Thursday 5 February 2009

လုပ်အားခ မရသဖြင့် ဘဲကျောင်းသားတစ်ဦး ထွက်ပြေးလွတ်မြောက်လာ

၎ ဖေဖေါ်ဝါရီ ၂၀၀၉
အယုဒ္ဓယမြို့နှင့် အန်ထော်မြို့အကြားတွင် ဥစားဘဲမွေးမြူရေး လုပ်ငန်းခွင်မှ မြန်မာအလုပ်သမား ကိုငယ် ယမန်နေ့က ထွက် ပြေးလာခဲ့ပါတယ်။ ကိုငယ်လွတ်မြောက်လာခဲ့ပေမဲ့ သူနှင့်အတူ ဘဲကျောင်းနေသော ပအို့ဝ်လူငယ်၂ ဦး ကျန်နေခဲ့သေးကြောင်း ပြောပြပါတယ်။
ကိုငယ်ပြောပြတာက“ကျနော်တို့ဘဲမွေးတာခြံနဲ့မဟုတ်ဘူး စပါး ရိတ်ပြီးတဲ့ ရိုးပြတ်တောတွေမှာလိုက်ပြီး နေရာရွှေ့ပြောင်း ကျောင်းရပါတယ်။ တစ်နေရာမှာတစ်ပတ်၊ဆယ်ရက် ဘဲတွေစားစရာအစာတွေရှိရင် ကျောင်းနေရ တယ်။ စားစရာကုန်သွားရင် အခြားကွင်းဘက်ကိုပြောင်းရတယ်။ ဘဲဥကောက်ဖို့ နေ့တိုင်း စောစော ၅ နာရီဆိုရင် အိပ်ယာကထရပါတယ်။ ဘဲဥကောက်ရပါတယ်။ ဘဲကောင်ရေ ၂၅၀၀ ကျော်ပါ တယ်။ နေ့စဉ် ဘဲဥ ၈၀၀ ကျော်ထွက်ပါတယ်။ သူဋ္ဌေးက တစ်ခါတစ်လေ ဘဲဥဆယ်ဥလောက် လျှော့နေရင်လည်း ဆဲတယ်။ ပိုဥလာရင်လည်းဘယ်ကပိုလာလဲလို့ဆဲပါတယ်”
ကျန်နေခဲ့တဲ့ မြန်မာအလုပ်သမားနှစ်ဦးတို့မှာ မောင်ငယ် အသက်၂၇ နှစ် မွန်ပြည်နယ် သထုံမြို့နှင့် အောင်ဘန်း အသက် ၂၈ နှစ် ရှမ်းပြည်နယ် ကလောမှဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ဘဲကျောင်းလုပ်ငန်း ကို ၅လကြာတဲ့အထိ လုပ်ခဲ့ပေးတာတောင် လုပ်အားခတစ်ပြားမှ မရသေးပါဘူး။ အလုပ်သမားများအား နံနက်စာလုံးဝကျွေးမွေးတာမရှိပဲ နေ့လည် ၁၁ နာရီထိုးမှသာကြွပ်ကြွပ်အိပ်နှင့်လာပို့သော ထမင်းထုပ် ကို မ၀ရေစာစားကြရပါတယ်။ သောက်စရာရေကိုတော့ မြောင်းထဲကပဲခပ်သောက်ရပါတယ်။ နေ့စဉ် ဘဲဥကြော်နှင့် လယ်ထဲမှကောက်ယူသွားသော ငါးငယ်များဖြင့်သာကျွေးပါတယ်။
ကိုငယ်က “ကျနော်တစ်လကျော်လုပ်ခဲ့တယ်၊ ထမင်းလေးတစ်ထုပ်ကို ညမနက်စားရတယ်။ ဖုန်းလည်း မကိုင်ရဘူး။ တစ်နေရာရောက်ရင် တဲလေးထိုးဖြစ်သလိုအိပ်။ ယာစိမ်းထုပ်(ပွတ်ချွမ်းဆေး)မှာရင်လည်း ဆဲတယ်။ အချို့လယ်သမားတွေခွင့်မပြုတဲ့လယ်တွေကို ဘဲတွေရောက်သွားရင် ကျနော်တို့ကိုပဲဆဲတာ ဗမာ ဘာညာရစရာကိုမရှိအောင်ဆဲတာ၊ အဲဒီသူဋ္ဌေးအကြောင်းသိတဲ့လူတွေက မင်းတို့ဗမာတွေကို ဒီလို မတရားခိုင်းလို့ချမ်းသာသွားတာလို့ပြောတယ်။ တစ်နှစ် နှစ်နှစ်လုပ်ပြီးလို့ရှိရင် ငွေရှင်းပေးမလိုနဲ့ ပုလိပ် ကို အဖမ်းခိုင်းလိုက်တယ်လို့ပြောကြပါတယ်။ ကျနော့်သူငယ်ချင်း ပအို့ဝ်လူငယ်နှစ်ယောက် ဖုန်းလည်း မရှိ လမ်းစရိတ်လည်းမရှိ ဘယ်လိုမှ လွတ်မြောက်တော့မှာမဟုတ်တော့ဘူး ကျနော်တို့ ဘဲကျောင်းရ တာက လယ်တောထဲမှာ မြို့ရွာတွေနဲ့ အဝေးကြီးပါ။ ရေလည်းမြောင်းထဲကရေကိုချိုးရတယ်။ သောက် ရေသန့်ဆိုတာမမြင်ဖူးခဲ့ဘူး”ဟု ပြောပြပါတယ်။
ထွက်ပြေးလွတ်မြောက်လာတဲ့ အသက်၂၄ နှစ်အရွယ် ကိုငယ်မှာ ကရင်ပြည်နယ် ဇွဲကပင်တောင် အနီး ခနောင့်တိုရွာမှဖြစ်ပါတယ်။ ဘန်ကောက်မှာအလုပ်လုပ်နေတဲ့ မိခင်ဖြစ်သူက လူပွဲစားတစ်ဦးကို အခ ကြေးငွေ ဘတ် ၁၇၀၀ ပေးပြီးခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။ ထွက်ပြေးလာသူထံတွင် ဘဲမွေးမြူရေးပိုင်ရှင် သူဋ္ဌေးရဲ့လက်ကိုင်ဖုန်းနံပါတ်ပါလာပါတယ် သက်ဆိုင်သူများ ကယ်တင်လိုပါက လမ်းညွှန်ပြောပြမည် ဖြစ်ကြောင်းပြောပါတယ်။

0 comments: