Wednesday 7 January 2009

အလုပ်သမားမှတ်ပုံတင်အသစ် ပြုလုပ်ပေးရေးအစီအစဉ်ကို ဆိုင်းငံ့ထား

ဇန်န၀ါရီ ၄ ရက် တနင်္ဂနွေနေ
မသီချွန်သတင်း

အလုပ်သမားရှာဖွေရေးဌာန ညွှန်ကြားရေးမှူးချုပ် နာယ်ဖိချားအေကဖိထပ်ဒါမ်ရှင်၏ ဇန်န၀ါရီလ ၄ ရက် နေ့တွင် ထုတ်ဖော်ပြောပြချက်အရ လွန်ခဲ့သော ဒီဇင်ဘာလ ၉ ရက်နေ့မှစတင်၍ တရားမ၀င်ရွှေ့ ပြောင်းအလုပ်သမားများအတွက် အလုပ်သမားမှတ်ပုံတင်အသစ် ပြုလုပ်ပေးရေးကို ၀န်ကြီးများအဖွဲ့ (ကက်ဘိနက်)က သဘောမတူကြောင်း၊ အကြောင်းရင်းမှာ ယခုအခါ နိုင်ငံစီးပွားရေး ဆုတ်ယုတ်မှုများ ရှိနေပြီး၊ ထိုင်းအလုပ်သမားအများအပြားမှာလည်း အလုပ်မှရပ်ဆိုင်းခြင်းခံနေရသောကြောင့် အလုပ်သ မားမှတ်ပုံ တင်အသစ်ပြုလုပ်ပေးလိုက်ပါက ရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းအလုပ်သမားများ၏ အလုပ်များကို ၀င်ရောက်လုပ်ကိုင်မည်ကို စိုးရိမ်သောကြောင့်ဖြစ်၍ နိုင်ငံခြားအလုပ်သမားများ ကြီးကြပ် ရေးကော်မတီ(ကော်ဘောရော)မှ လက်ရှိမှတ်ပုံတင်ထားသူများကိုသာ ဆက်လက်၍ သက်တမ်းတိုးပေး ရန်နှင့် အလုပ်သမားမှတ်ပုံတင်အသစ် ပြုလုပ်ပေးရေးကိုမူ ဆိုင်းငံ့ထားရန် သဘောတူဆုံးဖြတ်ချက်ချ ခဲ့ပါသည်။
ရွှေ့ပြောင်းအလုပ်သမားများ စီမံခန့်ခွဲရေးရုံး ညွှန်ကြားရေးမှူး နာယ်ဝဒ်စန် စာထောန်က ပြောကြားရာ တွင်အလုပ်သမားမှတ်ပုံတင်အသစ် ပြုလုပ်ပေးရေးကို နိုင်ငံခြားအလုပ်သမားများ ကြီးကြပ်ရေးကော်မ တီ(ကော်ဘော်ရော)မှ ၀န်ကြီးများအဖွဲ့ အစည်းအဝေးသို့တင်ပြခြင်း မရှိသေးကြောင်း၊ နိုင်ငံခြားအလုပ် သမားများ ကြီးကြပ်ရေးကော်မတီကို ဦးဆောင်ကိုင်တွယ်မည့် ဒုတိယ၀န်ကြီးချုပ်ကို စောင့်ဆိုင်းဆဲဖြစ် ကြောင်း သို့သော်လည်း ၂၀၀၈ ခုနှစ်တွင် မှတ်ပုံတင်ထားသော ရွှေ့ပြောင်းအလုပ်သမားများသည် ဤ ၂၀၀၉ ခုနှစ်တွင် မိမိတို့ လက်မှတ်သက်တမ်းမကုန်မီ သက်ဆိုင်ရာခရိုင်(သို့) နယ်မြေအလုပ် သမားရှာ ဖွေရေးရုံးများတွင် သွားရောက်သက်တမ်းတိုးရန် ကြေညာထားပြီးဖြစ်ကြောင်းနှင့် ထိုသက်တမ်းတိုးရန် မိမိတို့ အလုပ်ရှင်ဟောင်းဖြင့်သာ ဆက်လက်အလုပ်လုပ်သွားရန် လိုအပ်၍အလုပ်ရှင်အသစ်ပြောင်း လိုပါက အလုပ်သမားရှာဖွေရေးရုံးသို့ ကြိုတင်အကြောင်းကြားရန် လိုအပ်ကြောင်းပြော ကြားသွားပါ သည်။

နာယ်ဝဒ်စန်စာထောန်က ဆက်လက်ပြောကြားရာတွင် အလုပ်သမားမှတ်ပုံတင် သက်တမ်းတိုးရာတွင် အဖွဲ့ ၄ ဖွဲ့ ခွဲထား၍
(၁)၂၀၀၉ ခုနှစ် ဇန်န၀ါရီ ၂၀ ရက်နေ့တွင် အလုပ်လုပ်ခွင့်သက်တမ်းကုန်မည့် အဖွဲ့သည် ဇန်န၀ါရီ ၅ ရက် မှ ၂၀ ရက်နေ့အတွင်း သက်တမ်းတိုးနိုင်ကြောင်း။
(၂)၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အလုပ်လုပ်ခွင့်သက်တမ်းကုန်မည့် အဖွဲ့သည် ဖေဖော် ၀ါရီလ ၁၀ ရက်မှ ၂၈ ရက်အတွင်း သက်တမ်းတိုးနိုင်ကြောင်း။
(၃)၂၀၀၉ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် အလုပ်လုပ်ခွင့်သက်တမ်းကုန်မည့် ထိုင်းနိုင်ငံတောင်ပိုင်းရှိ ယလာ၊ ပတ်တာနီ၊ နာရာသီဝနှင့် စုန်စလာ (၄) ခရိုင်ရှိ အဖွဲ့သည် မတ်လ ၁၃ ရက်မှ ၂၄ ရက်အတွင်း သက်တမ်းတိုး နိုင်ကြောင်း။
(၄)၂၀၀၉ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် အလုပ်လုပ်ခွင့်သက်တမ်းကုန်မည့်အဖွဲ့သည် ဇွန်လ ၁ ရက် မှ ၃၀ ရက်အတွင်း သက်တမ်းတိုးနိုင်ကြောင်း ဖော်ပြသွားပါသည်။

0 comments: