Sunday 28 July 2013

ငိုလိုက်တိုင်း သွေးမျက်ရည် ကျဆင်းသည့် မိန်းကလေး



                          ချီလီနိုင်ငံ ၊ ပူရန်ကွေးမြို့နယ်ရှိ မိန်းကလေး တစ်ဦးသည် ငိုလိုက်တိုင်း
မျက်ရည်အစား သွေးမျက်ရည်များ ကျဆင်း နေသဖြင့် ဆရာဝန်များအတွက်
ပဟေဋိ ပုစ္ဆာတစ်ပုဒ် ဖြစ်
လာခဲ့သည်။

အသက် ၂၀ အရွယ်ရှိ ယာရစ်ဇာအိုလီဗာသည် ပြီးခဲ့သည့် လပိုင်းမှ စတင်၍ ယင်းသို့ ငိုလိုက်တိုင်း သွေးမျက်ရည် ကျဆင်းလာပြီး
ဆရာဝန်များဖြင့် သွားရောက် ကုသသော်လည်း သက်သာပျောက်ကင်းခြင်း
မရှိကြောင်း သိရသည်။

၎င်း၏ မိဘများက ငွေးကြေးမတတ်နိုင် သဖြင့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် ပြသရန် စိုးရွံနေသောကြောင့် မိသားစုနှင့်
အိမ်နီးချင်းများက အလှည့်ကျ အိုလီဗာ အနားတွင် နေထိုင်ကာ ရယ်စရာ မောစရာ
များ ပြောပြပေးနေရသည်။

သွေးနီဆဲလ်များ ပြိုကွဲခြင်း heamOlacria ရောဂါဖြစ်ပွားနေခြင်း ဖြစ်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းခဲ့ကြပြီး
၎င်းရောဂါသည် ဟော်မုန်းဓာတ်များပြားသော မိန်းကလေးများတွင်
ဖြစ်လေ့ဖြစ်ထရှိသည်။ အိုလီဗာ၏ မိခင်က သမီးဖြစ်သူ၏ ရောဂါကို
ဝိုင်းဝွန်းကူညီပေးရန် ချီလီရုပ်သံတစ်ခုမှ တစ်ဆင့် အကူအညီ တောင်းခံခဲ့သည်။

၂၀၀၉ ခုနှစ်တွင် အမေရိကန်နိုင်ငံ တင်နက်ဆီ ပြည်နယ်တွင် ၁၅ နှစ် အရွယ်ရှိေ ယာက်ျားလေး တစ်သီးသည် အလားတူ သွေးမျက်ရည် ကျဆင်းသည့် ရောဂါဝေဒနာ ခံစားရဖူးကြောင်း သိရသည်။

ပြည်မြန်မာ

ကိုစိုး





0 comments: