Tuesday 15 October 2013

သူငယ်တန်းကျောင်းသူတဦး အဓမ္မပြုကျင့်ခံရ၍ သေဆုံး

kolatt (PBDN): October. 16 .2013

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့နယ်ခွဲ၊ ပြင်ဘုငယ်ကျေးရွာ၊ အမက (မော်ဖျား)မှ သူငယ်တန်းကျောင်းသူတစ်ဦး အဓမ္မပြုကျင့်ခံရသဖြင့် သေဆုံးသွားသည်ကို ၂၀၁၃ ခုနှစ်၊ အောက်
တိုဘာလ (၁၄)ရက်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
::
ဖြစ်ပွားပုံမှာ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့နယ်ခွဲ၊ ပြင်ဘုငယ်ကျေးရွာ၊ အမက (မော်ဖျား)မှ သူငယ်တန်းကျောင်းသူ မဇာခြည်မိုး၊ အသက် (၅)နှစ် (၈)လ၊ (ဘ) ဦးမောင်ဇော်သည် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်နေ့၊ ည (၈း၃၀)အချိန်ခန့်တွင် အဖွားဖြစ်သူ ဒေါ်လင်း
ကြည် တရားပွဲသို့ တရားနာသွားနေစဉ်
အစ်မဖြစ်သူ မမိမြတ်နိုး၊ အသက် (၈)နှစ်နှင့်အတူ နေအိမ်၌ ညအိပ်ကျန်နေခဲ့သည်။
::
အဖွားဖြစ်သူ တရားပွဲမှ ပြန်လာစဉ် မဇာခြည်မိုး ပျောက်ဆုံးနေ၍ မေးမြန်းရာ မမိမြတ်နိုးက ပြင်ဘု
ငယ်ရွာ၊ မော်ဖျားရပ်ကွက်နေ ထက်ဝင်း (ခ) အ၀င်းမှ အိပ်ယာအတွင်းမှ ပွေ့ချီခေါ်ယူသွားကြောင်း
ပြောဆို၍ ရွာသူ/သားများနှင့်အတူ လိုက်လံရှာဖွေရာ ည (၁၂း၀၀)နာရီအချိန်ခန့် နေအိမ်အနီးရှိ
ရေချောင်းကမ်းစပ်၌ မဇာခြည်မိုးသေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။
::
၎င်းနှင့်ပတ်သက်၍ အဖွားဖြစ်သူ ဒေါ်လင်းကြည်၊ အသက် (၅၆)နှစ်၊ (ဘ) ဦးရန်ပြေမှ အောက်တို
ဘာလ (၁၅)ရက်နေ့၊ ညနေ (၅း၀၀)နာရီအချိန်ခန့် ပလောက်ရဲစခန်းသို့ လာရောက်တိုင်ကြားရာ စခန်းမှူး ရဲအုပ် အေးမင်းမှ (ပ) ၁၀/၂၀၁၃၊ ပြစ်မှု ပုဒ်မ ၃၀၂/၃၇၆ အရ အမှုဖွင့်အရေးယူကာ တရားခံ ထက်ဝင်း (ခ) အ၀င်း၊ အသက် (၂၁)နှစ်၊ (ဘ) ဦးမြင့်သိန်းအား ဖမ်းဆီးစစ်ဆေးခြင်း၊ အလောင်းအား ဆရာဝန်၏ ဆေးစစ်ဆေးချက်ရယူခြင်းများ ပြုလုပ်ထားကြောင်း သိရှိရပါသည်။

မြိတ်ပုလဲမြေ

0 comments: