Friday 9 January 2009

SAW အဖွဲ့မှ “Green Hopes Centre” စိမ်းလန်းသောမျှော်လင့်ချက်များ ဂေဟာ ဖွင့်ပွဲအခမ်းအနား ကျင်းပ


ဒီကနေ့မနက် မိမိတို့ SAW အဖွဲ့မှ Green Hopes Centre (စိမ်းလန်းသော မျှော်လင့်ချက်များ) အမည်ရှိ ဂေဟာဖွင့်လှစ်ခြင်း အခမ်းအနားတရပ်ကို မဲဆောက်မြို့တနေရာ၌ ကျင်းပခဲ့ပါတယ်။ ဒီဂေဟာဖွင့်ရခြင်း ရည်ရွယ်ချက်ကတော့လူကုန်ကူးခံရတဲ့ကလေးတွေနဲ့အမျိုးသမီးတွေအတွက်ဖြစ်ပါတယ်။ ဒီဂေဟာကပဲ လူကုန်ကူးခံရသူတွေရဲ့ ကွဲကွာသွားတဲ့မိသားစုတွေနဲ့ ပြန်လည်တွေ့ဆုံနိုင်ရေးတွေကိုလည်း ဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်။

Green Hopes Centre ဂေဟာ ဖွင့်လှစ်ခြင်းနှင့် ပတ်သက်ပြီး SAW အဖွဲ့ ဒါရိုက်တာ ဒေါ်အေးအေးမာက “ကျမတို့အဖွဲ့အစည်းဟာ အမျိုးသမီးနဲ့ ကလေးတွေကို အကူအညီပေးနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ကျမတို့တွေရဲ့ အရင်လုပ်ငန်းစဉ်တွေထဲက အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး အမျိုးသမီးဂေဟာနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေရှိသလို ကလေးစောင့်ရှောက်ရေးဂေဟာနဲ့ ကလေးများ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေရှိပါတယ်။

ကျမတို့ SAW အဖွဲ့ကို ၂၀၀၀ ပြည့်နှစ် ဇွန်လ ၂၅ ရက်နေ့မှာ စတင်တည်ထောင် ခဲ့ပါတယ်။ တည်ထောင်ခါက ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းထဲမှာ ရန်ပုံငွေဆိုင်ဖွင့်လှစ်ပြီး ရပ်တည်ခဲ့ရပါတယ်။ ကျမတို့ လုပ်ငန်းစဉ်အသီးသီးကို အခုလိုအောင်မြင်အောင် ဆောင်ရွက်နိုတာဟာ အားလုံးရဲ့ပူးပေါင်းဆောင်ရွက်မှု အားပေးမှုတွေကြောင့်လို့ခံယူထားပါတယ်။

ယခု အသစ်ထပ်မံဖွင့်လှစ်လိုက်တဲ့ လူကုန်ကူးခံရတဲ့ ကလေးတွေနဲ့ အမျိုးသမီးတွေအတွက်ဂေဟာ Green Hopes Centre ကိုလည်း ရှေ့ကအတိုင်း ဆက်လက်ဝိုင်းဝန်းဆောင်ရွက်ပေးကြပါလို့ ပန်ကြား အပ်ပါတယ်”

4 comments:

poemflower said...

ရည်ရွယ်ချက်တွေအရမ်းကောင်းတယ် ပိုမိုတိုးတက် အောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်.

Anonymous said...

အလွန်မွန်မြတ်တဲ့ အလုပ်မို့ သာဓုအနုမောဒနာ
ခေါ်ပါတယ်ခင်ဗျား

sait phay yar said...

အားပေးပါတယ် ကျေးဇူးလည်းတင်ပါတယ်နော်

ဒီရေ said...

အလွန်ပဲ မွန်မြတ်လှပါပေတယ်ဗျာ... ဒီထက်မက အများအတွက် အကြိုးဆောင်နိုင်ပါစေဗျာ..