Tuesday 17 September 2013

ခေါင်းတစ်ခြမ်း ကိုက်ခြင်းက ရေရှည်တွင် ဦးနှောက်ကို ထိခိုက်စေနိုင်

          Migraineခေါ် ခေါင်းတစ်ခြမ်းကိုက်သည့် ဦးယဉ်းနာ ဝေဒနာသည် ရေရှည်တွင် ဦးနှောက်ကို ထိ ခိုက်စေနိုင်ကြောင်း သုတေသီများက သတိပေး
ပြောကြားလိုက်သည်။ ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ (၁၀) ရာခိုင်နှုန်းမှ (၁၅)ရာခိုင်နှုန်းထိ ခံစားရတတ်သည့် Migraine ဝေဒနာသည် သာမန် ပေါ့ပေါ့တန်တန် အခြေ အနေ မျိုးဟု အများစုက ယူဆတတ်သော်လည်း ရေရှည်တွင် ဦးနှောက်ကို ထိရောက်သော ဆိုးကျိုး သက်ရောက်မှုများ ဖြစ်ပေါ်စေတတ်ကြောင်း သိရသည်။ ကာလရှည်ကြာ ဦးခေါင်းတစ်ခြမ်း ကိုက်လေ့ ရှိသူ များသည် ဦးနှောက် ဒဏ်ရာ ရနိုင်သလို မူမှန်မဟုတ်သည့် ဇီဝဖြစ်တည်မှုများ ကြုံရတတ်ပြီး ဘေးထွက်ဆိုး ကျိုးများ ဖြစ်ပေါ်နိုင်ကြောင်းလည်း ပညာရှင်များက မှတ်ချက်ပြုခဲ့သည်။

အဆိုပါ သက်ရောက်မှုမျိုးသည် ဦးခေါင်း တစ်ခြမ်းကိုက်နေချိန်ထက် ယင်းကဲ့သို့ အခြေအနေ ပေါ်ပေါက်လာ ရန် ကနဦး အစပြုသည့် လက္ခဏာများ တွေ့ရချိန်တွင် ပိုမို သိသာ ထင်ရှား တတ်ကြောင်း လည်း ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင် တက္ကသိုလ်မှ ဒေါက်တာ မက်ဆုဒ်အာရှီနာက ရှင်းပြခဲ့သည်။ "သာမန်အားဖြင့်တော့ Migraine ဟာ ပျော့ပြောင်းတဲ့ ဝေဒနာတစ်ရပ်လို့သာ သဘောထားနိုင်ပါတယ်။ ဒါပေမဲ့ ရေရှည် ကြာမြင့်သွားရင်တော့ ဦးနှောက်ကို ထိခိုက် ပျက်စီးစေနိုင်တယ်လေ"ဟု ဒေါက်တာ အာရှီ နာက ဆိုသည်။ သုတေသီများ၏ လေ့လာမှုအရ ရေရှည် ခေါင်းတစ်ခြမ်းကိုက်မှုသည် ဦးနှောက်တွင် ဒဏ်ဖြစ်နိုင်ခြေ ကို (၆၈)ရာခိုင်နှုန်း တိုးမြင့်စေပြီး ကနဦး လက္ခဏာများ မပြသသော ခေါင်းတစ်ခြမ်း ကိုက်မှုကမူ ဦးနှောက်တွင် ဒဏ်ဖြစ်နိုင်ခြေကို (၃၄)ရာခိုင်နှုန်းမျှ မြင့်တက်စေတတ်ကြောင်း သိရှိရသည်။


http://mmforward.blogspot.com/2013/09/blog-post_7063.html


0 comments: