Sunday 12 May 2013

ထိုင်း-မြန်မာ နယ်စပ် ဂိတ် တိုးချဲ့ ဖွင့်လှစ်ခြင်း


ထိုင်းနိုင်ငံ ကန်ချဘူရီ ခရိုင်နှင့်မြန်မာနိုင်ငံ တနင်္သာရီတိုင်း ထားဝယ် ခရိုင်အား ဆက်သွယ်သော ထီးခီး နယ်စပ် ဂိတ်ကို ယမာန်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။ အထူးသဖြင့် နှစ်နိုင်ငံ ကုန်သွယ်မှု ပိုမို မြင့်မား လာစေရန်နှင့် ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း အလုပ် သမားများ သွားလာရေး လွယ်ကူစေရန် ရည်ရွယ် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်ဟု တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို တက်ရောက် မိန့်ခွန်း ပြောကြား ခဲ့ပါသည်။ “ စခန်း နေရာ ကတော့ တနင်္သာရီတိုင်း ဒေသကြီး ထားဝယ် ခရိုင်မေတ္တာ မြို့နယ်ခွဲ နှင့် ထိုင်းနိုင်ငံ ကန်ချနဘူရီ ခရိုင် ဗာန်းဖူးနာမ်းရွန်း ကျေးရွာအနီးရှိ ထီးခီး နယ်စပ်နေရာမှာ ဖြစ်ပါတယ်။ ဒီလမ်းကြောင်း ကတော့ ထိုင်းနဲ့ မြန်မာရေနက် ဆိပ်ကမ်း အတွက် အဓိက ၀င်ပေါက် တခုလည်း ဖြစ်တယ်။ ဒါကို ရည်ရွယ်ပြီး လွန်ခဲ့တဲ့ (၁၀) နှစ် ကတည်းက ကြိုးစားပြီး ဖေါက်လုပ် လာခဲ့တာပါ။” ဟု ထိုင်းအရာရှိ တဦးက ဆိုပါသည်။ ထီးခီး နယ်စပ် ဂိတ်သည် ဗန်ကောက်မှကီလိုမီတာ (၇၀) ကျော်ရှိပြီး၊ ထားဝယ် မြို့မှ ကီလို မီတာ (၁၆၀) ကျော်ကွာဝေးကြောင်း သိရပါသည်။ ဤနယ်စပ် ဂိတ်အား မြန်မာ အစိုးရ ဖက်မှ ဖွင့်လှစ် ခဲ့သော်လည်း ထိုင်းအစိုးရ ဖက်မှာမူ လာမည့် ဇူလိုင် (၁) ရက်နေ့ကျမှ ဖွင့်လှစ်မည်ဖြစ်ပါသည်။ မြန်မာဖက်မှ ကျင်းပသော နယ်စပ်ဂိတ် ဖွင့်ပွဲ အခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် အပြင်၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေး၊ ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ စည်ပင် သာယာရေး ဝန်ကြီးဌာန၊ နယ်စပ်ရေးရာ အပါဝင် အခြား ဌာနဆိုင်ရာ အရာရှိများ တက်ရောက် ခဲ့ကြပြီး ထိုင်းနိုင်ငံဘက်မှ ကန်ချနဘူရီ ခရိုင်ဝန်နှင့် ခရိုင် ကုန်သည် ကြီးများ အသင်းမှ ကိုယ်စားလှယ်များတက်ရောက် ခဲ့ကြပါသည်။ ဤနယ်စပ် ဂိတ်မှ ယာယီ နယ်စပ် ဖြတ်ကျော်ခွင့် လက်မှတ်များထုတ်ပေးမည် ဖြစ်ပြီး ဒေသခံ ပြည်သူ များလည်း အပြန်အလှန် ကူးလူး သွားလာ နိုင်ကြတော့မည် ဖြစ်သည်။ မြန်မာ နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ အကြားတွင် တရားဝင် နယ်စပ်ဂိတ် (၃) ခုသာ ရှိပါသည်။ ၄င်းတို့မှာ တာချီလိတ်၊ မြဝတီနှင့် ကော့သောင်း နယ်စပ် ဂိတ်တို့ ဖြစ်ကြပြီး ကရင်ပြည်နယ်မှ ဘုရားသုံးဆူ နယ်စပ်ဂိတ်၊ တနင်္သရီတိုင်းမှ မောတောင်နှင့် ထီးခီး နယ်စပ် ဂိတ်တို့သည် နောက် ပိုင်း၌ တိုးချဲ့  ဖွင့်လှစ် လာခဲ့ခြင်း ဖြစ်ပါသည်။ ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးသည် ပြီးခဲ့သည့်၂၀၁၁-၂၀၁၂ခုနှစ်၌အမေရိကန် ဒေါ်လာ ၃.၀၄၆ ဘီလျံ အထိ ရှိလာ ပြီး ၂၀၁၀-၂၀၁၁ ခုနှစ်တွင် ၁.၉ဘီလျံသာ ရှိသဖြင့် ခြောက်ဆယ် ရာခိုင်နှုန်း တိုးတက် လာကြောင်း တရားဝင် စာရင်းဇယားများနှင့်အစိုးရထုတ်ပြန် ချက်များ၌ ဖော်ပြထားပါသည်။ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်မှုတွင်မူ တာချီလိတ် နယ်စပ် စခန်းမှ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၄၅.၈၇၈သန်း ၊မြ၀တီ စခန်းမှ အမေရိကန် ဒေါ်လာ၂၄.၅၂၅ သန်းနှင့် ကော့သောင်း စခန်းမှ အမေရိကန်ဒေါ်လာ ၁၂၁.၉၀၉ သန်း၊ မြိတ်စခန်းမှ အမေရိကန်ဒေါ်လာ ၁၃၄.၉၉၂ သန်းကုန်သွယ်မှု ရှိခဲ့ကြောင်း နယ်စပ် ကုန်သွယ်ရေး ဦးစီး ဌာန၏ မှတ်တမ်း များအရ သိရသည်။ 

By ရွှေင်္ဟသာသတင်းဌာန

0 comments: