင်တွေနဲ့ သိပ္ပံပညာရှင်အများစုဟာ ဒီကမ္ဘာမြေအတွင်းမှာ လူသားတွေကို ခြိမ်းခြောက်အန္တရာယ်ပြုနေတဲ့ AIDS ရောဂါကပ်ဆိုးကို ဘယ်လိုသဏ္ဍာန်နဲ့ ကာကွယ်မှုတွေပြုလုပ်ရမ လဲဆိုတဲ့ စီမံဆောင်ရွက်ချက်တွေနဲ့ ထိုင်းနိုင်ငံရဲ့သုသေသန ကွင်းပြင်ကြီးမှာ လူသားသုံးဦးကို လေ့လာ စမ်းသပ်ရင်း HIV ဗိုင်းရပ်စ်ပိုးကို ကာကွယ်ဟန့်တားနိုင်ခဲ့ပါတယ်။ သုသေသီတွေရဲ့ ပြောကြားချက်အ ရတော့ လက်ငင်းအသုံးပြုဖို့ရာအတွက် အဆင်သင့်မဖြစ်သေးဘူးလို့ဆိုထားပေမယ့်လို့ ၂၆ နှစ်ဆိုတဲ့ ကာလရှည်ကြာတဲ့တိုင်အောင် AIDS ဗိုင်းရပ်စ်ပိုးကို တစိုက်စိုက်မတ်မတ် ကြိုးစားရှာဖွေခြင်းရဲ့ ရလဒ်လို့ ပဲ ပြောရမယ်ထင်တယ်။ သိပ်မကြာခင် အချိန်ကတောင် သိပ္ပံပညာရှင်အတော်များများက ဒီရောဂါကပ် ဆိုးကို ကာကွယ်ဖို့ရာအတွက်မဖြစ်နိုင်တော့ဘူးလို့တောင် တွေးထင်ထားခဲ့ကြတာ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့ ကမ္ဘာ့ကုလသမဂ္ဂမှ UNAIDS ကိုယ်စားလှယ်ကတော့ လွန်ခဲ့တဲ့နှစ်များစွာ ထဲက ဒီရောဂါကို ထိထိရောက်ရောက်ကာကွယ်ချင်ခဲ့ပေမယ့် မဖြစ်နိုင်ခဲ့တာကြောင့် အခုလိုမျိုး တွေ့ရှိ ချက်အသစ်ဟာ သုသေသနနယ်ပယ်အတွက် လိုလားတဲ့ ပန်းတိုင်ရောက်ဖို့ရာ မျှော်လင့်ချက်တွေ တစ တစ ပိုမိုနီးကပ်လာတယ်လို့ ပြောဆိုသွားပါတယ်။ ဒါဟာ ကမ္ဘာ့ဆေးပညာ လောကအတွက်တော့ တ ကယ့်ကိုကြီးမားတဲ့ အပြောင်းလဲဖြစ်ရပ်ကြီးလို့ အမေရိကန် စစ်ဆေးသိပ္ပံခွဲစိတ်ရေးဌာနမှ ဗိုလ်ချုပ် အဲရစ်စကူးမေကာ ကပြောခဲ့သည့်အပြင် ဒီဆေးသိပ္ပံမှ ကမ္ဘာ့ကပ်ဘေးရောဂါကြီးဖြစ်တဲ့ AIDS ရောဂါ ကာကွယ်ဆေးအတွက် သုသေသနပြုဖို့ရာ ထောက်ပံ့ကူညီမှုပြုမယ်လို့ဆိုထားပါတယ်။ HIV ရောဂါကာ ကွယ်ဖို့ရာအတွက် သိပ္ပံပညာရှင်တွေစုစည်းပြီး နည်းလမ်းရှာဖွေခဲ့ကြတဲ့ အထဲမှာ ဒါဟာပထမဆုံး အ ကြိမ်ဖြစ်တယ်။ မဟာဗျူဟာအရ ဆိုတဲ့အကြောင်းပြချက်နဲ့ ကာကွယ်ဆေးအတွက် သုသေသနပြုလုပ် ကြရာမှာ အသွင်မတူတဲ့နည်းလမ်းတွေကို ရွေးချယ်ခဲ့ကြသလို အစောပိုင်းကာလတွေတုန်းက တသီးပုဂ္ဂ လိကဆန်ဆန် လေ့လာစမ်းသပ်ခဲ့ကြတယ်လို့ သိပ္ပံပညာရှင်တွေကဆိုထားပါတယ်။ အသွင်သဏ္ဍာန် မ တူတဲ့ HIV ရောဂါပိုးကူးစက်ခံရသူ ၃၁% ကျော်ခန့်ကို ဒီစမ်းသပ်မှုအတွက် စိတ်ပါဝင်စားတက်ကြွသူ ၁၆,၀၀၀ ကျော် ဦးရေကို သုသေသနပြုလုပ်ခဲ့ကြောင်း ဗန်ကောက်မြို့မှာအင်္ဂါနေ့က သုသေ သီတွေက ထုတ်ဖော်ပြောကြားသွားပါတယ်။ ဆုံးခန်းတိုင်သည့် ရလဒ်မဟုတ်သော်ငြားလည်း ဒီရောဂါကာကွယ်ဖို့ ရာအတွက် ထိရောက်ပြီးစိတ်ချရသည့် ပထမဦးဆုံး အထောက်အထားဖြစ်ကြောင်း သုသေသနအတွက် ဦးဆောင်ကူညီနေသူ စစ်ဖက်ဆိုင်ရာ ဆရာဝန်ဖြစ်သူ ဗိုလ်မှူးကြီး ဂျရုမ်းကင် ကပြောဆိုသွားပါတယ်။ ဒီ တွေ့ရှိချက်အပေါ် အခြေခံပြီး AIDS ရောဂါကာကွယ်ဆေးအတွက် ပိုမိုထိရောက်ပြီး ကောင်းမွန်တဲ့ သု သေသနဆိုင်ရာအသစ်တွေ ထွက်ပေါ်လာနိုင်တယ်လို့ ဒီလေ့လာမှုအတွက် ပူးပေါင်းတာဝန်ယူ ထောက် ပံ့ကူညီပေးနေတဲ့ National Institute of Allergy and Infectious Diseases မှ ညွှန်ကြားရေး မှူးဖြစ်သူ ဒေါက်တာအန်တော်နီဖာအူစီ ကတော့ အကောင်းမြင်ရှုထောင့်ကနေ သုံးသပ်ပြောဆိုသွား တယ်။ လားရာပွင့်သွားတဲ့အတွက် မြင်ကွင်းကျယ်သွားပြီး မျှော်လင့်ချက်ပန်းတိုင်ကိုပါ ခပ်ရေးရေးမြင် နေရလို့ အတူလက်တွဲပြီး သုသေသနဆိုင်ရာ အသစ်တွေ့ရှိချက်ကို ဖော်ထုတ်ကြဖို့ကို ပါတိုက်တွန်း သွားတယ်။

လာမည့်ရက်သတ္တပတ်အတွင်း နယူးရောက်မြို့မှာ သုသေသီပေါင်းများစွာအပြင် ကာကွယ်ဆေးအ တွက် ၀ိုင်းဝန်းလုပ်ဆောင်နေသူတွေနဲ့ ဒီစီမံကိန်းအပေါ်ထဲထဲဝင်ဝင် ထောက်ပံ့ကူညီမယ့် အလှူရှင် တွေ၊ AIDS ရောဂါနဲ့ပတ်သက်ပြီး သုသေသနလုပ်နေတဲ့ သိပ္ပံပညာရှင်တွေ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အ စည်း၊ ငွေကြေးဆိုင်ရာထောက်ပံ့တဲ့ အဖွဲ့အစည်းတွေ ပမာဆိုရသော် ဘီလ် နဲ့ မလင်းဒါဂိတ် ဖောင်ဒေး ရှင်းလိုမျိုး၊ သက်ဆိုင်ရာအာဏာပိုင်တွေဟာ ရှေ့ဆက်လုပ်ဆောင်ရမယ့် အစီအစဉ်နဲ့ပတ်သက်ပြီး တွေ့ ဆုံဆွေးနွေးဖို့ရှိတယ်လို့ ကမ္ဘာ့ HIV ကာကွယ်ရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ အဲလန် ဘားန်စတိန်းက ထုတ်ဖော်ပြောဆိုပါတယ်။ ဒီတွေ့ဆုံဆွေးနွေးပွဲမှာ ထိုင်းစစ်ဖက်ဆိုင်ရာဆေးသိပ္ပံနဲ့ တ သီးပုဂ္ဂလိက သိပ္ပံပညာရှင်တွေပါ တက်ရောက်ကြလိမ့်မယ်။ ကမ္ဘာတ၀ှမ်းမှာရှိတဲ့ သိပ္ပံပညာရှင်တွေက ပထမဆုံးအကြိမ် ဒီအောင်မြင်မှုအပေါ် ချီးကျူးထောပနာ ပြုကြတယ်။

၁၉၈၀ ပြည့်လွန်နှစ်တွေထဲက AIDS ရောဂါကာကွယ်ဆေးအတွက် ၁၀ နှစ်အချိန်ယူလုပ်ဆောင် မယ်ဆို တဲ့ အသံတွေကို ကျနော်တို့ ကြားနေခဲ့ကြရတယ်။ ဘ၀တလျှောက်လုံးမှာ ပထမဆုံးအကြိမ် ခံစားမိတာ ကတော့ ကျနော်တို့ဟာ လမ်းကြောင်းမှန်ပေါ်ကိုရောက် နေပြီလို့ Access Project မှာတာဝန်ယူ လုပ် ဆောင်နေတဲ့ ကိုလံဘီယာ တက္ကသိုလ်မှ ပြည်သူ့ကျန်းမာရေးရာ ကျွမ်းကျင်သူအဖြစ်နဲ့ ရ၀မ်ဒါနိုင်ငံ AIDS ရောဂါကူညီစောင့်ရှောက်ရေး ဌာနမှာပါ ကူညီလုပ်ဆောင်ပေးနေသူ ဂျိုးစ်ရူဇင် ကပြောပါတယ်။

ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ဒီလေ့လာမှုအတွက် လမ်းညွှန်မှုတွေပေးခဲ့သလို အမေရိကန် စစ်ဖက်ဆိုင်ရာကလည်း ထိုင်းအစိုးရနဲ့ နှစ်ရှည်လများပူးတွဲပြီး ကာကွယ်ဆေးနဲ့သက်ဆိုင်တဲ့ စမ်းသပ်မှု များပြုလုပ်ခြင်း၊ စစ်ဖက်ဆိုင်ရာဝန်ထမ်းများနဲ့ အရပ်ဘက်ဆိုင်ရာ ပြည်သူလူထုကို ကာကွယ်ဖို့ရာ အ တွက် အတူပူးတွဲပြီး ဆေးဖက်ဆိုင်ရာ ဖွံဖြိုးတိုးတက်မှုကို လုပ်ဆောင်ခဲ့ကြတယ်။ ထိုင်းနိုင်ငံအတွက် တော့ HIV ဟာ အဓိကပြဿနာတရပ်လိုဖြစ်နေတော့ လေ့လာဖို့ရာအတွက် ဖိအားတရပ်ပေးသလို ဖြစ်နေတာပေါ့၊ ဒီလိုဆိုလိုက်လို့ အမေရိကန်၊ အာဖရိက ဒါမှမဟုတ်မသိမမြင်နိုင်ရတဲ့ ကမ္ဘာကြီးရဲ့ ထောင့်တနေရာမှာ ရှိနေတဲ့ရောဂါကို ကာကွယ်ဖို့ရာအတွက် သိပ္ပံပညာရှင်တွေဟာ အတော်လေးကို စိတ်ဖိဆီးမှု ဝေဒနာကို ခံစားနေကြရရှာတယ်။

ကာကွယ်ဆေးဆိုင်ရာ အကူအညီပေးမှုဟာ အဆိုးအကောင်းလို့ဆိုရမဲ့ ပါးလွှာတဲ့ခြားနားမှုကြောင့် အ တော့်ကို အန္တရာယ်နဲ့နီးကပ်တယ် လို့ဆိုရမယ်။ UNAIDS ရဲ့ခန့်မှန်းတွက်ဆချက်အရ တကမ္ဘာလုံး အ တိုင်းအတာနဲ့ဆိုရသော် နေ့စဉ်လူ ၇,၅၀၀ ခန့်ဟာ HIV ရောဂါပိုး ကူးစက်ခံနေရပြီး ၂၀၀၇ ခုနှစ်အတွင်း AIDS ရောဂါကြောင့် လူနှစ်သန်းဟာ အသက်ဆုံးရှုံးခဲ့ကြရတယ်။ Prime-boost ဆိုတဲ့ ချဉ်းကပ်မှုအ တိုင်း နည်းလမ်းနှစ်သွယ်နဲ့ ရောဂါကာကွယ်ဆေးကို စမ်းသပ်လေ့လာရာ ပထမနည်းဖြစ်တဲ့ အစကနဦး ထဲက ခုခံနိုင်စွမ်းမရှိ တဲ့ နည်းလမ်းသုံးပြီး HIV ဗိုင်းရပ်စ်ပိုးကိုတိုက်ခိုက်ခြင်းနဲ့ ဒုတိယနည်းလမ်းဖြစ်တဲ့ အင်အားအလုံအလောက်ရှိပြီးမှ တုန့်ပြန်တိုက်ခိုက် နည်းတွေနဲ့ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ပါတယ်။

ALVAC ကို ရောဂါရှာဖွေရေးနဲ့ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ ဆာနိုဖီပါစတီအာ က ပြင်သစ် လူမျိုးဆေးဝါးကျွမ်းကျင်သူ ဆာနိုဖီ အာဗင်တီစ်မှဖော်စပ်သလို AIDSVAX ကိုတော့ VaxGen ကုမ္ပဏီ ကြီးမှ အစပြုပြီးတိုးတက်အောင်ပြုလုပ်ခဲ့ သလိုအခုနေ အခါမှာတော့ VaxGen က ၀န်ထမ်းတချို့ဟာ လူမှုရေးဆိုင်ရာလုပ်ငန်းအဖြစ် အသွင်ပြောင်းပြီး ကမ္ဘာ့နေရာအနှံ့အပြားက ကူးစက်ရောဂါနဲ့ သေဆုံးမှု ပြဿနာတွေကို ကူညီဖြေရှင်းပေးနေတယ်။ ALVAC ကို ကနေရီငှက်ရဲ့ဆစ်ဖလစ်ရောဂါဗိုင်းရပ်စ်ပိုးမှ အသွင်ပြောင်းပြီး အသုံးပြုထားတာဖြစ်သလို လူ့အသက်အန္တရာယ်ကိုတော့ ထိခိုက်မှုတစုံတရာမရှိနိုင် ပေမယ့်လို့ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ HIV ဗီဇမျိုးစေ့တွေဆီကို သယ်ဆောင်ကူးပြောင်းပြီးပေါင်းစပ်စေ တယ်။ AIDSVAX ကျတော့ HIV ဗိုင်းရပ်စ်ပိုးရှိတဲ့ မျက်နှာပြင်တ၀ိုက်မှာ ဇီဝဗေဒ အင်ဂျင်နီယာနည်းနဲ့ အသွင်ပြောင်းလုပ်ဆောင်တယ်။ ဒီရောဂါကာကွယ်ဆေးဟာ ဗိုင်းရပ်စ်အကုန်လုံးကို မကာ ကွယ်နိုင် သလို သေဆုံးခြင်း ဒါမှမဟုတ် ရှင်သန်ခြင်းနဲ့ HIV ရောဂါပိုးကြောင့်ရယ်လို့တော့မဟုတ်ပါဘူး။

ဒီလေ့လာစမ်းသပ်မှုမှာ ရောဂါကူးစက်မှုကြောင့် HIV အနှုတ်လက္ခဏရှိသူ အသက် ၁၈ မှ ၃၀ နှစ်အ တွင်းရှိ ထိုင်းအမျိုးသားနဲ့ အမျိုးသမီးတွေကို ရောနှောပြီးစမ်းသပ်စစ်ဆေးပါတယ်။ တ၀က်ကိုတော့ အ စကနဦးထဲက ခုခံနိုင်စွမ်းမရှိတဲ့ နည်းလမ်းအတိုင်း ALVAC ဆေးလေးခွက်စာသောက်သုံးစေပြီး ကျန်တ ၀က်ကိုတော့ ဒုတိယနည်းလမ်းဖြစ်တဲ့ အင်အားအလုံအလောက်ရှိပြီးမှ တိုက်ခိုက်တဲ့ AIDSVAX သောက်ဆေးနှစ်ခွက်စာနဲ့ ခြောက်လကျော်ကြာအောင်စမ်းသပ်သလို တခြားကျန်ရစ်သူတွေကိုတော့ ဟန်ပြအနေဖြင့်သာ တိုက်ကျွေးစေတယ်။ ဒီလေ့လာစမ်းသပ်မှု ဘယ်အချိန်မှာ ပြီးဆုံးမယ်ဆိုတာက တော့ ဘယ်သူတဦးတယောက်မှ မသိကြပါဘူး။ စေတနာ့ဝန်ထမ်းအနေနဲ့ ၀င်ရောက်လေ့လာမှုပြုတွေ ကိုတော့ သုသေသနမပြုလုပ်ခင်ကတည်းက ကာကွယ်ဆေးအတွက် စမ်းသပ်ပြုလုပ်မှာဖြစ်ကြောင်း ကြို တင်အသိပေးပြောကြားထားတာတွေတော့ရှိပါတယ်။ ကိုယ်စီတိုင်းကို ကွန်ဒုံးပေးထားခြင်း၊ လိင်ဆက်ဆံ မှုနဲ့ သက်ဆိုင်သော ပညာပေးလုပ်ဆောင်ခြင်းများအပြင် လိင်မှတဆင့် ရောဂါကူးစက်ပျံ့နှံ့နိုင်ကြောင်းနဲ့ HIV ရောဂါအတွက် ခြောက်လကြာ စမ်းသပ်လုပ်ဆောင်မည့် အကြောင်းသတိပေးပြောကြားမှုတွေ ရှိပါ တယ်။ မည်သူမဆို ရောဂါကူးစက်မှုတစုံတရာရှိခဲ့ပါက ဆေးဝါးကုသခံယူဖို့ရာအတွက် အခမဲ့ဝန်ဆောင် မှုပေးမှာဖြစ်တယ်။ HIV ပိုးအတွက်စမ်းသပ်စစ်ဆေးသူအားလုံးဟာ သုံးနှစ်အတွင်း ခြောက်လတခါ လုပ် ဆောင်မှာဖြစ်ပြီး ကာကွယ်ဆေးသက်တမ်းကာလဟာ ကုန်ဆုံးမှာဖြစ်တယ်။

ရလဒ်
ကူးစက်မှုအသစ်အရထွက်ပေါ်လာတဲ့ ရလဒ်ကတော့ ကာကွယ်ဆေးလက်ခံရရှိသူတွေဟာ ၅၁ မှာ ၈,၁၉၇ ထွက်ပေါ်လာပြီး ဟန်ပြ ဆေးတိုက်ကျွေးမှုကို လက်ခံရသူတွေရဲ့ ရလဒ်ကတော့ ၇၄ မှာ ၈,၁၉၈ ပဲဖြစ်တယ်။ ကာကွယ်ဆေးသုံးစွဲတဲ့ အစုအဖွဲ့ဟာ ကူးစက်မှု နှုန်းထားအောက် ၃၁% ဆိုတဲ့ရလဒ် ထွက် ပေါ်လာသလို ပါဝင်သူနှစ်ဦးကတော့ ရောဂါကူးစက်ခံရမှုကြောင့်သေဆုံးသွားရရှာတယ်။

သိပ္ပံပညာရှင်တွေဟာ သဏ္ဍာန်မတူတဲ့ ကာကွယ်ဆေးနှစ်မျိုး ဘာကြောင့်ပူးတွဲတိုက်ဖျက်ကြသလဲဆို တာကိုတော့ အဖြေရှာမရသေးဘူးလို့ အစိုးရဌာနမှ သိပ္ပံပညာရှင်တဦးဖြစ်ပြီး HIV ဗိုင်းရပ်စ်ပိုးကြောင့် AIDS ရောဂါဝေဒနာခံစားနေရသူတွေကို အကူအညီ ပေးခြင်းအပြင် လူမှုရေးအသင်းအဖွဲ့ဖြစ်တဲ့ AIDSVAX အဖွဲ့ကိုဦးဆောင်နေသူ ဒေါက်တာ ဒိုနယ်ရ်ဖရန့်စစ် ကပြောပါတယ်။ AIDSVAX ဟာ ခန္ဓာ ကိုယ်အတွင်းမှာရှိနေတဲ့ HIV ရောဂါပိုးကို ချက်ချင်းဆိုသလို ကာကွယ်တိုက်ခိုက်ဖို့ရာအတွက်ကို ရည် ရွယ်ထားခြင်းဖြစ်တယ်။ ဆာနိုဖီရောဂါကာကွယ်ဆေးဟာ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ဆဲလ်တွေကို ဆွ ပေးပြီး ဗိုင်းရပ်စ်ပိုးကို ဦးတည်တိုက်ခိုက်တာဖြစ်တယ်။ ဖရန့်စစ်ရဲ့အဆိုအရတော့ ဆန့်ကျင်ဘက်အရာ တွေကို ပေါင်းစပ်လိုက်တဲ့ မဟာဗျူဟာ တရပ်လို့ပဲဆိုရတော့မှာပေါ့။ ဘာကြောင့် တချို့တွေကြတော့ ရောဂါကူးစက်ခံရပြီး တချို့လူတွေကြတော့ မဖြစ်သလဲဆိုတာ ပူးပေါင်းပါဝင်လာသူတွေ နားလည်သ ဘောပေါက် သိရှိလာဖို့ရာအတွက် သိပ္ပံပညာရှင်တွေဟာ နမူနာသွေးစစ်ချက်ကိုရယူဖို့လိုအပ်တယ်။ ကာကွယ်ဆေးပမာဏဟာ လက်ရှိအနေအထားအရတော့ အကန့်အသတ်နဲ့သာရှိပြီး နယ်ပယ်ကျဉ်း ကျဉ်းလေးကိုသာ သုသေသနလုပ်ခဲ့ရပေမယ့်လို့အကောင်းဆုံးဖြစ်အောင် ကျနော်တို့လုပ်ဆောင်ခဲ့တယ် လို့ ဖရန့်စစ်ကပြောဆိုသွားပါတယ်။ ဆာနိုဖီ က၀န်ထမ်းတွေကလည်း ဒီသဘောထားအတိုင်းပါပဲ။ ဒီ ကုမ္ပဏီရဲ့ ဒေါက်တာ ဆန်ဂျေးဂူရန်နာသန် ရဲ့ သဘောကတော့ စဉ်ဆက်မပြတ်လေ့လာဖို့ရာအတွက် နှစ်ကာလတို စီမံကိန်းချလုပ်ဆောင်ဖို့ လိုအပ်သလို ကာကွယ်ဆေးကို ဒီ့ထက်ကောင်းမွန်ဖို့ရာအတွက် တခြားသော ယှဉ်ပြိုင်ဘက်အသစ်တွေကလည်း boost နည်းလမ်းကို အခြေပြုစဉ်းစားပြီးလုပ်ဆောင် လာနိုင်သည့်အတွက် မူပိုင်ခွင့်လိုအပ်ကြောင်းကိုပါထည့်သွင်းပြောဆိုသွားတယ်။ AIDS နဲ့ ပတ်သက်တဲ့ သုသေသနကိုဒီ့ထက်ပိုမို ကျယ်ပြန့်စွာလုပ်ဆောင်မယ်ဆိုရင်တော့ ဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းတွေ ဟာ အခရာကျလာပြီ။

နယူးယောက် အခြေစိုက် Community HIV/AIDS Mobilization Project မှ ဥပဒေကြောင်းဆိုင်ရာ အကြံပေးရေးအဖွဲ့မှပြောရေးဆို ခွင့်ရှိသူ ဂျူလီယာဒေးဗစ် ကတော့ ခုနေအခါ ဒီကာကွယ်ဆေးသုံးစွဲမှုနဲ့ ပတ်သက်ပြီး အငြင်းခုံပြုနေကြမယ့်အစား တွေ့ရှိချက်အပေါ် အခြေပြုပြီး တစိုက်မတ်မတ်လုပ်ဆောင်ဖို့ ကို အလေးထားပြောဆိုသွားတယ်။ ထိုင်းနိုင်ငံမှာ ဒီသုသေသနပြုချက် ဘာလို့အောင်မြင်ပြီး ဆုံးသွားရ သလဲဆိုတော့ AIDS ရောဂန္တရကပ်ဆိုက်တဲ့ ဗဟိုချက်မဟာ ထိုင်းနိုင်ငံဖြစ်နေတဲ့အတွက်ကြောင့် အမေ ရိကန် သိပ္ပံပညာရှင်တွေဟာ သုသေသနကို လာရောက်လုပ်ကိုင်တာဖြစ်သလို ကာကွယ်ဆေးတိုက် ကျွေးဖို့ရာအတွက် မျိုရိုးဗီဇဆိုင်ရာနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ရရှိနိုင်သလို ထိုင်းအစိုးရအ နေနဲ့ သုသေသနလုပ်ဖို့ရာအတွက် အကြံဥာဏ်အပြင် အကောင်းဆုံးထောက်ပံ့မှုတွေ ပေးတဲ့အတွက် ကြောင့်လည်းဖြစ်တယ်။ AIDS နဲ့ ပတ်သက်ပြီး ပွဲဦးထွက်သုသေသနပြုလုပ်ထဲက ထိုင်းအစိုးရဟာ အောင်မြင်မှု တွေရခဲ့တယ်။ ဒီလေ့လာမှုတခုလုံးအတွက် ၁၆,၀၀၀ ထက်မကတဲ့ လူပေါင်းများစွာရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် ကူးစက်ခံရသူပေါင်း ၁၂၅ ယောက် ထွက်ပေါ်လာသလို မထင်မှတ်ထား လောက်အောင်ကို အောင်မြင်မှုအပေါင်းက ဆီးကြိုနေတာကတော့ ကြိုးပမ်းအားထုတ်မှုရဲ့ ရလဒ်လို့ပဲ ဆိုရမှာပေါ့။

သိပ္ပံပညာရှင်တွေကတော့ ဒီကာကွယ်ဆေးရဲ့ သက်ရောက်မှုအချိန်ပမာဏကို သိချင်နေကြသလို အင် အားအလုံအလောက်ရှိပြီးမှ တိုက်ခိုက်တုံ့ပြန်မှု စွမ်းရည်မြင့်မားလာခြင်း ဟုတ်မဟုတ် သိဖို့လိုအပ်လာတဲ့ အပြင် ဒီကာကွယ်ဆေးဟာ လိင်တူဆက်ဆံလို့ ကူးစက်သူတွေအပေါ်မှာရော အကာအကွယ်ပေးနိုင် သလားနဲ့ ဒါမှမဟုတ် မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ကူးစက်သူတွေအပေါ်မှာရော ဘယ်လို အကျိုး သက်ရောက်မှုရှိသလဲဆိုတာကို အတော်လေးသိချင်နေကြတယ်။ ဒီရောဂါကာကွယ်ဆေးဟာ HIV ပိုး ကူးစက်ခံရပြီးသား လူတယောက်ရဲ့ သွေးအပေါ်မှာတော့ ဘယ်လိုမှအကျိုးသက်ရောက်မှုမရှိတဲ့ ဒီကာ ကွယ်ဆေးဟာ ခုခံအားနည်းပါးမှုအပေါ်မှာ အကန့်အသတ်နဲ့ ချေဖျက်နိုင်ရှိလားဆိုတာနဲ့ ရောဂါပိုးကူး စက်ခံရပြီးသား သူတွေအပေါ်မှာထပ်ပြီးဆိုးကျိုးကို ဖြစ်သလားဆိုတာကိုတော့ နောက်ထပ်လေ့လာမှု တွေ ပြုလုပ်ရမှာဖြစ်တယ်။ သမရိုးကျမဟုတ်တဲ့ အစပျိုးအောင်မြင်မှုဟာ အလွန်တရာကိုအရေးပါလှ သလို သိပ္ပံပညာရှင်တွေကတော့ ဒီရောဂါအပေါ် ဘယ်လောက်အတိုင်းအတာထိ ကာကွယ်နိုင်မလဲ ဆိုတာကတော့ မှန်းဆတွက်ချက်နေတုန်းပဲ ဆိုတာရယ် အဆုံးသတ်ကောက်ချက်ဆွဲလို့ မရသေးတဲ့ အ တွက် ဆန္ဒစောပြီးမထုတ်ဖော်ဖို့အင်မတန် အရေးကြီးကြောင်း ဖူဆီ က ကောက်ချက်ချ သုံးသပ်သွား တယ်။

မန်ဇူး(ဘာသာပြန်သည်)
မူရင်းစာမျက်နှာ http://news.yahoo.com/s/ap/20090924/ap_on_he_me/med_aids_vaccine
...

2 comments:

Anonymous said...

http://dts-medicaleducation.blogspot.com/ မှာ ကူးယူဖေါ်ပြခွင့်ပြုစေလိုပါသည်။

Anonymous said...

သဏ္ဌာန်၊ တသီးပုဂ္ဂလသိပ္ပံပညာရှင်၊ အနှုတ်လက္ခဏာ၊ တို့ကို သတ်ပုံ ပြင်လိုက်ပါသေးတယ်။