Sunday 10 February 2013

ထိုင်းမှ မြန်မာလုပ်သားများကို မှတ်ပုံတင်ရေး အရှိန်မြင့် ဆောင်ရွက်ရန် မြန်မာဝန်ကြီးတိုက်တွန်း

ဘန်ကောက်၊ ဖေဖော်ဝါရီ-၁၀ နောက်ဆုံးမှတ်ပုံတင်ရန် သတ်မှတ်ထားသည့် ရက်နီးကပ်လာ သည်နှင့်အမျှ ထိုင်းနိုင်ငံတွင်ရှိနေသော မြန်မာလုပ်သား တစ်သန်း ကျော်နှင့် ၎င်းတို့မှ ပေါက်ဖွားသော ကလေးငယ်နှစ်သိန်းခန့်ကို နိုင်ငံသားဖြစ်မှုစစ်ဆေးမှတ်ပုံတင်ခြင်းကိစ္စကို အရှိန်မြင့် ဆောင် ရွက်သွားရန် မြန်မာက ထိုင်းနိုင်ငံအားတိုက်တွန်းလိုက်သည်။ မြန်မာနိုင်ငံ အလုပ်သမားရေးရာ ဒုတိယ၀န်ကြီး ဦးမြင့်သိန်းသည်လည်း ထိုင်းနိုင်ငံသို့ ယမန်နေ့က ရောက်ရှိလာပြီး ရွှေ့ပြောင်းလုပ် သားသန်းပေါင်း များစွာအား ထိုင်းအစိုးရက မှတ်ပုံတင်ပြလုပ်ပေးနေမှုလုပ်ငန်းစဉ်ကို ကြည့်ရှုခဲ့သည်။ ထိုင်းနှင့် မြန်မာအာဏာပိုင်များသည် လုပ်သားများ၏ နိုင်ငံသားဖြစ်မှုကို စစ်ဆေးအတည်ပြုသည့် အထောက်အထားများ ထုတ်ပေးရန် ပူးပေါင်းလုပ်ဆောင်နေပြီး မှတ်ပုံတင် နောက်ဆုံးရက်ကို မတ်လလယ်ပိုင်းအထိ သတ်မှတ်ထားသည်။ မူလက ထုတ်ပေးထားသည့် ရွှေ့ပြောင်းလုပ်သားများအတွက် နိုင်ငံသားဖြစ်မှုစစ်ဆေးပေးမည့် နောက်ဆုံးရက်မှာ ၂၀၁၂ နှစ်ကုန်ဖြစ် သော်လည်း ထိုင်းအစိုးရက ယခုနှစ်မတ်လအထိ ထပ်မံရွှေ့ဆိုင်း ပေးခဲ့ခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံတွင် ယခုအချိန်ထိ မြန်မာရွှေ့ပြောင်းလုပ်သား ၁ ဒသမ ၂ သန်းခန့်ကို မှတ်ပုံတင်ပေးထားပြီး နောက်ထပ်တစ်သန်းခန့်မှာ မှတ်ပုံတင်ရန်ကျန်နေသေး ကြောင်း ၀န်ကြီးဦးမြင့်သိန်းက ခန့်မှန်းသည်။ ၎င်းက ထိုင်းနိုင်ငံ ရှိ မြန်မာလုပ်သားများမှ ပေါက်ဖွားသော ကလေးငယ်ဦးရေ နှစ်သိန်းခန့်ရှိနေပြီး ယင်းမှ ထက်ဝက်ခန့်မှာ ကျောင်းနေအရွယ် အသက် ၅ နှစ် အောက် ကလေး များဖြစ်ကြောင်း သတင်းရရှိသည်။
 ကိုးကား - The Nation 
By 7 Day News Journal

0 comments: