Wednesday 16 January 2013

အစိုးရအဖွဲ့မှ ရွှေ့ပြောင်းအလုပ်သမားများအား မှတ်ပုံတင်ရန် ရက်တိုးပေး

၁၅ရက်နေ့တွင် ထိုင်းနိုင်ငံ အစိုးရအဖွဲ့မှ တရားမ၀င်ရွှေ့ပြောင်းနေထိုင်သူများ မှတ်ပုံတင်နိုင်ရန်အတွက် မူလသတ်မှတ်ထားသည့် ရက်ထက် ၃ လထပ်မံ တိုးပေးခဲ့ကြောင်းသိရသည်။ ‘ဗမာနိုင်ငံ၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ နှင့် ကမ္ဘောဒီယားနိုင်ငံ တို့ကနေ ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ ကွပ်ကဲရေးကော်မတီမှာအဆိုပြုချက်အရ တရားမ၀င်လာရောက်နေထိုင်သူများထဲမှ မှတ်ပုံမတင်ရသေးတဲ့သူတွေနဲ့ နှင့် သူတို့ ရဲ့ အသက် ၁၅ နှစ်အထက်ကလေးများအား မှတ်ပုံတင်နိုင်အောင်လို့ အခုလို ၃လသက်တမ်းတိုးပေးတာဖြစ်တယ်’ လို့ ထိုင်းနိုင်ငံ အစိုးရပြောရေးဆိုခွင့်ရှိသူ တိုစပွန် စီရီရက် ကပြောခဲ့ပါသည်။ တိုစပွန် စီရီရက် ရဲ့အဆိုအရ တရားမ၀င်လာရောက်နေထိုင်သူများ ယာယီနေထိုင်ခွင့်(Temporary Passport)လျောက်ထားခြင်းကို ဆက်လက် လက်ခံလျက်ရှိမည်ဖြစ်ကြောင်းသိရသည်။ ‘အခုထပ်တိုးပေးထားတဲ့ ၃ လထဲမှာတော့ တရားမ၀င်ရွှေ့ပြောင်းနေထိုင်သူတွေ ထိုင်းနိုင်ငံမှာ ဆက်လက်နေထိုင်နိုင်တယ်။ လက်ရှိအလုပ်လုပ်နေတဲ့ သူဌေးဆီမှာ အလုပ်ဆက်လုပ်နိုင်ပါတယ်’ ဟတိုစပွန် စီရီရက် ကထည့်သွင်းပြောဆိုခဲ့ပါသည်။ ထိုင်းအစိုးရအဖွဲ့မှ ချမှတ်ခဲ့သော ဆုံးဖြတ်ချက်သည် ၁၅ ရက်မှစပြီးးအကျုံးဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။ By YCOWA

0 comments: