Monday 7 January 2013

၂၀၁၃ နှစ်သစ်ကူးအချိန်ကာလအတွင်း ထိုင်းနိုင်ငံအနှံ့ ထိခိုက်သေဆုံးမှုစါရင်း

ထိုင်းနိုင်ငံတွင် ပျော်ပွဲရွှင်ပွဲ အဖြစ် စည်ကား သိုက်မြိုက်စွာ နိုင်ငံနှင့်အ၀ှန်း ကျင်းပလေ့ ရှိသည့် နှစ်သစ်ကူး (ပီမိုင်) တွင် ယခုနှစ် ဒီဇင်ဘာ ၂၆ မှ ၃၁ ရက်နေ့ အထိ သေဆုံးသူပေါင် = ၂၅၄ ဦး ရှိပြီး ဒဏ်ရာ ရသူပေါင်း = ၂၄၅၄ ဦး ရှိကြောင်း ထိုင်း ဘာသာဖြင့် ထုတ်ဝေသည့် inn news တွင် ရေးသား ထားသည်။ ယမန်နှစ်က သေဆုံးသူ ဦးရေ = ၂၈၂ ဦးနှင့် ဒဏ်ရာရသူပေါင်း ၂၇၈၃ ဦးအထိ ရှိခဲ့သဖြင့် ယခု နှစ်တွင် အသေအပျောက် အထိအခိုက် နည်းပါးသည် ဟု ဆိုနိုင်ကြောင်း ရေးသားဖေါ်ပြ ထားသည်။ ထိုင်းနိုင်ငံတွင် သင်္ကြန်ကာလနှင့် ပီမိုင် ကာလ တို့တွင် အပျော်အပါးကို လွန်မင်းစွာ ပျော်ပါး တတ်ကြသဖြင့် နှစ်စဉ် ရာချီ သေဆုံးပြီး ထောင်နဲ့ချီ၍ ထိခိုက်ဒဏ်ရာ ရရှိလေ့ရှိကြောင်း နောက်ခံ သတင်းများအရ သိရှိရသည်။ By ရွှေလုပ်သား

0 comments: