Sunday 23 June 2013

ကျောင်းမနေနိုင်သည့်ကလေးများအတွက် ကျောင်းပြင်ပ မူလတန်းပညာရေး ဇူလိုင်ပထမပတ် စတင်မည်

ကျောင်းပြင်ပမူလတန်း ပညာရေးကို ဇူလိုင်လ ပထမ အပတ်တွင် စတင်ဆောင်ရွက် သွားမည်ဖြစ်ပြီး ကျောင်းပြင်ပ မူလတန်းပညာရေး ကျောင်း အခြေစိုက်စခန်းများကိုစီစဉ်ထား ရှိပြီး ဖြစ်ကြောင်းသိရသည်။

“ကျောင်းပြင်ပမူလတန်း ပညာရေး စနစ်က ကျောင်း မတတ်နိုင်တဲ့ကလေးတွေကို အနည်းဆုံး မူလတန်းပြီးမြောက် အောင်သင်ကြားပေးတဲ့ ပညာ ရေးစနစ်ဖြစ်ပါတယ်။ဟု ကျောင်း ပြင်ပ မူလတန်းပညာရေးနှင့် ပတ်သက်၍

ပညာရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူ တဦးက ပြောကြားခဲ့သည်။
ကျောင်းပြင်ပ ပညာရေးမှာ ပါဝင်သင်ကြားပေးမည့် သင် တန်းဆရာတွေကိုTOT လို့ခေါ် တဲ့ သင်ကြားရေးဆရာအဖြစ် သင်တန်းတွေကိုလည်းထပ်ပြီး သင်ကြားပေးဖို့ စီစဉ်ထားကြောင်း ကျောင်းပြင်ပ မူလတန်းပညာရေး စီမံချက်ဆောင်ရွက်နေသူ အချို့ ထံမှ သိရသည်။

“အခုလောလောဆယ်တော့ ကျောင်းအပ်လက်ခံဖို့အတွက် အရေအတွက် စာရင်းကောက်ယူ ထားတယ်။ကျောင်းပြင်ပ ပညာ ရေးတတ်မယ် ကျောင်းသားတွေ ရဲ့သင်တန်းတတ်နိုင်မှုအခြေအနေ တွေကို ချိန်နေရလို့ပါ။” ဟု ကျောင်းပြင်ပ မူလတန်းပညာရေး စီမံဆောင်ရွက်နေသူမှထပ်မံ ပြောကြားသည်။

ကျောင်းပြင်ပမူလတန်း ပညာရေးဆောင်ရွက်မှုကို ၂၀၀၈-၂၀၀၉တွင်စတင်စမ်းသပ် ဆောင်ရွက်ခဲ့ပြီး ယခုအခါ တနိုင်ငံလုံးအတိုင်းအတာ အရ ဆောင်ရွက်နေပြီဖြစ်ကြောင်းသိ ရသည်။

ကျောင်းပြင်ပ မူလတန်း ပညာရေးမှာ Unicef အပါအ၀င်INGO များနှင့်ငွေကြေးတတ်နိုင် သူများ၏ ကူညီထောက်ပံ့မှုဖြင့် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း ကာ ကျောင်းမနေနိုင်သော ကလေးငယ်များကို စုစည်းပညာ သင်ပေးမည့်လုပ်ငန်းစဉ် တခု ဖြစ်ကြောင်းသိရသည်။

0 comments: