Children of conflict BBC World service (Human right issues)
ထိခိုက် ဒဏ်ရာရ ကလေး ၆ သန်း
ပထမကမ္ဘာစစ်တွင်း အရပ်သားထိခိုက်မှုဟာ ၅ ရာခိုင်နှုန်း၊ ဒုတိယ ကမ္ဘာစစ်တွင်း အရပ်သားထိခိုက်မှု ၄၈ ရာခိုင်နှုန်းနဲ့ ယနေ့ကာလ စစ်ပွဲတွေအတွင်း အရပ်သား ထိခိုက်ဒဏ်ရာ ရရှိမှုဟာ ၉၀ ရာခိုင်နှုန်း အထိမြင့်တက်လာပြီး ဒီအထဲမှာမှ အမျိုးသမီးနဲ့ ကလေးအရေအတွက် ဟာ အများဆုံးဖြစ်နေတယ်။ အိုလာရာ ကမ္ဘာ့ကုလသမဂ္ဂ အထူးကိုယ် စားလှယ် (ကလေးများနဲ့ လက်နက်ကိုင် အဖွဲ့အစည်းကြား ပဋိပက္ခ)
လွန်ခဲ့တဲ့ ၁၀ နှစ် အတွင်း လက်နက်ကိုင်ပဋိပက္ခ တိုက်ပွဲများကြောင့် ကလေး ၆ သန်းခန့်ဟာ မြေဇာပင်ဖြစ်ပြီး ထိခိုက်နာကျင်မှုတွေ ခံစားခဲ့ကြရတယ်။ ဒီစစ်ပွဲတွေကြောင့် ကလေးတွေဟာ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာမှာ ထိခိုက်ခံစားနေခဲ့ကြရတယ်။
ထိခိုက်မှုတွေ
၁၂ နှစ် အရွယ် ရှမ်ဆာ ဟာ ဆိုမာလီယာ ပြည်တွင်းစစ်ကြောင့် ထိခိုက်ဒဏ်ရာရသူထဲက တဦးပေါ့။ လက်နက်ကိုင် လူမျိုးစု အချင်းချင်းကြား အပြန်အလှန် တိုက်ခိုက်မှုတွေကြောင့် ဆိုမာလီယာ နိုင်ငံမှာ ကောင်းမွန်တဲ့ အစိုးရတရပ်ဆိုတာ လွန်ခဲ့တဲ့ ၈ နှစ်လောက်ကတည်းက မရှိခဲ့ဘူး။ ဖခင်ပျောက်ကို ရှာပုံ တော်ဖွင့် နေစဉ်မှာပဲ သူမတို့ရဲ့ အိမ်အပါအ၀င် ကျေးရွာတခုလုံး ဗုံးထိမှန်ပြီး ပျက်စီးပါလေရော။ လူမျိုးစု လက်နက်ကိုင်တွေရဲ့ အချင်းချင်းပစ်ခတ်မှုကြားထဲမှာ သူမရဲ့ လက်နှစ်ဖက်ဟာ ဆုံးရှုံးခဲ့ရတယ်။ အာဖ ဂန် ဒုက္ခသည်တဦးဖြစ်တဲ့ ဇမာရေး ကတော့ ရုရှစစ်တပ်တွေ အာဖဂန်နစ္စတန်မှာ အခြေစိုက်ထားတုန်း ဗုံးပေါက်ကွဲမှုကြောင့် အပြင်းအထန် ထိခိုက်ဒဏ်ရာရခဲ့သူလေးပဲ ဖြစ်တယ်။
စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု
စစ်ပွဲ ဖြစ်ပွားရာ နယ်နိမိတ်အတွင်း မိဘ၊ ဆွေမျိုးအသိုင်းအ၀ိုင်းအားလုံး အသက်ဆုံးရှုံးခဲ့ကြရသလို ကိုယ်တိုင်လည်း အသက်ပျောက်ပြီလို့ ယုံကြည်ထားရာမှ ဒီကလေးတွေဟာ သက်ရှင်ကျန်နေရစ်ခဲ့ကြ တယ်။ စိတ်ပိုင်းဆိုင်ရာကို ကုသတဲ့ ကျန်းမာရေးလုပ်သားတွေရဲ့ သုံးသပ်ချက်အရတော့ အိပ်မက်ဆိုး ကြီးဟာ ဒီကလေးငယ်တွေကို ခြောက်လှန့်နေသရွှေ့တော့ စိတ်ပိုင်းဆိုင်ရာမှာ ချို့ယွင်းမှုတွေ ရှိနေအုန်း မှာပဲ။ ခန့်မှန်းချေတွက်ချက်မှုအရ ပြီးခဲ့သော ဆယ်စုနှစ်အတွင်း စစ်ပွဲကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်သူ ကလေးဦးရေဟာ ၁၀ သန်းဝန်းကျင်ခန့် ရှိတယ်။
ချေချင်ညှာ ဒေသမှာ ပြည်တွင်းစစ်ဟာ ဆက်တိုက်ဆိုသလို ဖြစ်နေတဲ့အတွက်ကြောင့်် နေ့စဉ်နဲ့ အမျှ ဆိုသလို ထိခိုက်ဒဏ်ရာရမှုတွေက ရှိနေတာပေါ့။ မူရင်းဌာနေကိုစွန့်ခွာခဲ့ကြတဲ့ အရပ်သား ၂ သိန်း ကျော်ထဲမှာ ကလေးတွေကတော့ အများဆုံးပေါ့။ ကျန်နေရစ်ခဲ့တာကလည်း သောင်းဂဏန်း ဦးရေ လောက်သာရှိတယ်။ အန္တရာယ်ဟာ လက်တကမ်းမှာသာရှိနေကြောင်း အရေးပေါ်ကြေငြာချက် ထုတ် ပြန်ခဲ့ပေမယ့်လို့ ချေချင်းညှာမြို့တော် ဂရော့ဇနီးမှာ လူဦးရေ သုံးသောင်း ကျော်ကျော်ခန့်ဟာ ဆက် လက်နေထိုင်ကြသေးတယ်။ ရုရှဖက်ဒရယ် စစ်တပ်ဟာ ဇန်န၀ါရီလမှာ စတင်တိုက်ခိုက်ခဲ့ပြီး မြို့တော်ရဲ့ လေးပုံတပုံခန့်ဟာ ပြားပြားဝပ်ခဲ့ရတယ်။ ချေချင်းညှာမှာရှိတဲ့ ကလေးအများစုဟာ စစ်ပွဲနဲ့အတူ ကြီးပြင်း လာခဲ့ကြရတယ်။ ၁၉၉၄-၁၉၉၆ ခုနှစ် စစ်ပွဲကာလမှာ ငြိမ်းချမ်းရေးစကားသံ တချို့ထွက်လာခဲ့ပေမယ့် လို့ ပဋိပက္ခတွေကြားသွေးချောင်းစီးတိုက်ပွဲ တွေဆက်လက်ဖြစ်ပေါ်လာနေတုန်းပါ။ ဂရော့ဇနီးမှာ အခြေ ချနေထိုင်တဲ့ BBC သတင်းထောက် ဆာပီးရက်ဒက်ခ်ရှ်ကေဗါရဲ့ မော်စကိုသို့ပေးပို့တဲ့ အစီရင်ခံစာအရ ခြောက်နှစ်မှ ခုနှစ်အရွယ်ကြား ကလေးငယ်အတော်များများဟာ သေနတ်ကျည်ဆံ ထိမှန်ခံရခြင်းနဲ့ ဗုံး ပေါက်ကွဲမှုတို့ကြောင့် သေကျေပျက်စီးခဲ့ကြရတယ်။ ဒီကလေးတွေက သူတို့ရဲ့ ကလေးငယ်တွေဆိုတာ သိရက်နဲ့ သမရိုးကျ ဖြစ်ရိုးဖြစ်စဉ် တခုလို သဘောထားနေတာက အတော်ကိုဆိုးတာပဲ။
မြေမြုပ် မိုင်းတွေ
အာဖဂန်နစ္စတန်နိုင်ငံဟာ ကမ္ဘာတ၀ှမ်းလုံးမှာ မြေမြုပ်မိုင်းအများဆုံး နိုင်ငံတခုဖြစ်ပြီး ခန့်မှန်းချေအရ မြေ မြုပ်မိုင်း အလုံး ၁၀ သန်းဝန်းကျင်ဟာ အာဖဂန်နစ္စတန်ရဲ့ မြေကြီးအောက်မှာရှိနေပြီး ထိခိုက်ဒဏ်ရာရ ရှိမှုနဲ့ သေကျေပျက်စီးမှု အများဆုံးပေးနေတယ် ဒီအထဲကမှ ကလေးတွေကတော့ အများဆုံးပေါ့။ ၁၅ နှစ်အရွယ် ကွာလမ်လေးဟာ မြေမြုပ်မိုင်း တက်နင်းမိလို့ ခြေထောက်ဆုံးရှုံးခဲ့ရ သူလေးပေါ့။
ထိခိုက် ပျက်ဆီးခြင်း
ပဋိပက္ခတွေ အဆုံးသတ်ပြီး နေ့သစ်ကိုရောက်ဖို့ကတော့ ကလေးတွေအတွက် အတော့်ကိုရှည်ကြာအုံး မှာပဲ။ စစ်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုနဲ့ ထိခိုက်ဒဏ်ရာရတဲ့ ကလေးတွေကိုသာ ဆိုလိုခြင်းမဟုတ်ပဲ တချိန်မှာ လူလတ်ပိုင်းဖြစ်လာပြီး ဘ၀ရပ်တည်ရေးအတွက် လိုအပ်တဲ့သက်မွေးဝမ်းကျောင်း ပညာသင် ကြားပေးဖို့ရာအတွက် အကူအညီပေးမှုတွေလိုအပ်တယ်။ ပြည်တွင်းစစ်ရှည်ကြာလာတာနဲ့အမျှ တိုင်း ပြည်အတော်များများဟာ သံယံဇာတအရင်းအမြစ်တွေ လျော့နည်းလာပြီး ပျက်စီးဆုံးရှုံးသွားတဲ့ စာသင် ကျောင်းနဲ့ ဆေးရုံလိုအခြေခံအဆောက်အအုံတွေ ပြန်လည်တည်ဆောက်ဖို့ လိုအပ်လာတယ်။ ကလေး အများစုဟာ ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြုစုစောက်ရှောက်မှုအပြင် ပညာရေးပိုင်းမှာ ပါ ချို့ယွင်းအားနည်းချက်တွေရှိတာကြောင့် အချိန်ယူဖို့လိုအပ်တယ်။ ဥပမာအနေနဲ့ပြောပြရရင် ဖာ ၀က်ဒ် ရဲ့ ညီမထွေးလေး အပြင်းဖျားလို့ ဆေးရုံတင်ထားရချိန် အောက်ဆီဂျင်ပေးဖို့လိုအပ်လာပါရော ပြ ဿနာက ဆေးရုံမှာဘာမှ လုံလုံလောက်လောက် မရှိတာခက်တယ်။
ကယ်တင်ခြင်း
အာဖဂန်ဒုက္ခသည်စခန်းမှာ ကလေးတွေအတွက် ပညာရေးဆိုင်ရာလေ့ကျင့် သင်ကြားပေးမယ့် အစီစဉ် တွေကို စတင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီး UNHCR ရဲ့ ဘဏ္ဍရေးဆိုင်ရာ အထောက်အပံ့ တစုံတရာတော့ ရပါတယ်။ ကလေးတွေရဲ့ စိတ်သောကတွေကို ဖြေဖျောက်ပေးနိုင်ဖို့နဲ့ ဘ၀တွေကို လက်တွေ့ဖြတ်သန်းရင်း သူတို့ရဲ့ အိက်ပ်မက်တွေကို အကောင်အထည်ဖော်ပေးဖို့လိုတယ်။ အီရန်မှာရှိ တဲ့ အာဖဂန်ဒုက္ခသည် သန်းဝက်ထဲက တယောက်ဖြစ်တဲ့ အာဖဂန်ကဗျာဆရာမ ဖာရီကာဂျဝါဒ် မဟာ ဂျာ ဟာ ကလေးတွေအတွက်ရည်ရွယ်ပြီး ကဗျာတပုဒ် ကိုသီးသန့် သီကုံးဖွ့ဆိုထားတယ်။ နာကျင် ထိ ခိုက်ခံစားခဲ့ကြရတဲ့ ကလေးတွေရဲ့ ဖွင့်ဟဖော်ထုတ်ချက်တွေကို အတူမျှဝေ ခံစားကြည့်ကြရအောင်။
ရှမ်ရှာ ရဲ့ ဘဝ
သေလား၊ ရှင်လား ဆိုတာမသိတဲ့ အဖေ့ကိုထွက်ရှာဖို့ရာအတွက် တိုက်ခိုက်ခံရမှုတွေအပြီးမှာ ကျနော် ထွက်လာခဲ့တယ်။ မြို့ထဲကိုသွားနေတုန်းမှာပဲ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ပါလေရော။ လေးလတာ ကာလအတွင်းမှာပဲ အမေနဲ့ညီလေးကိုထပ်မံဆုံးရှုံးခဲ့ရသလို ကျနော်လည်း ဆေးရုံမှာ ခြောက်လ လောက်ဆေးကုသမှုခံယူလိုက်ရတယ်။ ဒီဖြစ်ရပ်ဆိုးတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်ကြောင့် စိတ် ပိုင်းဆိုင်ရာအပြင် ရုပ်ပိုင်းဆိုင်ရာအရပါ ဆုံးရှုံးသွားတဲ့ ကျနော်ရဲ့ လက်နှစ်ဖက် ကိုလည်းပြန်လည် ပြု ပြင်ချင်သေးတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော် လက်နှစ်ဖက်စလုံး အလုပ်လုပ်နေတာကို ကျနော် ကိုယ်တိုင် မြင်ချင်တယ်။ ခုနေအခါမှာတော့ ကိုယ်အင်္ဂါအစိတ်အပိုင်း ဆုံးရှုံးထားရတဲ့အတွက် စားရေး၊ သောက်ရေးကအစ သူတကာရဲ့ အကူအညီကို လက်ခံယူနေရတယ်။ စစ်ပွဲတွေအားလုံးပြီးဆုံးသွားပြီး ငြိမ်းချမ်းတဲ့ဘ၀ကို တောင့်တမိတယ်ဗျာ။ ဒါမှလည်း ပညာရေးကို ဆက်လက်လေ့လာနိုင်မှာဖြစ်သလို ဆေးပေးခန်းတွေကလည်း ပြန်လည်အသက်ဝင်လာပြီး ပြန်လည်ကုသနိုင်မှာမို့လား။ ကျနော်နဲ့ သာ သက်ဆိုင်မှုရှိပြီး ပြောခွင့်ရမယ်ဆိုရင်ပေါ့လေ သက်တူရွယ်တူတွေထဲမှာ ကျနော့်လိုဆုံးရှုံးမှုမျိုး ဘယ်သူ မှ မရှိဘူးဆိုတာနဲ့ စစ်ပွဲကို စတင်ဖန်တီးသူတွေကိုရော စစ်ကိုရပ်စဲလိုက်ဖို့နဲ့ အပြစ်မဲ့ကလေးတွေရဲ့ ဘ၀ တွေကို ထပ်မဖျက်စီးဖို့ တောင်းဆိုချင်တယ်ဗျာ။
ဇမာရေး ရဲ့ ဘဝ
အိမ်အပြန်လမ်းမှာ သူငယ်ချင်းတယောက်ကတောင်းဆိုတာနဲ့ ရုရှဘူတာရုံရှိတဲ့ တဖက်ကမ်းက အ ရောင်းဆိုင်မှာ စည်သွတ်ဘူးသွားယူပေးပြီးအထွက် ပေါက်ကွဲမှုကြီး ဖြစ်ပါလေရော။ မှတ်မိသလောက် ပြောရရင်တော့ ပေါက်ကွမှုကြောင့်ရတဲ့ဒဏ်ရာတွေကြောင့် ကျနော်ကတော့ မြေကြီးပေါ်မှာ ပက်လက် ဖြစ်နေချိန် တခြားကလေးတွေကတော့ ကြောက်လန့်ပြီး ထွက်ပြေးသွားကြလေရဲ့။ အဒီအချိန်မှာပဲ ရုရှ စစ်သားတွေ ရောက်လာပြီး အကူအညီပေးလို့ ကျနော်လည်း သုံးလေးရက်လောက် ဆေးရုံတက်ကုသ ခွင့်ရခဲ့တယ်။ ဆေးရုံတက်နေစဉ်အချိန်တွင်း ကျနော့်ဆီကို ဧည့်သည်တယောက်တော့ လာလည်ခွင့် ရှိ ပါတယ်။ ရုရှဆေးရုံကို အမေ မလာရတော့ ကျနော် တွေ့ချင်ပေမယ့်လို့ ဘယ်ဖြစ်နိုင်ပါ့မလဲ။
ဒီလိုနဲ့ပဲ ဆေးရုံကနေ တယောက်ထဲ ဆင်းခဲ့ရတာပေါ့။ ခြေထောက်တဖက်ကလည်းဆုံးရှုံး၊ ရှိနေတဲ့ တဖက်ကလည်း ဒဏ်ရာတွေနဲ့ဆိုတော့ ပက်ရှ်ဝါကို သွားခဲ့ရတဲ့ခရီးက ကျနော်အတွက်တော့ အတော့် ကို ပင်ပန်းလွန်းလှပါတယ်။ နောက်ရက်တွေမှာ ပရှ်ဝါဆေးရုံကိုသွားပြတော့ အာရပ်ဆရာဝန်က ကျနော် ခြေထောက်မှာစည်းထားတဲ့ ပတ်တီးစကိုမြင်တော့ သေချာလည်းမစုံစမ်းပနဲ့ ကျနော့်ကို ကွန်မြူနစ် လို့ ထင်ပါလေရော။ ကျနော့် အစ်ကို အာဘစ် က ဆရာဝန်ကို ခြေထောက်ဒဏ်ရာ ကြည့်ပေးဖို့ တောင်းဆို တော့ ငြင်းပါလေရော။ ကံကောင်းထောက်မစွာနဲ့ပ အဒီအချိန် ဂျာမန်ဆရာဝန်တယောက် ရောက်လာ ပြီး အခြေအနေကို နားလည်ပေးလို့သာပေါ့။ ကျနော် ဆေးရုံတက်ခွင့်ရဖို့ သူတာဝန်ယူကြောင်းနဲ့ ဆေး ကုသပေးဖို့ အာရပ်ဆရာဝန် ကိုပြောပါလေရော။ ဒီလိုနဲ့ပဲ ဆေးရုံ သုံးလလောက်တက်ခွင့်ရခဲ့တာပေါ့။
မန်ဇူး(ဘာသာပြန်သည်)....
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
0 comments:
Post a Comment