Sunday 3 February 2013

အိုမီကာ အပ်ချုပ်စက်ရုံ ဆန္ဒထုတ်ဖော်ခြင်း အောင်မြင်မှုရရှိ


 ဖေဖော်ဝါရီ (၁)ရက်နေ့က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ အိုမီကာအထည်ချုပ်စက်ရုံမှ မြန်မာအလုပ်သမား ၃၀၀ ခန့်သည် နေ့စားလုပ်အားခ တိုးပေးရန် တောင်းဆိုခဲ့ရာ ယမန်နေ့က ဘတ်ငွေ ၃၀ တိုးမြှင့်ပေးလိုက်ကြောင်း သိရှိရသည်။ ယမန်နေ့ နံနက် ၈ နာရီတွင် အိုမီကာ အထည်ချုပ် စက်ရုံမှ အလုပ်သမားများနှင့် စက်ရုံသူဌေး အစည်းအဝေး ပြုလုပ်၊ ဆွေးနွေးခဲ့ကြပြီး ညနေ ၄ နာရီကျော်တွင် အလုပ်သမား တစ်ဦးချင်းစီကို နေ့စားခအဖြစ် ဘတ် ၃၀ စီ တိုးမြှင့်ပေးလိုက်ခြင်းဖြစ်သည်။ အလုပ်သမားတစ်ဦးက " ဟုတ်ပါတယ် မနေ့က မနက် ၈ နာရီကျော်မှာ စက်ရုံတစ်ရုံလုံးက အလုပ်သမားတွေ အကုန်လုံးကို တစ်ယောက်ကို ဘတ် ၃၀ စီ တိုးပေးမယ်လို့ သူဌေးက ခေါ်ပြီးပြောပါတယ်။ သူပေးတဲ့ ဈေးနှုန်းနဲ့ မလုပ်နိုင်လို့ အလုပ်ထွက်မယ်ဆိုရင်လည်း ပတ်စပို့တွေကို သူ့ဖက်က အသာတကြေပေး မယ်လို့ ပြောတယ်။ " ဟု ပြောသည်။ ဖေဖော်ဝါရီ (၁)ရက်နေ့က အလုပ်သမားများအား လက်ရှိနေ့စားခကို မတိုးပေးတော့ပဲ အထည်အရေ အတွက်ကိုလိုက်၍ ပိုက်ဆံရှင်း (အထည်ကောက်) ပေးမည်ဟု ဆိုသဖြင့် အလုပ်သမား ၃၀၀ ခန့်က ဆန္ဒထုတ်ဖော်ခဲ့သောကြောင့် ဆွေးနွေးညှိနှိုင်းကာ လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
By Arakan Times

0 comments: