Sunday 2 November 2008

အရောင်များမှပြောသော စကားသံ


SAW ကျောင်းမှ သားငယ်သမီးငယ်များရဲ့ အနုပညာခံစားချက်များဖြစ်ပါတယ်။

4 comments:

မဆုမွန် said...

ကလေးတွေရဲ့ စိတ်အတွေးထဲက ရောင်စဉ်တွေကို မြင်ရတယ်..အရောင်တွဲစပ်ပုံလေးတွေ ပတ်ဝန်းကျင်ကို မြင်တတ်ပုံလေးတွေကို ပန်းချီလေးတွေထဲမှာ မြင်နိုင်တယ် ဘာပဲပြောပြော ကလေးဆိုတာ စိတ်ထဲမှာ ရှိတာကို မဖုန်းကွယ်ပဲ ပြောပြနိုင်တဲ့ အစွမ်းရှိတယ်.. ကလေး ပန်းချီလက်ရာ ကောင်းကောင်းလေးတွေ တွေ့ ရလို့  ချီးကျူးမိတယ် အစိမ်းရောင်နဲ့ အ၀ါရောင်ကို များများ တွဲစပ်ထားတာတွေ့ တယ်..ဆွဲထားတာလေးတွေ ကောင်းတယ် ကြိုးစားခွင့် လမ်းလေးတွေ ဖွင့်ပေးထားလိုက်ပါနော် .. ကလေးတွေအတွက် လမ်းဖွင့်ပေးတဲ့ စောကို အရမ်း လေးစားတယ်

Anonymous said...

ကလေးလေးတွေ့ အမြင်နဲ့ စိတ်ကူးစိတ်သန်းတွေကို အရောင်တွေနဲ့ ဖော်ပြထားတာကို မြင်ရလေတော့ ကျွန်တော့် စိတ်ထဲ အထူးပဲ ကြည်နှုးမိပါရဲ့ဗျာ ... ။ သူတို့ လေးတွေရဲ့ ဘ၀ သာယာချမ်းမြေ့ပါစေလို့လည်း ဆုတောင်းမိပါရဲ့။ SAW ရဲ့ ရည်ရွယ်ချက်နဲ့ သံဓိဌာန်တွေကိုလည်း မပြတ်လေးစားဂုဏ်ယူလျှက်ပါ။

ယောနသံစင်ရော် said...

SAW ဆိုတာကျွန်မနဲ့မစိမ်းတဲ့ ရပ်ဝန်းတခုပါ။
ကလေးလေးတွေရဲ့ ဘဝကိုလည်း မျက်မြင်တွေ့ခဲ့ရပြီး
အင်မတန် စာနာသနားမိခဲ့ပါတယ်။
ခုလိုသူတို့လေးတွေရဲ့ ပန်းချီလေးတွေရော၊
ဓါတ်ပုံလေးတွေကိုရော ဒီဘလော့မှာ
တွေ့ရတော့ ကျွန်မ ဝမ်းသာ၊ ဝမ်းနဲ၊ ခံစားရပါတယ်။
SAW အောင်မြင်ပါစေ။

M.Y. said...

အရောင်တွေလာကြည့်သွားပါတယ်။
ကလေးပန်းချီ က ကျွန်တော်နှစ်သက်တဲ့အနုပညာအမျိုးအစားထဲမှာပါတယ်။ ကိုယ်တိုင်လဲကလေးဘ၀ထဲက ခုံမင်စွာဆွဲခဲ့တယ်။
ပုံတွေထဲက အကြိုက်ဆုံးရွေးထုတ်ပြချင်တယ်။ သစ်ပင်တစ်ပင် ရဲ့ အကိုင်းအခက်တွေ နေရာမှာ ပုခက်ကလေး၂ ခုလုပ်ပြီး ၊ အဲဒိပေါ်မှာ ပန်းပျိုးပင်ကလေးတွေ တင်ထားတဲ့ စိတ်ကူးကလေး၊ အောက်မှာ တောအုပ် ကလေးက ပြန့် ပွားလို့ ။ကောင်းကင်ကလဲမပြာဘူး၊ အ၀ါ။ အဲဒါပဲကလေးပန်းချီမှာ တွေ့ ရတတ်တဲ့abstractသဘော။ အဲဒိ ပုံကလေး ဆွဲထားတာ မျိုးသဉ္ဇာ ထင်တယ်။ စိတ်ကူးကလေးက လွတ်လပ်ပြီး ဆန်းသစ်နေတယ်။

ဒုတိယကြိုက်တာက အိအိ ဆွဲထားတဲ့ကမ်းခြေပုံကလေး။အရောင်တွေကောင်းတယ်။

မကြိုက်ဆုံး၊ သဘောမကျဆုံးပုံရွေးထုတ်ပြရရင်တော့ နေမျိုးသူရ ပုံမှာ တောထဲမှာမိန်းမနဲ့ ယောက်ျား နှလုံးသားချင်းဖလှယ်ပြီး လက်ဆွဲထားတဲ့ပုံမြင်ရတော့ ကလေးတွေအပေါ် ပတ်ဝန်းကျင် မီဒီယာ လွှမ်းမိုးမှုဂယက်ကိုသတိပြုမိတယ်။ နေမျိုးသူရဘယ်အရွယ် လဲတော့မသိပါ။ ဒါပေမယ့် အရွယ်မရောက်သေးတဲ့ ကလေးတွေ မှာ ဒါမျိုးတွေ မရှိသင့်ဘူးလေ။