Sunday 30 June 2013

အိမ်သာသုံး စက္ကူဖြင့် ပြုလုပ်ထားသော မင်္ဂလာဝတ်စုံ ဒီဇိုင်းဆု ရရှိခဲ့

                  
အမေရိကန်နိုင်ငံ နယူးယောက်မြို့ တွင် မင်္ဂလာဝတ်စုံ ဒီဇိုင်းပြိုင်ပွဲကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကျင်းပ ပြုလုပ်ခဲ့ရာ ဒီဇိုင်နာ မီမိုဇာဟာရှ်ကာ၏ အိမ်သာသုံးစက္ကူများဖြင့် ပြုလုပ်ထားသော မင်္ဂလာဝတ်စုံ ဒီဇိုင်းသည် ပထမဆု ဆွတ်ခူး ရရှိခဲ့သည်။ ကာရိုလိုင်းနားတောင်ပိုင်းမှ ၀တ်စုံဒီဇိုင်းပညာရှင် မီမိုဇာဟာရှ်ကာသည် အိမ်သာသုံးစက္ကူများကို ၀တ်စုံဒီဇိုင်း ဖန်တီးပြီး ကော်များ၊ တိပ်များ၊ အပ်ချည်များကို အသုံးပြုပြီး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ပထမဆုအဖြစ် မီမိုဇာဟာရှ်ကာသည် ကန်ဒေါ်လာ ၂၀၀၀၀ ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။

0 comments: