ဇွန်လ ၁၂ နေ့ဟာ ကမ္ဘာ့ ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ ဖြစ်ပါတယ်။ အဲဒီနေ့မှာ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာရှိတဲ့ ထိုင်းအစိုးရကဖွင့်ထားတဲ့ ကျောင်းတွေနဲ့ မြန်မာရွှေ့ပြောင်း အလုပ်သ မားများအတွက်ဖွင့်ထားတဲ့ ကျောင်းများပူးပေါင်းပြီး ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ်ပွဲတွေ ပြုလုပ်ခဲ့ပါတယ်။
အထိမ်းအမှတ်နေ့ကို နှစ်ပိုင်းခွဲပြီး ကျင်းပခဲ့ကြပါတယ်။ မဲဆောက်မြို့ကိုပတ်ပြီး စီတန်းလှည့်လည်ခြင်း နဲ့ ဟောပြောပွဲအခမ်းအနားတို့ ဖြစ်ပါတယ်။ အခမ်းအနားကို ထိုင်းနိုင်ငံ ပညာရေး(ဒု)၀န်ကြီး တက်ရောက် ခဲ့ပါတယ်။
ကမ္ဘာ့ ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ နဲ့ သက်ဆိုင်တဲ့ ပန်းချီပြိုင်ပွဲ စာစီစာကုံးပြိုင် ပွဲများပြုလုပ်ခဲ့တယ်။ အခမ်းအနားမှာ SAW အဖွဲ့ သမီးငယ်လေးများကလည်း မောင်ရွှေရိုး အကနဲ့ ကပြဖျော်ဖြေခဲ့ကြ ပါတယ်။
At least 250 million school-aged children are child labourers ....
0 comments:
Post a Comment