Sunday 30 June 2013

ဒိုင်နိုဆောလိုက်လို့ ထွက်ပြေးကြတဲ့ မင်္ဂလာပွဲ အမှတ်တရ ဓာတ်ပုံ


                  အမေရိကန်နိုင်ငံ လူစီယားနားပြည်နယ်တွင် ဂျိမ်းစ်လော်ရာနှင့် ကာတီယွန် အမည်ရှိ မင်္ဂလာ ဇနီးမောင်နှံနှစ်ဦး ၎င်းတို့၏ မင်္ဂလာပွဲအခမ်းအနားတွင် အသားစား ဒိုင်နိုဆော လိုက်သောကြောင့် ထွက်ပြေးနေသော အမှတ်တရ ဓာတ်ပုံတစ်ပုံကို ဓာတ်ပုံဆရာ၏ အကူအညီဖြင့် ဖန်တီးရယူခဲ့
သည်။ ဓာတ်ပုံဆရာ ကွမ်မိုင်လာက မင်္ဂလာဇနီးမောင်နှံနှင့် မင်္ဂလာပွဲသို့ တက်ရောက်လာသော ဧည့်ပရိသတ်အခိျု့ကို အသားစား ဒိုင်နိုဆောတစ်ကောင် လိုက်၍ ထွက်ပြေးရသကဲ့သို့ သရုပ်ပါအောင် ထွက်ပြေးနေသည့်ပုံကို ရိုက်ကူးပြီးနောက် ၎င်းတို့၏ နောက်တွင် ဒိုင်နိုဆောရုပ်ပုံကို ထည့်သွင်းခဲ့သည်။ ဂျိမ်းစ်လော်ရာသည် ဒိုင်နိုဆောရုပ်ရှင်ဇာတ်ကားများကို အလွန်အမင်း နှစ်ခြိုက်ပြီး ဇနီးလောင်းကို စည်းရုံးကာ ယင်းသို့ ရိုက်ကူးရန် ကြိုးပမ်းခဲ့ပြီးနောက် ယင်းဓာတ်ပုံကို အင်တာနက်သို့ လွှင့်တင်ခဲ့ရာ လူများ နှစ်ခြိုက်စွာ ကြည့်ရှုခဲ့ကြသည်။
http://www.swesonemedia.org/index.php?q=amazing-news/&start=10

0 comments: