Monday 21 January 2013

မိန်းကလေးငယ်များသတ်ဖြတ်ခံခဲ့ရသည့်အတွက် ဂွါတီမာလာတစ်နိုင်ငံလုံးထိတ်လန့်တုန်လှုပ်နေ

ဂွါတီမာလာ၌ အသတ်ခံရသည့် မိန်းကလေးလေးဦးတို့၏ အလောင်းများကိုတစ်ညတည်းတွင် တွေ့ရှိအပြီးတွင် တစ်နိုင်ငံလုံးထိတ် လန့်တုန်လှုပ်နေပြီး ဂွါတီမာလာရဲအဖွဲ့ကလည်းထိုအမှုကိုစုံစမ်းစစ် ဆေးမှုများပြုလုပ်လျက်ရှိနေကြောင်းသိရသည်။ အသတ်ခံရသည့် မိန်းကလေးတို့အနက် နှစ်ဦးမှာဆယ်ကျော်သက် အရွယ်များဖြစ်ကြပြီးအသက် ၆ နှစ် နှင့် အသက် ၁၂ နှစ်အသီးသီးရှိကြကြောင်း၊ သေဆုံးချိန်တွင် ညအိပ် အဝတ်အစားဖြင့် ဖြစ်ကြကြောင်း၊ လည်ပင်းအညှစ်ခံရပြီးသေဆုံးခဲ့ သည့် လက္ခဏာများရှိကြောင်းသိရသည်။ ယခုအချိန်တွင် ဂွါတီမာလာရဲအဖွဲ့သည် ထိုလူသတ်မှုလေးခုသည် တစ်ခုနှင့်တစ်ခုဆက်စပ်မှု ရှိမရှိကိုဖော်ထုတ်နိုင်ရန်ကြိုးစားနေကြောင်းသိရသည်။ ဂွါတီမာလာအစိုးရစာရင်းအင်းများအရ ၂ဝ၁ဝ ပြည့်နှစ် တွင် ဂွါတီမာလာ၌ အသတ်ခံခဲ့ရသည့် အမျိုးသမီးအရေအတွက်မှာ ၆ဝဝ ကျော်ရှိကြောင်းသိရသည်။ အသတ်ခံရသူမိန်းကလေးငယ်နှစ်ဦး၏ ရုပ်အလောင်းများကို ပြီးခဲ့သောဗုဒ္ဓဟူးနေ့ အစောပိုင်းတွင် တောင်ပိုင်းဂွါတီမာလာမြို့ တော် ဇိုနာ ၁၁ ရပ်ကွက်လမ်းများထက်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထို့အတူအခြားအသတ်ခံခဲ့ရသည့် အမျိုးသမီးနှစ်ဦး၏ ရုပ်အလောင်းများကိုလည်းထိုဒေသတွင် တွေ့ရှိ ခဲ့ခြင်းဖြစ်သည်။ ထိုအမျိုးသမီးနှစ် ဦးမှာအသက် ၂ဝ မှ ၃၅ နှစ်အတွင်းဖြစ်ကြပြီးယင်းတို့အနက် တစ် ဦးမှာမျက်နှာကိုသေနတ်ဖြင့် အပစ် ခံရပြီးသေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ By Messenger News Journal

0 comments: