Sunday 30 June 2013

ကမ္ဘာကျော် ဥာဏ်ကြီးရှင်များထက် ၁၂နှစ်သမီးပိုင်ဆိုင်သည့် ဥာဏ်ရည်ဥာဏ်သွေးက ပိုမိုမြင့်မား


                      အိုင်းစတိုင်း၊ စတီဖင်ဟော့ကင်း စသည့် ကမ္ဘာကျော်ဥာဏ်ကြီးရှင်များထက် အသက်၁၂နှစ်အရွယ်ရှိ ဗြိတိန်မူလတန်း ကျောင်းသူတစ်ဦးက ဥာဏ်ပိုကောင်းကြောင်း မန်ဆာအဖွဲ့၏ ဥာဏ်ရည်ဥာဏ်သွေး စစ်တမ်းများကိုကိုးကား၍ ဗြိတိန်သတင်းတစ်ရပ်တွင် ဖော်ပြခဲ့
သည်။ အသက်၁၂နှစ်အရွယ်ရှိ အိန္ဒိယနိုင်ငံဖွား နီဟာရာမူ၏ မိဘများသည် ၎င်းခုနစ်နှစ်သမီး အရွယ်ကတည်းက ဗြိတိန်နိုင်ငံတွင် ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ယခုအခါ မူလတန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိသည်။ မန်ဆာအဖွဲ့၏ ဥာဏ်ရည်ဥာဏ်သွေး စစ်တမ်းများတွင် ရာမူသည်ရမှတ် ၁၆၂မှတ်ရရှိခဲ့ပြီး ထိုကဲ့သို့ရမှတ်မျိုးသည် ဗြိတိန်နိုင်ငံတွင် လွန်စွာတွေ့ရခဲကြောင်း သိရသည်။ ရာမူသည် ကိုးနှစ်သမီး အရွယ်ကတည်းက ၎င်း၏ဥာဏ်ရည်ဥာဏ်သွေးသည် ၁၈နှစ်အရွယ် ဥာဏ်ရည်ဥာဏ်သွေးနှင့် ပိုင်ဆိုင်သည်ကို တွေ့ရှိရသည်။ အိုင်းစတိုင်းတို့ လက်ထက်က ယနေ့ခေတ်ကဲ့သို့ ဥာဏ်ရည်ဥာဏ်သွေး ကောက်ယူမှုများမရှိ သေးသော်လည်း ၎င်းသည် ရမှတ်၁၆၀ခန့်သာ ရရှိနိုင်မည်ဟု ပညာရှင်များက ခန့်မှန်းထားခဲ့ကြသည်။ ရာမူ၏မိဘများသည် မျက်စိအထူးကု ဆရာဝန်များဖြစ်ကြပြီး မိဘများ၏ ခြေရာကို လိုက်နင်းနိုင်ရန်အတွက် SAT၀င်ခွင့်စာမေးပွဲများ ဖြေဆိုနိုင်ရန် ကြိုးပမ်းလျက်ရှိပြီး SATအမြင့်ဆုံး ရမှတ်များဖြင့် ဟားဗတ်ဆေးတက္ကသိုလ်သို့ တက်ရောက်ပညာ သင်ကြားနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

0 comments: