Thursday 26 March 2015

အိမ်တွင်းအကြမ်းဖက်မှု ကာကွယ်ရေး ဆရာဖြစ်သင်တန်းပြုလုပ်

 



Gender Base Violence Program (GBV) အစီအစဉ်ကနေ မဲဆောက်ဒေသတွင်းက လူထုအခြေပြုအဖွဲ့အစည်း အဖွဲ့ဝင်တွေနဲ့ ၀န်ထမ်းတွေကို  အိမ်းတွင်း အကြမ်းဖက်မှု ကာကွယ်ရေး (မိသားစု စားကားဝိုင်း) ဆရာဖြစ်သင်တန်းတစ်ခုကို ဒီကနေ့ မတ်လ (၂၆) ရက်နေ့ကနေစတင်ကာ မဲဆောက်မြို့တနေရာမှာ (၂) ရက်ကြာ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဒီသင်တန်းမှာ Gender Base Violence Program (GBV) အစီအစဉ်က ဒေါ်သင်းသင်းနဲ့ မစုမြတ်ဝန်းတို့ နှစ်ဦးက သင်တန်းဆရာမအဖြစ်တာဝန်ယူပို့ချပေးနေတာ ဖြစ်ပြီး ထားဝယ်အမျိုးသမီသမဂ္ဂ (TWU) ၊ FED ၊ FFW ၊ ARHN စတဲ့ မဲဆောက်ဒေသတွင်းက လူထုအခြေပြုအဖွဲ့အစည်းတွေကနေ သင်တန်းသူ (၁၃) ဦးတက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

သင်တန်းမှာ အိမ်တွင်းအကြမ်းဖက်မှုရဲ့ အနက်အဓိပ္ပါယ်၊ အိမ်တွင်းအကြမ်းဖက်မှု အမျိုးအစားတွေ၊ အိမ်တွင်းအကြမ်းဖက်မှုကိုဖြစ်စေတဲ့ အဓိက အကြောင်းအရာတွေ၊ တွန်းအားပေးတဲ့အခြေခံအကြောင်းတရားတွေ၊ လေးစားမှုရှိတဲ့ ဇနီးမောင်နှံနဲ့ လေးစားမှုမရှိတဲ့ ဇနီးမောင်နှံ၊ အိမ်တွင်းအကြမ်းဖက်မှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ အပါအ၀င်
အိမ်တွင်းငြိမ်းချမ်းမှုအတွက် အပြုသဘောဆောင်တဲ့ သတင်းစကားတွေဆိုပြီ ခေါင်းစဉ်အလိုက် သင်ကြားပို့ချနေတာ ဖြစ်ပါတယ်။

သင်တန်းရဲ့ရည်ရွယ်ချက်နဲပတ်သက်လို့ သင်တန်းကိုဦးဆောင်ပြုလုပ်တဲ့ (GBV) က တာဝန်ရှိသူတွေက “ သင်တန်းသားတွေအနေနဲ့ အိမ်တွင်းအကြမ်းဖက်မှုအကြောင်းကို သေသေချာချာနားလည်သိရှိပြီးတော့ အပြုသဘောဆောင်တဲ့ အချက်အလက်တွေကို သတိထားတတ်လာဖို့နဲ့ အိမ်တွင်းငြိမ်းချမ်းမှုရရှိနိုင်တဲ့ နည်းလမ်းတွေကိုလည်း ဒီသင်တန်းကနေသိရှိမယ် အဲလိုသိရှိနားလည်လာတာတွေကို သူတို့ရဲ့ လုပ်ကိုင်လှုပ်ရှားနေတဲ့ လူမှုဝန်ကျင်နဲ့ ဒေသတွင်းမှာ ပြန်လည်အသုံးချနိုင်စေဖို့ပဲ ဖြစ်ပါတယ်”

လိင်ကွဲပြားမှုအပေါ်ခွဲခြား မြင်ရာကနေဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုတွေ ကာကွယ်ဖို့ ပညာပေးသင်တန်းတွေ ပြုလုပ်ပေးနေတဲ့ Gender Base Violence Program (GBV) အစီအစဉ်ကို Social Action for Women (SAW) အဖွဲ့က မဲဆောက်ဒေသတွင်းက မြန်မာရွှေ့ပြောင်း အလုပ်သမားထုအကြား လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက ဆောင်ရွက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

Social Action for Women (SAW) အဖွဲ့ အနေနဲ့ Gender Base Violence Program (GBV) အစီအစဉ်နဲ့ မဲဆောက်ဒေသတွင်းမှာ အကြမ်းဖက်ခံရမှုဆိုင်ရာ ပညာပေးပေးသင်တန်းတွေ မပြုလုပ်နိုင်သေးခင်ကလည်း အလားတူ ဒေသတွင်းမှာ လိင်ပိုင်ဆိုင်ရာ အကြမ်းဖက်ခံရတဲ့အမျိုးသမီးတွေ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကို ပြန်လည်းကုစားပြီး ကူညီစောင့်ရှောက်ပေးတဲ့ လုပ်ငန်းတွေကို ၂၀၀၀ ခုနှစ်ကတည်းက ဆောင်ရွက်လုပ်ကိုင်နေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

0 comments: