Thursday 12 February 2009

လွတ်လပ်ရေး ဖခင်ကြီး (အထက်တန်း-ကဗျာ-ပထမဆု)



နယ်ချဲ့အင်္ဂလိပ် ဖက်ဆစ်ဂျပန်
တွန်းလှန်တိုက်ထုတ် သူ့ကျွန်မခံ
ဘ၀ကိုစတေး အသက်ကိုပေး
လွတ်လပ်ရေးအတွက် ရှေ့ရှုပေး
ဗိုလ်ချုပ်အောင်ဆန်း ဇာနည်သွေး

ပြင်ထန်လွန်းစွာ ဒုက္ခတွေကြား
ဇွဲ အားမာန်မလျော့လုံးလ တိုက်ပွဲဝင်ဖို့
သစ္စာတည်ကာ သွေးသောက်ညီနောင်
အာဇာနည် အပေါင်းတို့ စည်းလုံးအောင်
ဖခင်ကြီးက သူလမ်းဆောင်။

ကိုယ့်နိုင်ငံနဲ့ လူမျိုးအတွက်
တိုင်းတပါးထံ စစ်သင်တန်းတက်
ကိုယ်ကျိုးမဖက် စွန့်ခဲ့သူ
မျက်နှာဖြူကို တွန်းလှန်တိုက်ထုတ်
တိုင်းပြည်အတွက် ကြိုးပန်းလျက်
ဗိုလ်ချုပ်အောင်ဆန်း ဂုဏ်ရည်တက်။

ကမ္ဘာအလယ် မြန်မာဝယ်
တည်ကြည် ရဲရင့် ထွန်းလင်း၏
မြင့်မြတ်လှသော ဖခင်ကြီး
ဗိုလ်အောင်ဆန်း ကြယ်ပြောင်ကြီး
ထွန်းလင်းထာဝရ တည်စေသတည်း။

ငွေဝင်း
အဋ္ဌမတန်း

၁၃ ဖေဖေါ်ဝါရီ ၂၀၀၉ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့

မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ကဗျာ စာစီစာကုံး ပန်းချီ ပြိုင်ပွဲမှ…

အထက်တန်း(ကဗျာ) ပထမဆု

0 comments: