Monday 16 September 2013

စားစရာအလှူခံတဲ့မြန်မာ ၂ဦးကို ထိုင်းရဲ၉ဦးက၀ိုင်းဖမ်း

          လုပ်အားခမရသဖြင့်ထမင်းစားစရာမရှိဖြစ်နေကြသည့် အလုပ်သ မား တစ်ရာကျော် အတွက် စားစရာ ဆန်နှင့် သောက် စရာရေ များ အကူညီရလိုရငြား အလှူခံရန်ထွက်လာကြည့် အလုပ်သမ ဇနီးမောင်နှံ တို့အား ထိုင်းပုလိပ် ၉ ဦးက ၀ိုင်းဝန်း ဖမ်း ဆီး
ခဲ့သည်။

ထိုင်းနိုင်ငံတောင်ပိုင်း၊ မလေးရှားနယ်စပ် နရသီဝပ် ခရိုင်၊ ရှန်ခိုင်းဂလုတ်မြို့ (Buketta) ဘူကစ်တာအရပ် တွင် ရှိသော  AEK  SUPACHOK ဆောက်လုပ်ရေးကုမ္ပဏီ တွင် လုပ်အားခ ရရန်စောင့်ဆိုင်းနေကြသည့် မြန်မာ အလုပ်သမား များပန်းရံလုပ်နေကြသော   မြန်မာအလုပ်သမား  ၁၁၀ ဦးတို့ တွင် စားစရာအစား အစာများလုံးဝမရှိတော့သဖြင့် အကူညီရှာ ရန် ထွက်လာသူနှစ်ဦးကို ပုလိပ်များ ၀ိုင်းဖမ်းကြခြင်းဖြစ်သည်။

ကိုနိုင်လင်းနှင့် မခင်လှထွေး တို့မှာ အဆိုပါ ပန်းရံဆိုဒ်တွင် ၂နှစ်ကျော်ကြာအလုပ်လုပ်နေ
ကြပြီဖြစ်သော ၀ါရင့်အလုပ်သမားများဖြစ်ကြသည်။

မခင်လှထွေး က“ ကျမ တို့ ကဒီမှာကြာပြီလေ။ ဘယ်နေရာမှာ ဗမာတွေရှလဲဆိုတာ သိတယ်၊ ဆန်တို့
သောက်ရေတို့ ရသလောက် အလှူခံမယ် ဆိုပြီးထွက်လာတာ။ ပုလိပ်၉ ယောက်လိုက်လာပြီးတော့
မင်းတို့ချဲရောင်းကြတယ်မနား ဘာညာဆိုပြီးမေးတယ်၊ ကျမတို့က အလုပ်သမားတွေအတွက်  အကူညီ
လာရှာတာလို့ပြောပြတော့ ဘယ်မှ မသွားရဘူး ပြန်ဆိုပြီး အလုပ်ဆိုဒ်ထဲကို ပြန်ပို့ခံရတယ်” ဟုပြောသည်။

အလုပ်သမားများအတွက် ဆက်သွယ်ကူညီတောင်းခံနေသည့် မရည်မွန်ကျော် က“ဒီနေ့ညနေ
သမီးတို့  တွေမှာ စားစရာလည်းမရှိတော့ဘူး။ သောက်စရာရေလည်းမရှိတော့ဘူး။ မြန်မာသံရုံးကို ကျမ
ဖုန်းဆက်တယ်။  ဘာပြောလဲဆိုတော့ အလုပ်ပြန်လုပ်ကြ၊ ခေါင်းသိပ်မမာကြနဲ့ အလျှော့အတင်းလုပ်ကြ
တဲ့။ သူများတိုင်းပြည်မှာ စားရမဲ့ အကာအကွယ်မဲ့ဖြစ်နေတဲ့ တရားဝင်အလုပ်သမား ပတ်စပို့လုပ်ထားကြတဲ့ သမီးတို့ကို ဒီလိုပြန်ပြောတာ သမီးဝမ်းအနည်းဆုံးပဲ၊ သမီးတို့ကို သူဌေးက စက်တင်ဘာလ ၂၆ ရက်နေ့မှ ပိုက်ဆံပေးမယ်လေ၊ သမီးတို့နဲ့ စားကြမလဲ။ လုပ်အားခရှင်းမပေးဘူးဆိုရင်ကော သမီးတို့ ဘယ်သူ့ကို အကူညီတောင်းလို့ရမလဲ” ဟုပြောသည်။

အလုပ်သမားများအား မြန်မာသံရုံးနှင့် MAT အဖွဲ့တို့ က ဒေသခံ  ထိုင်းအလုပ်သမားဝန်ကြီး
ဌာန ကျဟာငမ်းနှင့် ဆာဝါဒီကန်သို့ အကြောင်းကြားထားသဖြင့်  အလုပ်သမားများမှာ ပတ်စပို့ကိုရရှိ
ထားကြပြီးဖြစ်သည်။ သို့ရာတွင် ယခုအလုပ်သမားများအား မည်သည့်အဖွဲ့က ပြေလည်အောင်ဖြေရှင်း
ပေးမည်ဟူ၍ တာဝန်ခံထားသူမရှိသေးကြောင်း အလုပ်သမားများကပြောသည်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT က ထိုင်းတောင်ပိုင်း ဖန်ငအခြေစိုက် ပညာရေး ဖွံ့ဖြိုးရေးဖေါင်ဒေးရှင်းFED သို့ ထပ်မံအကူညီတောင်းခံထားခဲ့သည်။ FED ကလည်း ထိုင်းတောင်ပိုင်း အင်ဂျီအိုများ ကွန်ယက်နှင့်အတူညှိနှိုင်းလျှက် အလုပ်သမာများ အစားအစာ ရရှိရေးအတွက် အကူညီေ ပးနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

၂၀၁၃ ခုနှစ်အစပိုင်းက နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ကပြည်ပရောက် မြန်မာသံရုံးများ သို့   ရွှေ့ပြောင်းအလုပ်သမားများကို ကူညီစောင့်ရှောက်ကြရန် မှာကြားထားဖူးသည်။ ဒေါ်အောင်ဆန်းစုကြည် ကလည်း ထိုင်းရောက် မြန်မာအလုပ်သမားများကို ကူညီစောင့်ရှောက်ပေးမည်ဟု ပြောဆိုခဲ့ဖူးသော်လည်း ယခုအချိန်အထိ မြန်မာအလုပ်သမားများဖိနှိပ်ခံရမှုမှာ မြူတစ်မှုန်မျှ လျှော့ပေါ့သွားခြင်းမရှိသေးကြောင်း MAT အဖွဲ့ကပြောသည်။


စက်တင်ဘာ၁၆  မြတ်ညို(အလွတ်သတင်းထောက်)
ရွှေလုပ်သား

0 comments: