Sunday 28 July 2013

ယာဉ်တိုက်မှုကြောင့် သုံးရက်ကြာ သတိလစ်နေသည့် ကိုယ်ဝန်ဆောင်မိခင်မှ ကလေးမွေးဖွား



ကိုယ်ဝန် ရှစ်လ လွယ်ထားရသူ အ သက် ၃၀ နှစ်အရွယ် Wei Liu ဟာ သူ့ အမျိုးသားနဲ့အတူ အိမ်ကိုအပြန် တက္ကစီ စီးရာမှာ ယာဉ်မတော်တဆ ထိခိုက်ဒဏ် ရာရမှုဖြစ်ကာ မန်ချက်စတာ ဆေးရုံပေါ် မှာ ကုသမှု ခံယူရတယ်လို့
သိရပါတယ်။ သူမဟာ ယာဉ်တိုက်မှုကြောင့် နှလုံးအပေါ် နံရံမှ သွေးကြောဒဏ်ရာ ရရှိတာ၊ နံရိုးကျိုး ပြီး အသည်းကို စိုက်နေတာ၊ ပါးရိုးကျိုးတာ၊ ခြေထောက်နဲ့ တင်ပဆုံရိုးတွေ ကျိုးတာတွေ ဖြစ်ပြီး သုံးရက်ကြာ သတိလစ် သွားတယ်လို့ သိရပါတယ်။ ဆေးရုံမှာ သန္ဓေသားရဲ့ နှလုံးခုန်နှုန်း ကျဆင်းတာကို တွေ့ရှိရပြီး မိခင်ရဲ့ သွေးကြောကြီးဟာလည်း ပြတ်တောက် နေတာမို့ သူရဲ့ သန္ဓေသား အသက်ကို ကယ်တင်ဖို့အတွက် သူ့ကို အရေးပေါ် ဗိုက်ခွဲ ကုသပြီး ကလေးမွေးပေးခဲ့ရတယ်လို့ သိရပါတယ်။ သတိလစ်ပြီး သုံးရက်အကြာ သူမနိုးထလာချိန်မှာပဲ သူရဲ့ကလေးကို ပထမဆုံး မြင်တွေ့ခဲ့ရတယ်လို့ သိရပါတယ်။ သူဟာ တင်ပဆုံရိုး ထိခိုက်ဒဏ်ရာ ရတာကြောင့် ဘီးတပ်ကုလားထိုင်ကို အသုံးပြုဖို့ လိုအပ်ပြီး မှတ်ဥာဏ်တွေ ဆုံးရှုံးမှု ရှိတယ်လို့ သိရပါတယ်။ သူမရဲ့ ပါးရိုး ကျိုးခဲ့ပြီး ဦးခေါင်းတစ်လျှောက် ပြတ်ရှ ဒဏ်ရာရှည်ကြောင့် ၄၈ ချက် ချုပ်ခဲ့ရတယ် လို့ ဆိုပါတယ်။

0 comments: