Thursday 5 February 2009

ကျောင်းကစားကွင်းဖွင့်ပွဲအခမ်းအနား


၅၊၂၊၀၉ ရက်နေ့မှာ SAW High School မှ ကျောင်းသား၊ကျောင်းသူများအတွက် ကစားကွင်းတစ်ခုကို Community Playground Project အဖွဲ့မှ ဦးဆောင်ပြီး ကျောင်းသားမိဘအပါအ၀င် ဆရာ၊ဆရာမ များနှင့် ကျောင်းသူ၊ ကျောင်းသားများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါပြီ။ ကစားကွင်းဖွင့်ပွဲအခမ်းအနားကို အလယ်တန်းကျောင်းရှိ ကျောင်းသူ၊ ကျောင်းသားများ၊ စေတနာဖြင့် ကူညီလုပ်ကိုင်ပေးခဲ့ကြတဲ့ စေတနာ့ဝန်ထမ်းများကို SAW အဖွဲ့ဝင်များမှ ကျေးဇူးတင်လွှာနှင့် လက် ဆောင်များ ပေးအပ်ခဲ့ပါတယ်။ စေတနာ့ဝန်ထမ်းများ ဦးဆောင်တဲ့အဖွဲ့ရဲ့ ရည်ရွယ်ချက်ကတော့ က လေးတွေကို ပျော်ရွှင်စေဖို့အတွက်သာ အခုလို အားကစားကွင်းတစ်ခု လုပ်ပေးတာမျိုးမဟုတ်ဘဲ က လေးတွေရဲ့ စိတ်ကူးတီထွင်မှုတွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ကလေးတွေအနနဲ့ ဒီကစားကွင်းကို ပြုပြင် ထိမ်းသိမ်းတဲ့တာဝန်ယူစိတ်တွေ ၇ှိလာစေဖို့ ရည်ရွယ်ခဲ့ပါတယ်။ ဒီကစားကွင်းကို နိုင်ငံပေါင်းစုံက စေ တနာ့ဝန်ထမ်း(၇)ဦးနှင့်အတူ SAW စာသင်ကျောင်းမှ ကလေးများ၊ဆရာ၊ဆရာမများ မိဘများက ၀ိုင်း ၀န်းပြီး တည်ဆောက်ခဲ့ပါတယ်။

0 comments: