မြန်မာနယ်စပ်မှ မြန်မာအလုပ်သမားများတင်ဆောင်လာသော ကားတစီးမတော်တဆ တိမ်းမှောက်၍ အချို့သေဆုံးပြီးအချို့ အရေးပေါ်ဆေးရုံတင်ထားရသည်။
ဇွန်လ ၂ ရက် မိုးလင်းခါနီး ၄ နာရီခွဲ အချိန်ခန့်တွင် စန်ခဘူရီ ခရိုင် တဖွန်ဖက်စီလာချာမြို့နယ် ချိုင်နမြို့အနီး မိုင်တိုင် အမှတ် ၁၅ အနီးတွင် မြန်မာအလုပ်သမား ၁၂ ဦး တင်ဆောင်လာ သောကားက ၆ ဘီး ကား တစီးကို ၀င်တိုက်မိသဖြင့် မြန်မာအလုပ်သမ ၅ ဦးပွဲချင်းပြီး သေဆုံးခဲ့သည်။
အရေပေါ်လူနာအဖြစ် စန်ခဘူရီဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော အလုပ်သမား ၂ ဦးအနက်တဦးမှာ ဆေး ရုံ၌ပင် ကွယ်လွန်သွားခဲ့သည်။ အခြားလူများကို ဆေးဝါးကုသမှုခံယူပြီးနောက် ယခုအခါ စန်ခဘူရီ ရဲစ ခန်းတွင် ကောင်းမွန်စွာစောင့်ရှောက်ထားသည်။
စန်ခဘူရီ ရဲစခန်းမှ အမှုလိုက်ရဲအရာရှိတစ်ဦးက “ဗမာအလုပ်သမားတွေ တင်လာတဲ့ကားက ၆ ဘီးကား ကိုဝင်တိုက်တာပါ၊ ကားမောင်းသူ ဘယ်သူဆိုတာ ခုမသိရသေးဘူး၊ ထွက်ပြေးလွတ် မြောက်သွားတယ်။ ခု ကျနော်တို့ဆီမှာရှိတဲ့ မြန်မာအလုပ်သမားတွေ ကျမ္မာရေးကောင်းမွန်သွားတဲ့အခါ နယ်စပ်ကို ကျနော် တို့ပြန်ပို့ပါမယ်။ အလုပ်အကိုင် မယ်မယ်ရရမရှိတဲ့ နိုင်ငံခြားသား ကိုဖမ်းမိလို့ရှိရင် ထောင်ဒဏ်အပြစ် ပေးလို့မရပါဘူး၊ နယ်စပ်ကိုပဲပြန်ပို့ရမယ်လို့ မကြာခင်က အစိုးရအမိန့်ထုတ်ထားတာ ရှိပါတယ်’’ ဟုပြော သည်။
မြန်မာအလုပ်သမားများ သေးဆုံးမှုနှင့် အခြားအခြေအနေများကို စန်ခဘူရီဆေးရံးမှ တာဝန်ကျ ဆရာမ တဦးက “ မြန်မာမငယ်ငယ်လေးတွေ ၅ ဦးကသေပြီးမှ ဆေးရုံကိုရောက်လာပါတယ်၊ ဒဏ်ရာပြင်းထန် တဲ့ယောက်ျားလေး ၂ ယောက်မှာ တစ်ယောက်ကတော့ ကျမတို့  အရေးပေါ်ကုသရင်းမှာပဲသေဆုံးသွား ပါတယ်။ နောက်တယောက်ကတော့ ကျမလည်း နာမည်ကိုတော့အမှတ်တမဲ့ပါ ယောက်ျားလေးတ ယောက်ပါ ဒဏ်ရာတော်တော်ပြင်းပါတယ်။ ခုထိ သတိမရသေးပါဘူး အားလုံးသေဆုံးသူ မ ၅ ဦးနဲ့ ကျား ၁ ဦးပါရှင် ’’ ဟုပြောကြားသွားသည်။
သေးဆုံးသူမိသားစုများနှင့် အခန်းနီးချင်းဖြစ်သူတစ်ဦးက “ အခြားလူတွေ ဘယ်နယ်ကလဲတော့ မသိ ဘူး ကျနော့်အနားမှာနေတဲ့သူကတော့ သူတို့ ကော့ကရိတ်မြို့နယ် ကော့တလေးရွာက အသက်၂၂ နှစ် တယောက် ၂၃ နှစ်တယောက်နဲ့ ၂၉ နှစ်အရွယ်မိန်းကလေး ၃ ယောက်လို့ ပြောပါတယ်။ လူကယ်ရီနဲ့ လာကြတာဖြစ်ပါတယ်။ အလောင်းကောက် ကားမောင်းသူက ကျနော့်ကို ပြောပါတယ် ဆေးရုံကအ လောင်းတွေကို ထုတ်ယူပြီးတော့ သင်္ဂြိုလ်ပါတဲ့၊ ကျနော်ဘယ်လိုတတ်နိုင်မှာလည်းဗျာ ’’ ဟုပြောသည်။
နယ်စပ်ဒေသများမှ လူကုန်ကူးသည့်ပွဲစားများဖြင့် ၀င်ရောက်သည့်အခါများတွင် အသက်ရှူမွန်းကြပ်၍ သေဆုံးခြင်း၊ ဟင်းသီးဟင်းရွက်များကြားတွင်လိုက်ပါရသဖြင့် ရှာဖွေရေးဂိတ်တို့တွင် သံစူးချွန်များဖြင့် အထိုးခံရ၍ သေဆုံးခြင်း၊ တောတွင်းနေ ထိုင်းလူမိုက်များသတ်ဖြတ်ခံရခြင်းများ အပြင် ထိုင်းပုလိပ်များ နှင့် ရွာသူကြီးများ ပစ်ခတ်ခံရခြင်းတို့ကြောင့် မြန်မာများ မရေမတွက်နိုင်အောင် သေဆုံးခဲ့ကြပြီးဖြစ် သည်။
မြန်မာနိုင်ငံတွင်ရပ်တည်နေထိုင်းရေးခက်ခဲ့၊ အလုပ်အကိုင်ရှားပါးလွန်းသဖြင့် မြန်မာနိုင်ငံအနှံ့မှ မြန်မာ နိုင်ငံသားများမှာ ရရာလမ်းကြောင်းများမှ ထိုင်းနိုင်ငံအတွင်းသို့ နည်းလမ်းပေါင်းစုံဖြင့် နေ့စဉ် ၀င်ရောက် လာလျှက်ရှိကြသည်။
ပေးပို့သူ … ကိုကျော်သောင်း(ဘန်ကောက်)
http://jacbaburma.blogspot.com ...မှ...
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
0 comments:
Post a Comment