Monday 10 February 2014

မဲဆောက်မြို့မှာ သြစတေးလျ အွန်လိုင်း အဝေးသင်တက္ကသိုလ် (Griffith University) က ဒုတိယအကြိမ် ဘွဲ့တံဆိပ်ချီးမြှင့်ပွဲ့ အခမ်းအနားပြုလုပ်


10 Feb 2014 | အောင်ထွန်းလင်း | SAW

သြစတေးလျနိုင်ငံအတွင်းရှိ တက္ကသိုလ်ပေါင်း (၇) ခုနှင့် ပေါင်းစည်းထားသော 0penUniversities Australia OUA အွန်လိုင်းစနစ်ဖြင့် သင်ကြားပြီး ဘွဲ့ဒီဂရီရရှိသည့် မြန်မာတိုင်းရင်းသားကျောင်းသား (၁) ဦးအား၂၀၁၄ ခုနှစ်၊ မတ်လ ၈ ရက်နေ့က သြစတေးလျနိုင်ငံ နာမည်ကြီးတက္ကသိုလ်ကြီးဖြစ်သည့် Griffith University) ဂရီဖွင့်တက္ကသိုလ်မှ အောင်မြင်သော ကျောင်းသားတစ်ဦးအား ဘွဲ့ချီးမြှင့်ခဲ့သည်။ 

ဂရီချီးမြှင့်သည့်အခမ်းအနားကိုထိုင်းနိုင်ငံ၊ မဲဆောက်မြို့ Queen Palace ဟိုတယ်၊ Seminar ခန်းမဆောင်မှာ ကျင်းပပြုလုပ်ကြရာ ရွေ့ပြောင်းမြန်မာကျောင်းသူ၊ သားများ၊ OUA အွန်လိုင်းစနစ်ဖြင့် သင်ကြားလျက်ကျောင်းသူ၊ သားများနှင့် အဖွဲ့အစည်းဆိုင်ရာ ခေါင်းဆောင်များအပါအ၀င် လူဦးရေ (၈၀) ခန့် တက်ရောက်ခဲ့သည်။ 

အခမ်းအနားတွင် OUA Myanmar scholarship project ၏ အတတ်ပညာထောက်ကူပြုခံ (Academic support Coordinator) ဆရာဦးသိန်းနိုင် က ကျောင်းသူ၊ သားအားလုံးက အလုပ်အကိုင်ကိုယ်စီရှိကြတယ်၊ ဒါပေမဲ့ သူတို့တွေက မအားလပ်တဲ့ကြားမှာ ကြိုးစားကြတာကို တွေ့ရတယ်။ ဒီအွန်လိုင်းပညာရေး အစီအစဉ်ကို သင်ကြားပြီး ဘွဲ့ဒီဂရီချီးမြှင့်ပွဲကို မဲဆောက်မြို့တွင် နှစ်ကြိမ်တိုင် ပြုလုပ်ကျင်းပခဲ့ပြီးဖြစ်သည်။ ပထမအကြိမ်မှာ မဲဆောက်မြို့CDC အထက်တန်းကျောင်းတွက် ကျင်းပပြုခဲ့သည် ဟု ပြောဆိုသည်။

OUA အွန်လိုင်းအစီအစဉ်တွင် မြန်မာတိုင်းရင်းသား (၃၀) ဦးခန့် သင်ကြားလျက်ရှိသည်။ ယခု ဒုတိယအကြိမ်တွင် အောင်မြင်သွားသူက မွန်အမျိုးသား မောင်မောင်သိန်း ( မွန်ပြင်သစ်ပါတီ ပညာရေးငှာန) မှ B.A (Bachelor of degree) ရရှိခဲ့ကြသည်။ 

OUA အွန်လိုင်းအစီအစဉ်မှာ ဘွဲ့ချီးမြှင့်ခံရသူ ဆရာမောင်မောင်သိန်း က အဆင့်အတန်းရှိတဲ့ တက္ကသိုလ်တခုကနေ ဘွဲ့လက်မှတ်ရတာကအရမ်းကို ၀မ်းသာပါတယ်၊ အခု လက်ရှိရထားသည့် ဘွဲ့လက်မှတ်ကို အလုပ်အကိုင်ရှာဖွေတဲ့နေရာမှာ အသုံးပြုဖို့မဟုတ်ဘဲ မိမိနေထိုင်ရာဒေသအတွင်း လူမူရေး၊ နိုင်ငံရေးအတွက် အကျိုးဖြစ်စေမယ့် လုပ်ငန်းများကို ပြန်လည်အသုံးပြုမှာ ဖြစ်တယ်၊ မျိုးဆက်သစ်လူငယ်များက အသက်ငယ်ရွယ်နေစဉ် ပညာရေးကို ဆွတ်ခူးနိုင်သလောက် သင်ကြားစေဖို့ တိုက်တွန်းစကား ပြောကြားခဲ့သည်။ 

OUA သည် နာမည်ကြီးတက္ကသိုလ်(၇) ခုဖြစ်သည့် curtin university, Griffth University, Macquarie university, Monash University, RMIT University နှင့် Swinburne University ပူးပေါင်းထားကာ ကမ္ဘာပေါ်ရှိကျောင်းသား၊ သား (၅၅၀၀၀) ကျော် အွန်လိုင်းပညာရေးစနစ်ဖြင့် တက္ကသိုလ်ဘွဲ့ ပညာရပ်များ သင်ကြားပေးနေလျက်ရှိသည်။ 
ထိုဘွဲ့ချီးမြှင့်ပွဲ အခမ်းအနားကို Hle Bee ကျောင်းမှ မွန်ရိုးရာအကနဲ့၊ CDC အထက်တန်းကျောင်းမှ ကျောင်းသူ၊ သားလေးများက ASEAN ချစ်ကြည်ရေးသရုပ်ဖေါ်အက များဖြင့် ပါဝင်ဖျော်ဖြေခဲ့ကြသည်။ အခမ်းအနားကို နေလည် (၁၂) နာရီတွင် အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။

0 comments: