Tuesday 29 October 2013

ထိုင်းနိုင်ငံနယ်စပ် တစ်လျှောက်တွင် စင်တာ ငါးခုဖွင့်ပြီး ပတ်စ်ပို့အနီပေးရန် စီစဉ်




       ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမား များကို နိုင်ငံကူးလက်မှတ် (ပတ်စ် ပို့အနီ) ပြုလုပ်ပေး ရန် ထိုင်းနိုင်ငံ နယ်စပ်တစ်လျှောက် နေရာငါးခု တွင် ချက်ချင်းအပြီးဆောင်ရွက် ပေးနိုင်သည့် စင်တာ(One Stop Service Center)များ ဖွင့်လှစ်ပြီး ဆောင်ရွက်ပေး သွားမည်ဖြစ် ကြောင်း
မြန်မာ သံအမတ်ကြီး ဦးတင်ဝင်း က ပြောသည်။

အောက်တိုဘာ ၁၁ရက်နှင့် ၁၂ရက်များတွင် နှစ်နိုင်ငံအစိုးရ ချင်း တွေ့ဆုံဆွေးနွေး မှု တစ်ခု ပြု လုပ်ခဲ့ပြီး ယင်းဆွေးနွေးပွဲကို နှစ် နိုင်ငံစလုံးမှ အလုပ်သမားဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များ တက် ရောက်ခဲ့သည်ဟု ဦးတင်ဝင်းက ပြောသည်။

''လက်ရှိလေးနေရာကတော့ဖွင့်ဖို့အဆင်သင့်ဖြစ်နေပြီ။ မော တောင်တစ်ခုပဲ မြန်မာဘက်က အဆင်သင့် မဖြစ်သေးလို့''ဟု ၎င်း က ဆိုသည်။

ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့ နယ်၊ တက်ခရိုင် မဲဆောက်မြို့နယ်၊ ကန်ချနပူရီမြို့နယ်၊ ရနောင်းမြို့ နယ်တို့၌ နိုဝင်ဘာလဆန်းတွင် ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း ဦးတင်ဝင်းက ရှင်းပြသည်။

အထက်ပါနေရာများမှ ထုတ် ပေး ရန် စီစဉ်သကဲ့သို့ပင် အောက် တိုဘာ ၂၁ရက်မှစပြီး မြန်မာနိုင်ငံ မှထွက်ခွာမည့် မြန်မာအလုပ် သမားများကို ပတ်စ်ပို့အနီထုတ် ပေးတော့မည်ဖြစ်ကြာင်း ဦးတင် ဝင်းက ပြောသည်။

မြန်မာအလုပ်သမားများ ကို နိုင်ငံကူး လက်မှတ် ထုတ်ပေး မည့် အစီအစဉ်တွင် ပထမအဆင့် အနေဖြင့် MoU နှင့် လာသည့် အလုပ်သမားများကို နိုင်ငံကူး လက်မှတ်ထုတ်ပေးပြီး ဒုတိယ အဆင့်အနေဖြင့် ၂၀၁၄ မတ်လ တွင် ပြည်ပရှိ မြန်မာအလုပ်သမား အားလုံး ပတ်စ်ပို့အနီထုတ်ပေးရန် မူချမှတ်ထားကြောင်း ဦးတင်ဝင်း က ပြောသည်။

အဆိုပါ အချက်နှစ်ချက်အား နှစ်နိုင်ငံ နိုင်ငံအစိုးရအနေဖြင့် မူ အားဖြင့် သဘောတူထားပြီးဖြစ် ပြီး ယခုယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်နေ သည့် မြန်မာအ လုပ်သမားများအနေဖြင့် ၂၀၁၄ ခုနှစ် မတ်လအထိ ကိုင်ဆောင် ထားရမည်ဖြစ်သည်ဟု ဦးတင်ဝင်း က ပြောသည်။

မြန်မာအစိုးရအနေဖြင့် တရားဝင် နိုင်ငံတကာ နိုင်ငံကူး လက်မှတ်ထုတ်ပေး ပါက အလုပ် သမားများအတွက် ကောင်းမွန် သည်ဟု ဆိုနိုင်သော်လည်း ထိုင်း အစိုးရဘက်မှ မည်သည့်ထုတ်ပြန် ချက်မှ မကြားသိရသေးကြောင်း Foundation for Education and Development ဒါရိုက်တာ ဒေါ်ပိုပို က ပြောသည်။

''နိုင်ငံကူးလက်မှတ် တရား ဝင်ထုတ်ပေးတာ ကောင်းပါတယ်။ ဒါပေမဲ့ ကာကွယ်ပေးရမယ့် ကိစ္စ ရယ်၊ ပြီးတော့ သူတို့ရဲ့ ခံစားခွင့် တွေနဲ့ပတ်သက်ပြီး နည်းနည်း မေးခွန်းထုတ်စရာတော့ ဖြစ်တာ ပေါ့''ဟု ရွှေ့ပြောင်းအလုပ်သမား အရေး ကူညီပံ့ပိုးပေးနေသည့် မြန်မာနိုင်ငံဒီမိုကရေစီရရှိရေး ထိုင်း လုပ်ငန်းကော်မတီ (TACDB) ဥက္ကဋ္ဌဦးမြင့်ဝေက မှတ်ချက်ပေး သည်။

အေးချမ်းမွန် Credit To >Yangon Media Group <Thanks

0 comments: