၂၀၀၉ ခုနှစ် ကျောင်းဖွင့်ရာသီ မရောက်ခင်မှာ SAW အဖွဲ့က ကျောင်းသားဘော်ဒါဆောင် တခုကို စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပါတယ်။ အခုဖွင့်တဲ့ဘော်ဒါဆောင်မှာ ဗမာပြည်က အခြေအနေအမျိုးမျိုး ကြောင့် ပညာဆက်သင်ဖို့ အခက်အခဲဖြစ်နေတဲ့ ကျောင်းသားတွေရယ်၊ ထိုင်းမြန်မာနယ်စပ် မဲဆောက် မြို့ ပတ်ဝန်းကျင် ရွာတွေက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သားသမီးတွေအတွက် ရည်ရွယ်ခဲ့ ပါတယ်။ အခုဆိုရင် အဆောင်နေကျောင်းသား ၅၀ ရှိပါတယ်။ အဆောင်နေကျောင်းသားတွေဟာ SAW က ဖွင့်ထားတဲ့ ကျောင်းမှာ တက်ရောက်မှာဖြစ်တယ်။
SAW ကျောင်းသားဘော်ဒါဆောင်ရဲ့ အခြေခံလိုအပ်ချက်တွေကို နယ်သာလန်နိုင်ငံမှာ အခြေစိုက်တဲ့ TDH အလှူရှင်အဖွဲ့က ထောက်ပံ့ကူညီပေးထားပါတယ်။
0 comments:
Post a Comment