Thursday 2 May 2013

မြန်မာ ရွေ့ပြောင်း အလုပ်သမား ကလည်း ကမ္ဘာ့ အလုပ်သမားနေ့ အခမ်းအနား ကျင်းပ

မေလ ၂ ရက် ၂၀၁၃ မေလ၁ ရက်နေ့တွင် ကျရောက်သည့် ၁၂၃ ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ အလုပ်သမားနေ့အခမ်းအနားကို ထိုင်းနိုင်ငံ မဲဆောက်မြို့တွင်း၌ ယနေ့ နံနက် ၇ နာရီအချိန်တွင် မြန်မာ ရွေ့ပြောင်း အလုပ်သမားများ အခွင့်အရေးကို ဖော်ဆောင်မြှင့်တင်ပေးသည့် အလုပ်အဖွဲ့ MRPWG (Migrant Right Promoting Working Group) က ဦးဆောင် ကျင်းပ သွားခဲ့သည်ဟု အခမ်းအနား တက်ရောက်သူဦးချမ်းမြင့်နိုင် က ပြောပါသည်။ “ကျနော်တို့ MRPWG အလုပ်ဖွဲ့က အလုပ်သမားများ အခွင့်အရေးကို မြှင့်တင်ပေးနိုင်ဖို့အတွက် ဒီ အပြည်ပြည် ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားကိုပြုလုပ်ပေးခဲ့ တာပါ။ ဒီ အခမ်းအနား အတွင်းမှာ အလုပ်သမားများရဲ့ရပိုင်ခွင့်တွေ၊ ခံစားပိုင်ခွင့်တွေ ဘယ်လို ရှိတယ် ဆိုတာ ဖော်ထုတ်ပေးသွားခဲ့တယ်။” ဟု ဆိုပါသည်။ ယင်းအခမ်းအနားသည် MRPWG အဖွဲ့က ဦးဆောင်ပြီး မဲဆောက်မြို့ ထိုင်းလူဝင်မှုကြီးကြပ်ရေး ရုံး ဝင်း အတွင်း၌ နံနက် ၇ နာရီမှ ညနေ ၅ နာရီ အထိ ပြုလုပ်သွားခဲ့သည်။ ထိုင်းနိုင်ငံမဲဆောက်မြို့တွင်းမှ အလုပ်လုပ် နေကြသော မြန်မာ ရွေ့ပြောင်း အလုပ်သမားများ၊သက်ဆိုင်ရာ ထိုင်း အာဏာပိုင်များ၊ အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများ၊ CBO လူမှု အဖွဲ့အစည်းများနှင့် အလှူရှင်များ စုစုပေါင်း ( ၇၀၀) ဦး ခန့်တက်ရောက် ခဲ့သည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမား နေ့သည် လွန်ခဲ့သည့် ၁၈၉၀ ခုနှစ်က အမေရိကန်နိုင်ငံချီကာကိုမြို့ရှိ ကျောက်မီးသွေး တူးဖော်ရေး အလုပ်သမားများတို့က တစ်နေ့အလုပ်ချိန် ၁၄ နာရီ ခိုင်းခံရပြီး ကျန်းမာရေး စောင့်ရှောက်မှု မဲ့ရာကအလုပ်သမားများ ဆန္ဒပြ တောင်းဆိုပွဲ လုပ်ရာမှ ဖြစ်ပေါ် လာခဲ့သည်။ ယင်းအလုပ်သမားများ ဆန္ဒပြပွဲ အတွင်း၌ အသက်ပေါင်း များစွာ ပေးဆပ်ခဲ့ ရပြီးမှအောင်ပွဲ အဖြစ် တစ်နေ့ကို အလုပ်ချိန် ၈ နာရီ အလုပ်ရှင် ဘက်က သတ်မှတ်ပေးခဲ့ရသည်ဟု ဆိုပါသည်။ “ကမ္ဘာအရပ်ရပ်မှာရှိကြတဲ့ အလုပ်သမားတွေ အောင်ပွဲခံတဲ့နေ့ မေလ ၁ ရက်နေ့ကို မေးဒေးနေ့ဟုသတ်မှတ်ကာ နှစ်စဉ် ဂုဏ်ပြု ကျင်းပခဲ့တယ်။ အဲဒီလိုဘဲ ကျနော်တို့ MRPWG အဖွဲ့ကလဲ နှစ်စဉ် ကျင်းပ ပေးခဲ့တာပါ။” ဟု ဆိုပါသည်။ ဤစံနမူနာဖြင့် MRPWG အဖွဲ့တို့က ထိုင်းနိုင်ငံ မဲဆောက်မြို့ပေါ်ရှိ လာရောက် အလုပ်လုပ် နေကြသည့်မြန်မာ အရွေ့ပြောင်း အလုပ်သမားများကို အလုပ်သမား အခွင့်အရေးမြှင့်တင်ရန်ထိုင်းနိုင်ငံ၏ အခြေခံ လစာများ ၊ အလုပ်သမား အခွင့် အရေးများ၊ ကျန်းမာရေးစောင့်ရှောက်မှုများ ကို မေးခွန်းဖြင့် ဖော်ထုတ် ပေးခဲ့သည်။ လုပ်ငန်းဂွင်အတွင်း အခက်အခဲနှင့် ရင်ဆိုင်ရပါက MRPWG အဖွဲ့ကို မြန်မာ ရွေ့ပြောင်းအလုပ်သမားများ အတွက် ကူညီဖြေရှင်း ပေးရန် ဖွဲ့စည်း ပေးထားခဲ့ပြီး ဖြစ်သည်။ ရွှေဟင်္သာ

0 comments: