Monday 5 January 2009

ရွှေ့ပြောင်းအလုပ်သမားတွေကြား အမျိုးသမီးနဲ့ကလေးတွေအတွက် ကျန်းမာရေးပညာပေးလုပ်ငန်းများ ပြုလုပ်ပေး




(မယ်ကုရွာ၌ ပညာပေးတင်ဆက်ခဲ့စဉ်)


ထိုင်းနိုင်ငံတာ့ခ်ခရိုင်အတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေထဲက အမျိုးသမီးနဲ့ ကလေးတွေအ တွက် ရည်ရွယ်ပြီး International Recuse Committee(IRC) နဲ့ Social Action For Women တို့ပူး ပေါင်းပြီး Key Health Massage Projet For Migrant လို့ခေါ်တဲ့ ကျန်းမာရေး ပညာပေးအစီအစဉ် လေးတခုကို ၂၀၀၈ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး ပြုလုပ်ခဲ့ကြပါတယ်။ ဒီစီမံကိန်းဟာ မိခင်တွေအတွက် ကျန်းမာရေးဗဟုသူတရှိအောင် လုပ်ဆောင်ခဲ့တာဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်တွေ ကလေး ၂နှစ်သား အောက်ရှိတဲ့ မိခင်တွေ၊ မွေးကင်းစကလေးငယ်တွေအတွက် အန္တရာယ်ဖြစ်နိုင်တဲ့အချက်တွေကို သတိ ပေးတဲ့ စီမံချက်ဖြစ်ပါတယ်။ ဒီလို အန္တရယ်ကြုံတဲ့အခါ ဆေးရုံဆေးခန်းကိုသွားဖို့ ပညာပေးတဲ့ လုပ်ငန်း စဉ်လည်းဖြစ်ပါတယ်။ ကလေးတွေ ချောင်းဆိုးပြီး ပုံမှန်ထက် အသက်ရှူနှုန်းပိုမြန်နေတာ။ အကြိမ်များ စွာဝမ်းလျှောနေတာ။ မိခင်တွေကိုယ်ဝန်ဆောင်စဉ်ကာလမှာ သွေးဆင်းနေတာတွေ ဖြစ်လာပြီဆိုရင် အမြန်ဆုံးဆေးရုံဆေးခန်းကိုသွားဖို့ ပညာပေးနိုးဆော်ချက်လည်းဖြစ်ပါတယ်။


ကိုယ်ဝန်ဆောင်မိခင်တွေဆိုရင်
ကိုယ်ပူခြင်း၊
ရင်ဘတ်အောင့်ခြင်း၊
အသက်ရှူကြပ်ခြင်း၊
ဗိုက်ထဲက ကလေးက လှုပ်ရှားမှုမရှိခြင်း၊
ကိုယ်ဝန်ဆောင်နေစဉ်မှာ မွေးလမ်းကြောင်းကနေ သွေးတွေမကြာခဏထွက်ခြင်း၊
ကိုယ်တွေ ခြေလက်တွေ ဖောယောင်ခြင်း …
တွေဖြစ်ပြီဆိုတာနဲ့ နီးစပ်ရာဆေးရုံဆေးခန်းကိုသွားကြဖို့ ကျန်းမားရေးဝန်ထမ်းတွေက တိုက်တွန်းတဲ့ အစီအစဉ်ဖြစ်ပါတယ်။

အလားတူပဲ …
ကလေးတွေ ငေးငိုင်တာ
တက်တာ နို့မသောက်တာ
မျက်ဝတ်တွေထွက်နေတာ
အပူကြီးတာတွေ
အားလုံးကို ပေါ့ဆလို့မရတဲ့အကြောင်း ကျန်းမာရေးပညာပေးသူတွေက ပြောပြကြတယ်။ မြန်မာလူမျိုး တွေကို ပညာပေးတဲ့အခါမှာဟောပြောပို့ချရုံနဲ့မရပဲ လူထု စိတ်ဝင်စားအောင် SAW အဖွဲ့မှ ကလေး ငယ်တွေက ပြဇာတ်တွေ တေးသရုပ်ဖော်တွေ သီချင်းတွေနဲ့ဖျော်ဖြေသီဆိုပြီးပညာပေးကြပါတယ်။ အခု ဆိုရင် ပညာပေးသူတွေဟာ လူသူအရောက်အပေါက်နည်းတဲ့ နေရာတွေ စိုက်ခင်းတွေ တောင်ယာတဲ တွေ ဆေးရုံဆေးခန်းနဲ့ဝေးလံခေါင်သီတဲ့နေရာတွေဆီသွားပြီးဖျော်ဖြေမှုတွေလုပ်ပြီး ကျန်းမာရေးစေတ နာဝန်ထန်းများကပညာပေးကြပါတယ်။ အပတ်စဉ်စနေနဲ့ တနင်္ဂနွေနေ့တွေလို နေ့မျိုးတွေမှာ အလုပ်သ မားတွေ အားတဲ့ရက်တွေကို ရွေးချယ်ပြီး ပညာပေးမှုတွေ လုပ်လျှက်ရှိပါတယ်။

Social Action For Women
ကျန်းမာရေးပညာပေးရေးဌာန

(Health education performance at Mae Khu village)
SAW started the Key Health Message project for migrant and partners with the International Rescue Committee (IRC). It was started since the last quarter of 2008. The project is to gain knowledge on basic health care for the mother and pregnant women, to explain the danger signs for the mother of under two years old child, to refer to the clinic or hospital or health care centre for getting treatment. The KHM project also alarms the mother to go quickly to the clinic or health centre if their children are extremely sick, quick breathing, severe cough and diarrhea or if the women bleed heavily during pregnancy.

0 comments: