သံဖြူဇရပ်မြို့ ကြံ့ခိုင်ရေးရပ်ကွက်နှင့် ၀ါခရူရွာတို့ရှိ ကြာကန်မူလတန်း ကျောင်းတွင် ကျောင်းတက်နေသော ကျောင်းသား ၁၄ဦးတို့သည် နေ့ လည် မုန့်စားဆင်းချိန်တွင် ကြက်ဆူသီးစားမိ၍ ညနေ ၃ နာရီမှ ၄ နာ ရီအတွင်း စတင်မူးလာပြီး သံဖြူဇရပ်ဆေးရုံသို့ ပို့လိုက်ရသည်။ လွန်ခဲ့ သောဇန်န၀ါရီလ ၁၄ ရက်တွင် ကျောင်းသား ၁၄ဦးသည် သံဖြူ ဇရပ်မြို့ ကြာကန်ရပ်ကွက်မှ ၁၁ ဦး၊ ၀ါခရူကျေးရွာ တောင်ပေါက် ရပ်ကွက်မှ ၃ ဦးဖြစ်ပြီး တတိယတန်းကျောင်းသား ၁၂ ဦး၊ စတုတ္ထတန်း ၁ ဦးနှင့် ဒုတိယတန်း ၁ ဦးတို့ ဖြစ်သည်ဟု ကိုယ်တိုင် မြင့်တွေ့ခဲ့ရသည့် ၎င်းဆေးရုံတက်နေသူတစ်ဦးက ပြောသည်။
“ကျွန်တော်တွေ့တဲ့အချိန်မှာ ကလေးတွေကမူးနေပြီး၊ ဆရာမတွေ မြန်မြန်ဆန်ဆန်နဲ့ ဆေးတိုက်၊ ဆေး ထိုးလုပ်ပေးတော့ မကြာပါဘူး ခလေးတွေ ပြန်ကောင်းသွားပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
၎င်းမျက်မြင်၏အဆိုအရ ဆေးရုံတက်သည့် ကလေးတစ်ယောက် ပြောပြသည်မှာ “ကျွန်တော်တစ်လုံး စားမိတယ်၊ စားကောင်းတယ်၊ စိမ့်ပြီးတော့ မြေပဲနဲ့တူနေတယ်”ဟုဆိုသည်။ ကြက်ဆူသီးစားမိ၍ က လေးများ မူးသွားခြင်းကြောင့် ရွာသူရွာသားများက မကျေမနပ်ဖြစ်နေကြပြီး ရွာအတွင်း၌ ပြောဆိုနေ ကြသည်။
“ဒီအပင်တွေ စိုက်ခိုင်းထားပြီးတော့ စားလို့ရသလား မရဘူးလား ဘာမှလည်း အသိပညာတွေ မပေး ထားကြဘူး”ဟု ရွာ သားတစ်ဦးက ဆိုသည်။ ကျောင်းသားများဆေးရုံမှ ဆင်းပြီးနောက်ပိုင်း သံဖြူဇ ရပ်မြို့မှ ရဲများက မူလတန်းကျောင်းသို့ လာရောက်မေးမြန်းသော်လည်း ကျောင်းသားများ ကောင်းမွန် စွာ ရှိနေသည်ကို တွေ့သဖြင့် ဘာမှမပြောဘဲ ပြန်သွားကြသည်။
အစိုးရအဖွဲ့များ မှတ်ပုံတင်လုပ်ပေးနေသောအချိန်တွင် မှတ်ပုံတင်လာရောက်လုပ်သူများအားလုံး ကြက်ဆူသီးအစေ့များကို တစ်ယောက်လျှင် တစ်ထုတ်စီရောင်းပေးပြီး အိမ်ပတ်ဝန်းကျင်၌ စိုက်ပျိုးခိုင်း ခဲ့သည်။ ၎င်းကြက်ဆူသီးအစေ့များကို ခလေးများက စားမိ၍ ဆေးရုံသို့ ရောက်သွားကြရသည်ဟု မော်လမြိုင်မြို့မှ ဆရာဝန်တစ်ဦးက ဆိုသည်။
“ကြက်ဆူသီးက အဆိပ်ဖြစ်စေတဲ့အသီးတစ်မျိုးပဲ၊ စားလို့ကောင်းပြီးတော့ အရသာက မြေပဲနဲ့ တူနေတယ်၊ တကယ်လို့ ၁၀စေ့လောက်စားမိရင် မကြာဘူး ဗိုက်အောင့်လာမယ်၊ အန်လာမယ်၊ ပြီးတော့ ၀မ်းမကြာခဏ သွားမယ်၊ အဲလိုစဖြစ်ပြီးဆိုရင် ဆရာဝန်တို့က ဓါတ်ဆားဖျော်ရည်ကို အရင် တိုက်ပေးရပါမယ်။ တကယ်လို့စားမိတာများရင် သေတဲ့အထိဖြစ်နိုင်တယ်။ ကလေးတွေပဲစားမိတာ မ ဟုတ်ပါဘူး လူကြီးတွေလည်း ကြက်ဆူသီး စားမိပြီးတော့ ဆေးရုံရောက်သွားတာလည်း ရှိပါတယ်”ဟု ၎င်းဆရာဝန် ဆက်ပြောသည်။
ကြက်ဆူသီးနှင့်ပတ်သက်၍ အန္တရာယ်ဖြစ်လာနိုင်သည်ကို အစိုးရမှ ပြည်သူပြည်သားများထံသို့ အသိပညာများ ပေးထားခြင်း မရှိခဲ့ပေ။ အကယ်၍ ပြည်သူပြည်သားများ ကြက်ဆူသီးစားမိ၍ ဆေးရုံ ရောက်သွားသည့်သတင်း မပေါက်ကြားအောင် ၎င်းအသီးမှတဆင့် ဓါတ်ဆီအဖြစ်သို့ ထုတ်လုပ်မည်ဟု အစိုးရက ကြေငြာထားသော်လည်း ဆီထွက်လာသည်ကို မမြင်ဖူးကြပေ။ ဒါ့ကြောင့် ကြက်ဆူသီးစားမိ လျှင် အန္တရာယ်ဖြစ်လာနိုင်သည်သာမက သေဆုံးသည်အထိ ဖြစ်နိုင်သည်ဟု ၎င်းဆရာဝန်က ပြော သည်။
လွန်ခဲ့သော ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ၌ မွန်ပြည်နယ်၊ လမိုင်းမြို့နယ်ခွဲတွင် ကျောင်းသား ၇ ဦး အသက် (၁၀ နှစ်နှင့် ၁၁ နှစ်အကြား) တို့ ကြားဆူသီးစားမိ၍ လမိုင်းဆေးရုံသို့ ရောက်ရှိသွားခဲ့ပြီး ပြန်လည် ကောင်းမွန်လာခဲ့သည်။ ထို့ပြင် လမိုင်းမြို့နယ် မော့ကနင်ရွာသစ်တွင်လည်း နွေရာသီ ကျောင်းပိတ်ချိန် တွင် အသက်(၅/၆)နှစ် ကလေးငယ် ၂ ဦးတို့ ကြက်ဆူသီးစားမိ၍ တစ်ဦးက သေဆုံးသွားပြီး တစ်ဦး ကျန်ရှိနေသည်ဟု လမိုင်းမြို့သား တစ်ဦးက ဆိုသည်။
အမျိုးသမီးနှင့် ကလေးအခွင့်အရေး အစီအစဉ်မှ ရေးသားချက်အရ လွန်ခဲ့သော ဒီဇင်ဘာ ၂၀၀၇၌ သံ ဖြူဇရပ်မြို့ ဟံသာဝတီရပ်ကွက်မှ ကလေးငယ် ၂ ဦး အသက် (၁၁ နှင့် ၁၂ နှစ်)တို့ ကြက်ဆူပင်ကြား ကစားရာမှ ကြက်ဆူသီးခူးစားမိ၍ ကလေးတစ်ဦး သံဖြူဇရပ်ဆေးရုံ၌ သေဆုံးသွားခဲ့သည်။ သေဆုံး သွားရသည့် အကြောင်းနှင့် ပတ်သက်၍ ကလေး၏မိခင်က ၎င်းတို့ ဆေးရုံမသွားခင် ကလေးအန်ရာမှ ကြက်ဆူသီးအစေ့များ တွေ့မိ၍ ၎င်းအသီးစားထားမှန်း သိရပါသည်။ ၎င်းအပင်ကို လွန်ခဲ့သော ၂၀၀၆ ခုနှစ်မှစတင်၍ အစိုးရက စီမံကိန်းတစ်ရပ်အနေဖြင့် စတင်ခဲ့ပြီး ကားလမ်းတစ်လျှောက်နှင့် နေအိမ်ပတ် ၀န်းကျင်တွင် စိုက်ပျိုးခိုင်းသည်။
ကချင်သတင်းဌာန၏ ရေးသားချက်အရ လွန်ခဲ့သော စက်တင်ဘာ ၂၀၀၈ ခုနှစ်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကြက်ဆူအပင်မှလာသော ပိုးများကိုက်ခြင်းကြောင့် လူ ၁၀ ဦး သေဆုံးသွားခဲ့သည်။ လူ ၂ ဦးသေဆုံးသွားပုံမှာ မုဆိုးမတစ်ဦးနှင့် ကလေးငယ်တစ်ဦးတို့သည် ကြက်ဆူအရိပ်ကိုခို၍ မုန့် ရောင်းနေစဉ် ၎င်းအပင်မှ လာသော ပိုးကောင်များ ကိုက်မိရာမှ ၃ မိနစ်အကြာတွင် သေဆုံးသွားခဲ့ သည်။ အကယ်၍ ကြက်ဆူပိုးကိုက်မိ၍ သေဆုံးသွားသည်ဟု ပြည်သူများထံမှ သတင်းထွက်လာပါက ကချင်ပြည်နယ်မှ ဗိုလ်ချုပ်စိုးဝင်းက အရေးယူလိမ့်မည်ဟု ကြေငြာထားသည်။
Reference - လွတ်လပ်သော မွန်သတင်း အေဂျင်စီ
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
0 comments:
Post a Comment