Saturday 6 June 2009

ထိုင်းစစ်တပ် ဖမ်းဆီးသွားသော ကလေးများထဲမှ ကလေးတဦး သေဆုံး

ဇွန်လ ၄ ရက်နေ့က ထိုင်းစစ်တပ် ဖမ်းဆီးသွားတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားအယောက် ၃၀၀ ကျော်နဲ့ ကလေးအယောက် ၁၀၀ ကျော်ထဲက တလသားကလေး မောင်တိုးတိုး အအေးပတ် သေဆုံး သွားပါတယ်။ ကလေးရဲ့မိဘတွေကတော့ ကိုမော်ဒယ် အသက်(၃၀) နဲ့ မဇင်မာ အသက် (၂၃) နှစ်တို့ ဖြစ်ပါတယ်။ သူတို့က ဖုတ်ဖမြို့နယ် ၄၄ ကီလိုက နှာခေါင်းချွန်ဆိုတဲ့ ၀င်းထဲမှာနေတာပါ။

သေဆုံးသွားတဲ့ ကလေးရဲ့မိခင် မဇင်မာ ပြောပြတာက ….

သူတို့ကို ဇွန်လ ၄ ရက်နေ့မှာ ဖမ်းပြီး ၅ ရက်နေ့မှာ မြန်မာပြည်ဘက်က သုညဂိတ်ဆိုတဲ့နေရာမှာ သွား သွန်းခြင်း ခံခဲ့ရပါတယ်။ အဲဒီ ဂိတ်ရောက်တော့ လူတယောက်ကို ဘတ်ငွေ တထောင်စီတောင်းပါတယ်။ ဘတ်ငွေတထောင်မပေးနိုင်တဲ့အတွက် ဘတ်ငွေ ၂၀၀ နဲ့ ရအောင်ညှိခဲ့ရတယ်။ ငွေမပါလာတဲ့ လူတွေ ကိုတော့ ပါလာတဲ့ လက်ဝတ်လက်စား တယ်လီဖုန်းတွေကို ဈေးဖြတ်ပြီးယူထားလိုက်ကြပါတယ်။

မြန်မာဘက်ကမ်းကပြန်လွှတ်ပေးလိုက်တဲ့ ဇွန်လ ၅ ရက်နေ့မှာပဲ ထိုင်းဘက်ပြန်လာပြီး ဖုတ်ဖမြို့နယ်က ၄၄ ကီလိုကိုရောက်အောင်ပြန်လာခဲ့တယ်။ တလမ်းလုံး သူတို့ကလေးက ဖျားပြီး သတိလစ်နေပါတယ်။ ရောက်ရောက်ချင်းပဲ ၄၄ ကီလိုက ကျန်းမာရေးဌာကို ပြကြည့်တော့ ဆရာဝန်က ကလေးဆုံးနေပြီဆို တာ ပြောပြပါတယ်။

0 comments: