Sunday 23 June 2013

၃၉၆ ကြိမ် ဖမ်းဆီးခြင်းခံခဲ့ရသည့် အမျိုးသမီး

အမေရိကန်ပြည်ထောင်စု၊ ချီကာဂိုမြို့မှ အသက် ၅၁ နှစ် အရွယ်ရှိ ရှာမိန်းမိုင်းလ် အမည်ရှိ အိမ်ယာမဲ့အမျိုးသမီးသည် လွန်ခဲ့သော ၃၅ နှစ်အတွင်း ၃၉၆ ကြိမ်ဖမ်းဆီးခြင်းခံခဲ့ရသဖြင့် စိတ်ရောဂါကုသမှုခံယူရန် တရားသူကြီးက အမိန့်ချမှတ် ခဲ့သည်။

မိုင်းလ်အား ဇွန်လ ၁၀ ရက် က ကွတ်အုပ်ချုပ်ရေးနယ်မြေ တရားရုံးတွင် မြို့တော်ကောင်စီ ၀င်တဦးအား တိုက်ခိုက်မှုဖြင့် တရားစွဲဆိုခဲ့ပြီး မိုင်းလ်က ကျူးကျော်ဝင်ရောက်မှုနှင့် အများပြည်သူရှေ့တွင် အရက် သေစာ သောက်သုံးမှုများအတွက် လည်း အပြစ်ရှိကြောင်းဝန်ခံခဲ့ သည်။
တရားသူကြီး ပဂ်္ဂီချီယမ်ပပ်စ် ကမိုင်းလ်အား
စိတ်ရောဂါကုသမှု နှင့် အခြားလိုအပ်သော နောက် ဆက်တွဲကုသမှုများခံယူရန် အမိန့်ချမှတ်ခဲ့သည်။ မိုင်းသည် ခံဝန်ချိုးဖောက်မှုဖြင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလကတည်းက ရှန်ပိန်း မြို့အနောက်ဘက် ၆၅ မိုင် အကွာရှိ လင်ကွန်းမြို့မှ လိုဂန် ပြန်လည်ပြုပြင်ရေးဗဟိုဌာနတွင် ထိန်းသိမ်းခြင်းခံထားရသူလည်း ဖြစ်သည်။

ပြစ်မှုကြီးနှင့်ပြစ်မှုသေး ဒါဇင်ပေါင်းများစွာကျူးလွန်ထားခဲ့ သည့် မိုင်းလ်က တရားသူကြီး အား သူမကိုကူညီခဲ့သည့်အတွက် ကျေးဇူးတင်ခဲ့သည်။
မိုင်းလ်သည် နာမည်တု အနည်းဆုံး ၈၃ မျိုးကိုအသုံးပြု၍ မလျော်မကန်ပြုလုပ်မှုများဖြင့် ၆၅ ကြိမ်အဖမ်းခံခဲ့ရသည်။ သူမသည် ကုန်သည်များနှင့် မြောက်ပိုင်းနေပြည်သူများအကြား လူသိများပြီး လွန်ခဲ့သော နွေရာ သီက သူမနှင့်ပတ်သက်၍ ပန်းသည် တစ်ဦးက ရဲများအား ၂၅ ကြိမ် ခေါ်ယူခဲ့ရသည်။

ဥက္ကာအောင်

Source: Chicago Sun-Times,http://www.suntimes. com/index

0 comments: