Thursday 12 February 2009

လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း (အလယ်တန်း-မူလတန်း-စာစီစာကုံး-ပထမဆု)

ဗိုလ်ချုပ်အောင်ဆန်းကို မကွေးတိုင်း နတ်မောက်မြို့၌ ၁၉၁၅ ခု ဖေဖေါ်ဝါရီ လ ၁၃ ရက်နေ့၌ မွေးဖွားခဲ့ သည်။ ဗိုလ်ချုပ်အောင်ဆန်း ရဲ့မိဘများကတော့ ရှေ့နေဦးဖာနှင့် ဒေါ်စုတို့ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်ကြီးရဲ့အားဆေးဖြစ်ပါသည်။ ဗိုလ်ချုပ် အောင်ဆန်း ဟာ မတရားတာကို လက်ပိုက်ကြည့်နေတတ်တဲ့သူမဟုတ်။ သူ ကို်ယ်တိုင်ကလည်း မတရားတာကိုမလုပ်တတ်ပါ။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဇွဲကောင်းသည်။ ဖြောင့်မတ်သည်။ တည်ကြည်ရိုးသားသည်။ အမှန်တရားကို လည်း အမြဲကိုးကွယ်ခဲ့သည်။ မြတ်လည်းမြတ်နိုးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း သည် အပြောလည်းပြတ်သည်။ အလုပ်ကိုလည်းပြတ်ပြတ်သားသားလုပ်တတ် သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ရန်သူကိုမိတ်ဆွေလို သဘောထားပြီးတိုက်ခိုက်ခဲ့သည်။ဗိုလ်ချုပ်အောင်ဆန်း သည် သဘောထားကြီးသည်။ ဗိုလ်ချုပ်အောင်ဆန်း ကို မြန်မာကသာမက ကမ္ဘာကပါလေးစားကြည် ညိုကြသည်။ ဗိုလ်ချုပ်အောင်ဆန်း ဂုဏ်ပကာသန ရာထူးစည်းစိမ် ရွှေငွေတွေကိုလည်း မမက်မော ခဲ့ပါ။ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်ကိုလည်း မုသားနဲ့ မအုပ်ချုပ်ခဲ့ပါ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်း ပြည်ပေါ်မှာ သစ္စာရှိရှိမှန်မှန်ကန်ကန်နဲ့အုပ်ချုပ်သည်။ လွတ်လွတ်လပ်လပ်နေတတ်သည်။ သူတပါးကို လည်း လွတ်လွတ်လပ်လပ်နေစေလိုသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် တကိုယ်ကောင်းစိတ်မရှိပါ။ တက္ကသိုလ်တတ်ချိန်မှာလည်း ကျောင်းသားအ ရေးကိစ္စတွေကို ဦးဆောင်လမ်းပြပြီး ဆောင်ရွက်ပေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် လူတန်စေ့မနေ နိုင်ကြတဲ့ တောင်သူလယ်သမားတို့ရဲ့ ဘ၀ကိုမြှင့်တင်ပေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဆန္ဒမှာမည် သည့်လုပ်ငန်းမဆို တန်ဖိုးထား လုပ်ကိုင်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း သေဆုံးသွားတာ ကမ္ဘာက အရမ်းနှမျောကြသည်။ ဗိုလ်ချုပ်အောင်ဆန်းကို ယခု လည်း မျှော်လင့်နေဆဲ နောင်ကိုလည်းမျှော်လင့်နေမှာပါ။ ဗိုလ်ချုပ်လို စံနမူနာယူဖို့ သားသမီးများ ကြိုး စားကြရမည်။

နှင်းနှင်းဝေ
၁၃ ဖေဖေါ်ဝါရီ ၂၀၀၉ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့
မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ကဗျာ စာစီစာကုံး ပန်းချီ ပြိုင်ပွဲမှ…
အလယ်တန်းမူလတန်း (စာစီစာကုံး-ပထမဆု)

0 comments: