Sunday 28 July 2013

တစ်နှစ်အရွယ် မိန်းကလေးတစ်ဦးက အွန်လိုင်းမှ ကားဝယ်ယူခဲ့



                     အမေရိကန်နိုင်ငံ အိုရီဂန်ပြည်နယ်မှ တစ်နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ဖခင်၏ စမတ်ဖုန်းကို အသုံးပြုပြီးအင်တာနက် ကားရောင်းဝယ်ရေး ၀က်ဘ်ဆိုက်မှ ကားတစ်စီး ၀ယ်ယူ
ခဲ့သည်။ ဆိုရီလာ အမည်ရှိ ထိုကလေးငယ်သည် ၁၉၆၂ ခုနှစ်ထုတ် အော်စတင်ဟာလေကားကို နှစ်သက် သဘောကျသဖြင့် မှာယူခဲ့ခြင်း ဖြစ်ဖွယ်ရှိကြောင်း ဆိုရီလာ၏ မိခင်မှ ပြောကြားသွားခဲ့သည်။ ဆိုရီလာသည် ဖခင်၏ စမတ်ဖုန်းအား အသုံးပြုရခြင်းကို နှစ်သက်သဘောကျပြီး ဖခင်ဖြစ်သူ၏ ကားရောင်းဝယ်ရေး ကုမ္ပဏီမှ လာရောက် ပို့ဆောင်သည့် ကားကို မငြင်းပယ်ဘဲ ၀ယ်ယူခဲ့သည်။ ထိုကားကို ဆိုရီလာ ၁၆ နှစ်အရွယ် ရောက်လျှင် မွေးနေ့လက်ဆောင် အဖြစ် ပေးရန် ရည်စူးထားကြောင်း ဖခင်ဖြစ်သူ ပေါလ်စတူဒီက ပြောကြားခဲ့သည်။

0 comments: