Thursday 12 February 2009

ကျွန်ုပ်လေးစားတဲ့ သွေး (အထက်တန်း-ကဗျာ-ဒုတိယဆု)



ဗိုလ်ချုပ်အောင်ဆန်း
မျက်နှာဖြူ နယ်ချဲတို့ကို
တော်လှန်ပြီး မွမွချေပစ်ဖို့
မကွေးခရိုင် နတ်မောက်မြို့တွင်
သူရဲကောင်းတဦးပမာ
ပေါ်လာခဲ့ပြီ။

ဗိုလ်ချုပ်အောင်ဆန်း
ကဗျာဆိုတာ
ခံစားချက်ကလာသလို
တော်လှန်ရေးဟာလည်း
မျိုးချစ်စိတ်မှ စီးဆင်းတာ
ဖြစ်တယ်မဟုတ်လား။

ဗိုလ်ချုပ်အောင်ဆန်း
လှောင်အိမ်ထဲမှ
လွတ်မြောက်တဲ့ ဂျိုးငှက်တကောင်လို
အောင်မြင်မှုအပြည့်နဲ့
ကြွေးကြော်ချင်သူမှန်း
ကျွန်ုပ်သိခဲ့ရပါပြီ။

ဗိုလ်ချုပ်အောင်ဆန်း
ဘ၀ကို ချိုစေချင်သူ
လွတ်လပ်ရေးကို မက်မောတဲ့သူ
တိုင်းပြည်နဲ့ လူမျိုးအတွက်
ဘ၀ကို စတေးခဲ့လေပြီ။

ဂေဂလယ်မူး
န၀မတန်း
၁၃ ဖေဖေါ်ဝါရီ ၂၀၀၉ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့
မြန်မာနိုင်ငံကလေးများနေ့
အထိမ်းအမှတ် ကဗျာ စာစီစာကုံး ပန်းချီ ပြိုင်ပွဲမှ…
အထက်တန်း(ကဗျာ) ဒုတိယဆု

0 comments: