Thursday 12 February 2009

ဗိုလ်ချုပ်စိတ်ဓါတ် (မူလတန်း-အလယ်တန်း-စာစီစာကုံး-ဒုတိယဆု)




ကျွန်တော်သိသော ဗိုလ်ချုပ်အောင်ဆန်း ခေါ် မောင်ထိန်းလင်း အကြောင်း မှာ ငယ်စဉ်ကပင် ရိုးသားဖြောင့်မတ်သောသူ ဖြစ်သည်။ အောင်ဆန်း သည် မဟုတ်တာမပြော မမှန်တာကိုမလုပ်ခဲ့ဘူး ရိုးသားဖြောင့်မတ်၍ အ ကျင့်စာရိတ္တကောင်းသူဖြစ်သည်။ ကျွန်တော်သည် ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို SAW ကျောင်း ရှိ ဆရာ ဆရာမများ ပြောကြား၍ သိရှိခဲ့ ရပါသည်။

ဗိုလ်ချုပ်အောင်ဆန်းကို ၁၉၁၅ ခုနှစ် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့တွင် မကွေး နတ်မောက်မြို့တွင် ဖွားမြင် ခဲ့သည်။ မိဘများမှာ ရှေ့နေ ဦးဖာနှင့် ဒေါ်စု တို့ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ငယ်စဉ် ကလေး ဘ၀ကပင် သူ၏ အမေ ဒေါ်စုသည် စပါးကုန်သည်များနှင့် စကားပြောနေစဉ် ဗိုလ်ချုပ်က အမေ စပါး ဈေးတွေ လိမ်ပြောနေသည်ဟု ကလေးပီပီဝင်ပြောလိုက်လေသည်။ ဗိုလ်ချုပ်သည် ငယ်စဉ်ကလေးက ပင် လိမ်ညာမပြောခဲ့ချေ။ ဗိုလ်ချုပ်သည် ငယ်စဉ်က ပညာသင်ချိန်တွင် ကြိုးစားတယ် ဖြောင့်မတ်တယ် ပွင်ပွင့်လင်းလင်းရှိတယ်။ ဗိုလ်ချုပ်သည် စကားပြောရာတွင် ပြတ်ပြတ်သားသားပြောတတ်သည်။ အ လုပ်ကိုလည်း ပြတ်ပြတ်သားသားလုပ်တတ်။ ဗိုလ်ချုပ်သည် မုသားမပါ လင်္ကာမချော ဟုသော မြန်မာ စကားပုံကို အယုံအကြည်မရှိခဲ့ပါဘူး။ ဗိုလ်ချုပ်သည် ဆင်းရဲသားများအပေါ် စာနာသနားခဲ့သည်။ အထူး သဖြင့် လူတန်းစေ့မနေနိုင်သော တောင်သူလယ်သမားတို့၏ ဘ၀ကို မြှင့်တင်ပေးစေလိုသည်။

ဗိုလ်ချုပ်၏ စိတ်ဓါတ်မှာ မည်သည့်လုပ်ငန်းကိုမဆို တန်ဖိုးထားလုပ်ကိုင်စေလိုသည်။ ဗိုလ်ချုပ်သည်။ ဗိုလ်ချုပ်သည် အဆောင်အယာင်အခမ်းအနားတို့ကို အလွန်ရွံမုန်းသည်။ ဗိုလ်ချုပ်သည် ရိုးရိုးပင်ဝတ် ဆင်တတ်သည်။ ရာထူးစည်းစိမ်းကိုလည်း မမက်မောခဲ့ချေ ဗိုလ်ချုပ်သည် ရဲဘော်ဘော်ရဲဘက်အပေါ် မှာ ညှာတာတယ်။ သစ္စာရှိတယ် လေးစားတယ် တကိုယ်ကောင်းစိတ်မရှိဘူး မျိုးချစ်စိတ်ရှိတယ်။ ဗိုလ် ချုပ်အောင်ဆန်းသည် “ဤ ကမ္ဘာ၌ ပြည်သူတို့၏ လွတ်မြောက်ရေး တိုးတက်ရေး ငြိမ်းချမ်းရေးတို့ အ တွက် တိုက်ပွဲဝင်ရင်း အသက်ကိုပေးလှူခြင်းထက်ပို၍ ကြီးမြတ်သည့်ဂုဏ်မရှိနိုင်တော့ပြီ”ဟု ပြောလေ့ ရှိသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် မိမိစကားနှင့်အညီ လွတ်လပ်ရေးအတွက် ကြိုးပန်းနေစဉ် ၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်နေ့တွင် မသမာသူတို့၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရလေသည်။ ဗိုလ်ချုပ်ကျဆုံးသွားခဲ့ပြီဖြစ်သော် လည်း ဗိုလ်ချုပ်၏စိတ်ဓါတ်၊ရိုးသားမှုများသည် သမိုင်းတွင်ကျန်ရှိနေပြီဖြစ်လေသည်။

ဝင်းဇော်
(ဆဋ္ဌမတန်း)
၁၃ ဖေဖေါ်ဝါရီ ၂၀၀၉ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့

မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ကဗျာ စာစီစာကုံး ပန်းချီ ပြိုင်ပွဲမှ…
မူလတန်း အလယ်တန်း(စာစီစာကုံး ဒုတိယဆု)

0 comments: